24 April 2015

“အလျူမီနီယံစက်ရုံအလုပ်သမား၉ဦးအခက်အခဲပြေလည်သွားပြန်ပြီ”




၂၀၁၅ ဧပြီ ၂၄
ဆန်းဦး
            ပတ်စပို့လုပ်ရန်အတွက်ဟုဆိုကာငွေကြေးဖြတ်တောက်ထားပြီး၊ အလုပ်ထုတ် ခံရသည့် အလုပ်သမား ၉ဦး၏အခက်အခဲအား MAT အဖွဲ့က ယနေ့ချက်ခြင်းအကူညီပေးအောင်မြင် လိုက်သည်။ 

          ဘန်ကောက်မြို့မြောက်ဘက် စမွန်ဆာခွန်ခရိုင်၊ ကထုန်ဘန်မြို့နယ်၊ ခဲလှိုင်ရပ်ကွက် အမှတ် ၁၈၅ /၃၀ တွင်ရှိသော Plan Aluminum Delta Manufacture ကုမဏီ က အလုပ်သမားတစ်ဦးလျှင် ပတ်စပို့လုပ်ရန် အတွက်ဟု ဆိုကာ အနည်းဆုံး၁၂,၀၀၀ဘတ်ငွေ ၁၃,၅၀၀ဖြတ်တောက်ထားခဲ့သည်။

           ဘတ်ဆက်ရန်အချိန်လွန်သွားမည်ကို စိုးရမ်သဖြင့် အလုပ်သမားများက မန်နေဂျာမှတစ်ဆင့် တင်ပြ ရာ အလုပ်သမားများအား အလုပ်ထုတ်ပစ်ပြီး ကြိုက်သည့်နေရာသွားတိုင်ဟု ရိုင်းပြစွာပြော ဆိုလိုက်ကြောင်း အလုပ်သမားများကပြောသည်။
အလုပ်သမား ကိုမျိုးမင်းလတ် က စဉ်းစားကြည့်ကြလေ၊ သူများတိုင်းပြည်မှာ ငွေလည်းဖြတ်ထားပြီး   နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်  လည်းဆက်မပေး၊ တိုင်ချင်တဲ့နေရာသွားတိုင်တဲ့၊ အနိုင် ကျင့်ခံရတာ။MATအဖွဲ့လိုအဖွဲ့ တစ်ခုရှိလို့ပေါ့။ နေချင်းပေါက် ပြေလည်သွားတယ်။ ကျေးဇူးတင် ပါတယ်ဗျာ” ဟုပြောသည်။

        ကထုန်ဘန် ဆာဝါဒီကန်ရုံး(ထိုင်းအစိုးရအလုပ်သမားပြဿ      နာဖြေရှင်းရေးရုံး) ကကြိုတင်မပြောဆိုပဲ အလုပ်ထုတ်သဖြင့် တစ်လစာပေးလျှော်စေခဲ့သည်။ အလုပ်သမားများ၏ ဘတ်များ အား လာမည့်တနင်္လာေ န့တွင်  ဆက်ပေးပြီး ငွေများကို လကုန်တွင်ပြန်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူက လက်မှတ်ရေး ထိုးခဲ့သည်။

            ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အဖွဲ့ ဒါရိုက်တာ   ဦးကျော်သောင်း က “ ဘတ်လုပ်ငန်းစဉ်တို့ ပတ်စပို့လုပ်ငန်းစဉ်တို့ကို ထိုင်းအလုပ်ရုံမှာ လုပ်နေကြတဲ့ အလုပ်ကြပ်ဝဏ္ဏတွေကလုပ်စားတတ်သွားပြီး၊ဗမာပွဲစားတွေနဲ့ပေါင်းပြီး မြန်မာအလုပ်သမားတွေဆီက
 ငွေအများကြီး ကြိုပြီးကောက်ထားတယ်။ ခုကျနော်တို့ဆီကို ရောက်လာသမျှ ပြဿ      နာတွေကိုတော့
အတတ်နိုင်ဆုံးရှင်းပေးပါတယ်။ ဘတ်ဆက်မယ့်သက်တမ်းကုန်သွားသည့်တိုင် အောင် အလုပ်သမားတွေကို ဘတ်ဆက်မပေးပဲတရားမ၀င်အလုပ်သမားဖြစ်အောင် တမင်းလုပ်လိုက်ပြီးမှ တရားမ၀င်အလုပ်သမားဆိုပြီး လုပ်ငန်းရှင်တွေ ခြိမ်းခြောက်တဲ့ အစဉ်အလာတွေရှိခဲ့ဖူးပါတယ်” ဟု စိုးရိမ်ကြီးစွာပြောသည်။

         ထိုင်းနိုင်ငံသည် နိုင်ငံခြားမှလာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ် သမားပေါ်တွင်အမှီပြု၍ စက်ရုံအလုပ်ရုံများကို  လည်ပတ်သော်လည်း ထိုအလုပ် သမား များထံမှ နည်းအမျိုးမျိုးဖြင့် နည်းလမ်းမကျပဲ အကျိုးအမြတ်ရှာမှုများ စွာရှိပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ အလုပ်သမားေ ပါင်း ငါးသန်းခန့်ရှိ သည်။ထိုအထဲတွင်မြန်မာအလုပ်သမားက၈၅ရာခိုင်နုန်းဖြစ်သည်။

 နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများအနက် မြန်မာအလုပ်သမားများ၏ အခြေ အနေမှာ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ အလုပ်သမားများကဲ့သို့ မိမိတို့အစိုးရ၏ ကူညီစောင့်ရှောက်မှုမတူညီကြောင်း   MAT အဖွဲ့ကဆိုသည်။