13 April 2015

MATအဖွဲ့မှ နိုင်ငံခြားဆက်ဆံရေးနှင့်ဘန်ကောက်ရုံးတာဝန်ခံ ကိုစိုင်းအေး(ခ)ကိုတီး ဆိုင်ကယ်တိမ်းမှောက်သဖြင့် အထူးစိုးရိမ်းရ


အလုပ်ကိစ္စဖြင့် မြ၀တီမြို့သို့ ခေတ္တခဏရောက်ရှိနေသူ MATအဖွဲ့မှ ကိုစိုင်းအေး (ခ)ကိုတီး ( နိုင်ငံခြား ဆက်ဆံရေးနှင့်ဘန်ကောက်ရုံးတာဝန်ခံ ) သည် ယနေ့ညနေ ပိုင်တွင်း မြ၀တီမြို့၌ ဆိုင်ကယ်တက္ကစီဖြင့်အလုပ်ကိစ္စရှိရာသို့ သွားရောက်စဉ် လမ်းခရီး၌ ဆိုင်ကယ်အက်စီဒင့်ဖြစ်ပွားခဲ့ရာ အတွင်းဒဏ်ရာများ ပြင်းထန်းစွာရရှိခဲ့ပြီး အခင်းဖြစ်ပွာရာနေရာ၌ပင် သတိလစ်သွားခဲ့ပါသည်။


ထို့နောက် မြ၀တီဆေးရုံသို့ ပို့ဆောင်း၍ ဆေးကုမှုပြုလုပ်သော်လည်း အခြေနေမှာ အထူးစိုးရိမ်းရသဖြင့် မယ်ဆောက်အပြည်ပြည်ဆိုင်ရာ ဆေးရုံးသို့ အရေးပေါ် လူနာဖြစ်ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေသော် လည်း ယခုအချိန်ထိသတိ လစ်နေဆဲဟု သိရှိရပါသည်။

ယခုအခါ MATအဖွဲ့များအားလုံးသည် ကိုစိုင်းအေး(ခ)ကိုတီးအား ဆေးကုသ မှုပေးနေ သည့် မဲဆောက် အပြည်ပြည်ဆိုင်ရာသို့ အဆောတလျင်သွားရောက်နေကြသည်ဟု သိရှိရပါသည်။