30 April 2015

“ဆေးကုသခံနေရာမှ ဒုတိယမြောက်အလုပ်သမားတစ်ဦးထပ်မံသေဆုံး”




၂၀၁၅ ဧပြီလ  ၃၀ ရက်

ဆန်းဦး
         ကားမှောက်ဒဏ်ရာဖြင့် အရေးပေါ်ခန်းတွင်ေ ဆးဝါးကုသနေရာမှ ယနေ့ညနေက နောက်ထပ် အလုပ်သမားတစ်ဦးကွယ်လွန်သွားခဲ့ကြောင်းသိရှိရ သည်။
          မဟာချိုင် ၁ ဆေးရုံတွင် အရေးပေါ်ဆေးဝါးကု သမှုခံနေသူဖြစ်သော ရန်ကုန်တိုင်း သာကေတမှ အဖ ဦးအောင်စိုး ၏သား အသက် ၁၉ နှစ်အရွယ် ကိုမင်းသူအောင်သည်  ယနေ့ညနေ ၆နာရီ ၅မိနစ်က ကွယ်လွန်သွားခဲ့သည်။ ဖခင်ဖြစ်သူမှာ သားအနား တွင် စောင့်ရှောက်ပြုစုခွင့်ကြုံခဲ့သည်။

          ယနေ့နေလည်က (မပု (ခ) ခင်ချိုဆင့် ၃၁ နှစ်   နှင့် မနုနု(ခ)စာဥ ၂၅နှစ် တနင်းသာရီတိုင်း၊ ပုလော မြို့နယ်၊ စပူပြင်ကျေးရွာ။ မသီတာလွင် ၂၈နှစ် မွန်ပြည် နယ်၊ ချောင်းဆုံမြို့နယ်၊  တို့အား ကာယကံရှင်မိသားစု များအစီအစဉ်ဖြင့် မဟာချိုင်လူမှုအဖွဲ့အစည်းများဝန်းရံကာ မဟာချိုင် ၀တ်ယိုင် ဘန်းဘော် ဘုန်းကြီး ကျောင်းတွင် ယနေ့နံနက်က သင်္ဂြိုလိုက်ပြီဖြစ်ကြောင်း MAT အဖွဲ့အတွင်းရေးမှူး ကိုခိုင်ကြီးကပြောသည်။
          အလုပ်မှ ပြန်လာသည့်အလုပ်သမားများတင်ဆောင်လာသည့်ကားသမားမဆင်မခြင်မောင်းနှင်ခြင်းကြောင့်
ဧပြီလ ၂၇ ရက်ညနေ၉နာရီခန့်က မြန်မာအလုပ်သမားများ ၉ဦးသေဆုံးခဲ့ရပြီး ယမန်နေ့ညနေ ၆နာရီခန့်က ဆေးရုံတွင် တစ်ဦးထပ်မံသေဆုံးခဲ့သည်။ ယခု တစ်ဦးပါဆိုလျှင် ကားမှောက်ခြင်းကြောင့်   မြန်မာအလုပ်သမား ၁၁ဦးသေဆုံးခဲ့ပြီဖြစ်သည်။