21 April 2015

“ယုတ်မာတဲ့ထိုင်းလုပ်ငန်းရှင်နဲ့အလုပ်သမား၃၀ဦးပြဿ နာစရှင်း”



                     
၂၀၁၅ ဧပြီလ ၂၁ ရက်
မြတ်ချို+ဆန်းဦး

      ဘန်ကောက်မြို့အနီး ဘန်ဘော်ဟမ်း တွင်ရှိသော မြေထည်လုပ်ငန်းအလုပ်ရုံတစ်ခုမှ အလုပ်သမား ၃၀ဦး တို့ထံမှ ဘတ်နှင့်ပတ်စပို့လုပ်ရန်အတွက်ဟု ဆိုကာ ဖြတ်တောက်ထားသည့် ဘတ်ငွေလေးသိန်းခွဲ အား ပြန်လည်မပေးချင်သဖြင့် အလုပ်သမားများအား ထိုင်းရဲကိုဖမ်းခိုင်းခဲ့ရာ MAT အဖွဲ့က ယနေ့ ကိုင်တွယ်ဖြေ ရှင်းပေးခဲ့သည်။

        အလုပ်ရုံပိုင်ရှင်၏ခိုင်းစေချက်အရ မန်နေဂျာက  ပြီးခဲ့သည့်၇လကတည်းက ဘတ်နှင့်ပတ်စပို့လုပ်ပေး မည် ဟုပြောဆိုပြီး အလုပ်သမားတစ်ဦးစီထံမှဘတ်ငွေ ၁၅,၀၀၀နုန်းဖြင့် တောင်းခံထားခဲ့ပါသည်။ အလုပ် သမားများတွင်ယခင်က ပြုလုပ်ထားခဲ့ကြသော နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်မှာလည်း သက်တမ်းကုန်လာခဲ့ပြီးဖြစ်ပါသည်။ ဘတ်သက်တမ်းဆက်ပေးရန် အလုပ်သမားများက လုပ်ငန်းရှင်ထံတွင်   ပြောဆိုကြရာ ကြိုက်သည့်နေရာတွင်တိုင်ကြားနိုင်ကြောင်း၊ ပြောမရရင် ပုလိပ်ကိုဖမ်းခိုင်းမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုသဖြင့် အလုပ်သမားများ မှ လုံခြုံနိုင်မည့်နေရာသို့ ရှောင်တိမ်းခဲ့ကြရပါသည်။

          မွန်အလုပ်သမ မဖြူဖြူခိုင်က  “သမီးတို့ ဘတ်ကသေနေပြီ၊ သူဌေးက ဘတ်လည်းဆက်မပေးဘူး။ ဗမာအလုပ်သမားတွေ ကြိုက်တဲ့နေရာမှာတိုင်တဲ့၊ ပုလိပ်ဖမ်းခိုင်းမယ်ဆိုတော့ သမီးတို့ ဒုက္ခရောက်တော့ မယ်လေ။ ငွေလည်းဆုံးမယ်၊  တရားမ၀င်အလုပ်သမားလည်းဖြစ်သွားမယ်။ နိုင်ငံခြားတိုင်းပြည်တစ်ခုမှ တရားမ၀င်အလုပ်သမားအဖြစ်  နေထိုင်အလုပ်လုပ် ကိုင်ဖို့ဆိုတာ ဘယ်လိုမှ မလုံခြုံ နိုင်တော့ဘူး။ သမီးတို့အကုန်လုံးဘ၀ပျက်ကုန်မှာပေါ့။ MAT အဖွဲ့ ကူညီပေးတာကို  သမီးအလွန်ကျေးဇူးတင်ပါတယ်” ဟုပြောသည်။ 

ဘန်ဘော် ရဲစခန်းတွင် အမှုဖွင့်ကြားခြင်းအား  လက်ခံပြီးနောက် ဘန်ကောက်မြို့ ဒင်းဒဲန်အရပ်တွင်ရှိသော အလုပ်သမားဝန်ကြီးရုံးသို့ သွားရောက် ဖြေရှင်းရန်  ရဲမှူးကြီးက လမ်းညွှန်ကူညီပေးလိုက်သည်။
MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီး က “ရဲစခန်းက သူဌေးကိုခေါ်တယ်။ မလာဘူး။ ဒါကြောင့် နက်ဖြန် အလုပ်သမားဝန်ကြီးရုံးကိုသွားရှင်းရမယ်။  ဒီအလုပ်သမားတွေကို ကျနော်တို့မကူညီရင် အကုန်ဘ၀ပျက် ကုန်မယ်” ဟုပြောသည်။

          ထိုင်းနိုင်ငံအနှံ့ အလုပ်ရုံအတော်များများတို့သည် မြန်မာအလုပ်သမားများထံမှ ပတ်စပို့လုပ်မည် ဆို၍ ငွေကြိုဖြတ်တောက်ထားသလို မြန်မာပွဲစားအတော်များများတို့သည်လည်း  မြန်မာအလုပ်သမား များထံမှ ကောက်ခံထားခဲ့ကြသည်။  မြန်မာအစိုးရဘက်မှ အစီအစဉ်မကျခဲ့မှုကြောင့် ပတ်စပို့လုပ်ငန်းစဉ် ရပ်နားခဲ့ရာ အလုပ်သမားများစွာ ငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။