08 April 2015

“ဆင်ခြင်မဲ့တဲ့မိန်းကလေး ကံကောင်းလို့ရေတိမ်မနစ်တယ်”



                  
၂၀၁၅ ဧပြီလ ၈

ကိုတီး
                 လူချင်းမမြင်တွေ့ဖူးပဲ လက်ကိုင်ဖုန်းဖြင့် ရည်စား စကားပြောဆိုသည်ကိုယုံကြည်ကိုး စား၍ ယောက်ျားခေါ်ဆောင် ရာနေရာသို့ လိုက်ပါလာသည့် မိန်းကလေးငယ်တစ်ဦးအား MAT အဖွဲ့က အချိန် မီကူညီနိုင်ခဲ့သဖြင့် ရေတိမ်မနစ်ခဲ့ကြောင်းသိရသည်။
           မဲဆောက်တွင် အလုပ်လုပ်ကိုင်သော အသက် ၂၁ နှစ် အရွယ် မိန်းကလေး ငယ်တစ်ဦးသည် အသိတစ်ဦးဆက်သွယ်ပေးချက်အရ အမျိုးသားတစ်ဦးနှင့် ရည်ငံကာ သမီးရည်းစားဖြစ်ခဲ့သည်ဟုဆိုသည်။  ယောက်ျားကောင်လေးက လက်ထပ်ယူမည်ဟု ပြောဆိုသည်ကို ယုံကြည်သဖြင့် စာရာဘူရီ ခရိုင်အတွင်းမှ မွေ့ရာအလုပ်ရုံတစ်ခုသို့ မတ်လ ၁၀ ကတည်းက အမျိုးသမီးငယ်ရောက်လာခဲ့ခြင်းဖြစ်သည်။

           သူမ ရောက်ရှိလာသည့်အခါ ဖုန်းဖြင့် ရည်ငံသည့် ရည်းစားနှင့် မတွေ့ရပဲ ရည်းစား၏ အစ်မနှင့် တူမဖြစ်သူတို့က အတင်းအဓမ္မပေးစားရန် တံခါးပိတ်ထား ကြောင်း အဒေါ်ဖြစ်သူ ထံသို့ ဆက်သွယ် အကြောင်းကြားလာခဲ့သည်။

ဘူရီက စက်ရုံတခုမှာကောင်မလေးတယောက်ရောင်းစာခံထားရတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း   ကော့ပငန်းကျွန်းတွင် အလုပ်လုပ်ကိုင်နေသော အဒေါ်ဖြစ်သူ ………..က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံလာခဲ့ခြင်းဖြစ်သည်။

         ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးငယ်က “သမီးကို သူ့အသက် ၂၃ နှစ်ရှိပြီပြောတယ်။ လက်ထပ်မယ့်ပေါ့။  ဒီကိုရောက်တော့အသက်၄၀ကျော်နေပြီ။ကလေး၃ ယောက်ရှိတဲ့ဖခင်တစ်ယောက်ပါ။
 ခြေထောက် တစ်ဖက်လည်း မသန်ဘူး။ သမီးလိုအဖြစ်မျိုး မကြုံရအောင် အမျိုးသမီးလေးတွေ သတိထား ပါလို့ သမီးပြောချင်တယ်။ MAT အဖွဲ့က လာခေါ်လို့ ကံကောင်းလို့ သမီးလွတ်လာတာ” ဟုပြောသည်။

           ယခုအခါ အမျိုးသမီးငယ်အား အဒေါ်ဖြစ်သူက မြန်မာပြည် နေရပ်ရင်းမိဘများထံ သို့ ပြန်လည်ပို့ ဆောင်နေပြီဖြစ်သည်။