08 April 2015

“မိသားစု ၁၁ဦး ကိစ္စအတွက် MAT ဆက်လက်ဆောင်ရွက်ဆဲ”




၂၀၁၅ ခု ဧပြီလ ၈
ဆန်းဦး
            လုပ်ငန်းရှင်စွန်ပစ်ထားသည့်  မိသားစု ၁၁ဦးအား တင်ဆောင်၍ အမှုဖြစ်ပွားရာနယ်မြေသို့ MAT
 အဖွဲ့က ယမန်နေ့ကသွားရောက်ဖြေရှင်းခဲ့ကြောင်းသိရသည်။

             မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၏ မေတ္တာရပ်ခံစာ (သံရုံးစာ)   နှင့်အတူ MAT  အဖွဲ့သားများနှင့်မိသားစုဝင် ၁၁ ဦးတို့သည် ယမန်နေ့က ကန်ချနဘူရီ ဘော်ဖွယ် အလုပ်သမားရုံးသို့ သွားရောက်၍ အရေးဆိုခဲ့သည်။

       အလုပ်သမားရုံးက ကြံခင်းလုပ်ငန်းရှင်အား ခေါ်ယူစစ်ဆေးရာတွင် ၎င်းတို့ပိုင်ဆိုင်သည့် ရာဘာ တောကို အလုပ်လုပ်ရန် ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
 MAT အဖွဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဦးစိုင်းအေး က“ အလုပ်ပြောင်းတယ်ဆိုရင် အလုပ်သမားတွေ ချက်ပြုတ်စားသောက်ဖို့ အိုးခွက် ပန်းကန်တွေပါရမယ်။ အလုပ်သမားတွေ နေထိုင်ဖို့ အမိုးအကာရှိတဲ့   တဲ   ဖြစ်ရမယ်။ ခုအဲဒီလိုမှမဟုတ်တာ။ အိုးမပါခွက်မပါ အမိုးမရှိတဲ့ တဲစုတ်မှာ သေနတ်ပြပြီးစွန့်ပစ်ခဲ့တာ။ အလုပ်သမားကို ခိုင်းစဉ်တုန်းက တစ်နေ့ကို ဘတ် ၁၀၀ပဲပေးတယ်။ နှစ်ချီပြီးလည်းခိုင်းထားပြီ။ ဒါတွေကို တင်ပြခဲ့တယ်။ အမှုကြာမယ်၊ ခရီးကဝေးတယ်၊ နောက်လည်းသွားရအုံးမယ်" ဟုပြောသည်။

MAT အဖွဲ့သားများသည် ကန်ချနဘူရီ ဘော်ဖွယ် အလုပ်သမားရုံး၏ လမ်းညွန်မှုနှင့်အတူ ဘော်ဖွယ်ရဲ စ ခန်း သို့လည်း သွားရောက်ခဲ့ကြသည်။ ကားတိုက်သေဆုံးသွားသည့် ကလေး၂ယောက်မှာ ၎င်းတို့ ရဲစခန်း အပိုင်တွင်မဟုတ်ပဲ ကန်ချနဘူရီခရိုင် ထနုန်ထို ရဲစခန်းတွင်ဖြစ်ကြောင်း လမ်းညွှန်လိုက်သည်။
             ယခုအခါ စွန့်ပစ်ခံမိသားစုဝင် ၁၁ ဦးတို့အား MAT အဖွဲ့ မဟာချိုင်ရုံးတွင် စောင့်ရှောက်ကျွေးမွေး
ထားကြောင်းသိရှိရသည်။