10 April 2015

“လုပ်ငန်းရှင်မတရားဖြတ်တောက်ငွေ ဘတ်သုံးသိန်းကျော်ရပြီ”




၂၀၁၅ ဧပြီလ ၁၀


စောမြတ်ချို
           မြန်မာအလုပ်သမားများထံမှ ဖြတ်တောက် ထားသည့်ဘတ်ငွေသုံးသိန်းကျော်အားMATအဖွဲ့၏   ကူညီဆောင်ရွက်ပေးမှုဖြင့် စမွတ်စာခွန်ခရိုင်၊မဟာ ချိုင်မြို့နယ်မှ ပုဇွန်မုန့်ထုတ်လုပ်သည့် CRYSTAL အလုပ်ရုံက ယနေ့ပြန် လည်ပေးချေလိုက်ပြီဖြစ်ြေ ကာင်းသိရသည်။

           ၂၀၁၅ ခုနှစ်ဖေဖေါ်ဝါရီလ ၅ ရက်နေ့က မဟာချိုင် ဆ၀ါဒီကန်ရုံးတွင် မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့ အတွင်းရေးမှူး ဦးခိုင်ကြီးက အလုပ်သမား၁၄၆ ဦးအတွက် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

           ယနေ့ ငွေများပြန်လည်ပေး အပ်ရာတွင် မဟာချိုင်အခြေစိုက် အခြားအဖွဲ့ မှ တိုင်ကြားထားသူ ၃၇ ဦးမရောက်ရှိလာခဲ့သလို MAT အဖွဲ့မှ တိုင်ကြားသူ၁၀၉ ဦးအနက် မြန်မာပြည်သို့ ခေတ္တပြန်သွားကြသူ၁၄ ဦးမှာ ပြန်ရောက်လာသည့်အခါမှ ကိုယ်တိုင်လက်ခံယူကြရမည်ဖြစ်ပါသည်။

MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီးက “အလုပ်သမားတွေညီညွတ်ကြရပါမယ်။ အချိန်တော့နဲနဲပေးရတယ်။ အချက်အလက်အပြည့်အစုံနဲ့ ကျနော်တို့ဆီကိုလာခဲ့ပါ။ အတတ်နိုင်ဆုံးကူညီပေးမယ်။ မဟာချိုင်မှာ ကျနော် တို့ ဖြေရှင်းလိုက်တဲ့အမှုတွေ အများကြီဖြစ်သွားပြီ။ တရားဝင်အလုပ်သမားတွေကို မဟာချိုင်ပုလိပ်တွေ ဖမ်းစားရင် ကျနော့်ကိုဖုန်းဆက်ပါ။ နေ့တိုင်း ကျနော်တို့ခေါ်ထုတ်ပေးနေတယ်” ဟုပြောသည်။


       ဘန်ကောက်မြို့အနီး မဟာချိုင်မြို့တွင်မြန်မာ  အလုပ်သမားသိန်းချီရှိကြောင်း အလုပ်သမားအရေး   ဆောင်ရွက်သူများကပြောသည်။ 

      ယခင်ကာလများစွာက မဟာချိုင်မြို့မှ ထိုင်းရဲ   များသည်  မြန်မာအလုပ် သမားများအား ကွန်ပျူတာ ကိုင်သဖြင့်ငွေတောင်းခြင်း၊ ချဲစာရွက်ဟုဆိုကာ ဖမ်းဆီးငွေတောင်းခြင်း၊ ၀တ်ပါမစ် မပါဟုဆိုကာ ဖမ်းဆီးငွေတောင်းခြင်း၊ ကွမ်းစားသည်ဆိုကာ   ငွေတောင်းခြင်းများအပြင် အခြားသော နည်း အမျိုးမျိုးဖြင့် ဖမ်းစားလေ့ရှိခဲ့ပါသည်။ ယနေ့တိုင်လည်းရှိဆဲဖြစ်သည်။