28 April 2015

“မဟာချိုင်ပုလိပ်ဖမ်းဆီခံရသည့်တရားဝင်အလုပ်သမား၂ဦးအား MAT ကယ်ထုတ်”




၂၀၁၅ ခု ဧပြီလ ၂၈ ရက်နေ့

စောမောင်         ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရဲစခန်းတွင် ပတ်စပို့ရှိလျှက် နှင့် ဖမ်းဆီးငွေတောင်း ခံနေရ သည့်  မြန်မာအလုပ်သမား ၂ဦး တို့အား MATအဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရသည်။    မဟာချိုင်မြို့၌ ဆွေးမျိုးသားချင်းတစ်ဦ၏ နာရေးသို့လာရောက်ပြီး မိမိနေထိုင်ရာ ပထုံဌာနီ၊ သလာဒ်လုံး ကရောက်သို့မဟာချိုင်ဈေးကြီးကားဂိတ်မှ ပြန်ရန်ကားစောင့်နေစဉ် မဟာချိုင်ပုလိပ်များက ဖမ်းဆီးခဲ့သည်။ ၀ပ်ပါမစ်၌ အလုပ်ရှင်နာမည်မတူဟု အကြောင်းပြပြီးမဟာချိုင်ရဲစခန်းသို့ဖမ်းခေါ်သွားပြီး ဘတ်ငွေ ၁,၀၀၀ ပေးရန်တောင်းရာ ၎င်း၌ ငွေမရှိသဖြင့်MATအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်အကူညီတောင်းခံခဲ့သည်။

 MAT(မဟာချိုင်ရုံ တာဝန်ခံ) ကိုအောင်ဆန်းဦးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုစောမောင် တို့မှ သွားရောက်ကူညီပေးခဲ့ပါသည်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မြောက်သူဌေးကုန်ကျေးရွာနေ မမြကြာဖြူ က “ကျမတို့ဆွေမျိုးသားချင်း တစ် ယောက်နာရေးရှိလို့ လာရောက်ကူညီပေးပြီးပြန်မလို့ ကားဂိတ်မှာ ကားစောင့်နေတုန်  မဟာချိုင် ပုလိပ် တွေရောက်လာပြီး ပက်စပိုစ့်တွေစစ်တယ်ကျမအမျိုးသားရဲ့ ၀ပ်ပါမစ်တော့ အလုပ်ရှင်နာမည် တူတယ် ဘာမှမဖြစ်ဘူးပေါ့။ ကျမက လက်တလောအလုပ်မရှိတော့ ၀ပ်ပါမစ်မှာ အလုပ်ရှင် နာမည်မတူဘူး ဘတ်ငွေ ၁,၀၀၀ပေးရမယ်ပြောတယ်။နာရေးကနေပြန်လာတော့ လက်ထဲမှာလည်း ငွေက လမ်းစရိတ်ေ လာက်ပဲကျန်တော့တာမို့ အခက်ခဲအရမ်းဖြစ်နေတာနဲ့ MATအဖွဲ့က လာကယ်လို့ ငွေမကုန်ပဲ ပြန်လွတ် လာပြီ” ဟုပြောသည်။           MATအဖွဲ့သားများမှ မမြကြာဖြူအား သွားရောက်ကယ်ထုတ်စဉ် သူမတို့နှင့်အတူ အဖမ်းခံထားရ သည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ခဲမောက်ကျေးရွာမှ မောင်မြတ်ထွန်းနောင် အား ၀ပ်ပါမစ် မရှိသဖြင့် ဖမ်းစီးခံရနေသဖြင့်  ၎င်းကိုပါ ကယ်ထုတ်နိုင်ခဲ့ကြသည်။  

MAT မဟာချိုင် ရုံးတာဝန်ခံ ကိုအောင်ဆန်းဦး က “ကျနော်တို့သိရင်တော့ အတတ်နိုင်ဆုံး ကျနော်တို့ ကယ် ထုတ်နိုင်ပေမယ့် ကျနော်တို့ မသိပဲ နေတိုင်းအဖမ်းခံနေရသူတွေ မဟာချိုင်မှာရှိတယ်။ ပတ်စပို့ရှိတဲ့ အလုပ် သမားတစ်ယောက် လမ်းသွားလို့ ပုလိပ်ဖမ်းနေတာကိုက မှားနေတယ်။ အောက်ခြေမှာ ဒီလိုအကျင့်ပျက်နေ တာကို ထိုင်းနဲ့မြန်မာအစိုးရ အပေါ်ပိုင်းက ထိထိရောက်ရောက်အရေးယူမှ အမြစ်ပြတ်မှာ” ဟုအကြံပြုပြော ဆိုသည်။