08 April 2015

“ထိခိုက်ဒဏ်ရာရသည့်အလုပ်သမားနစ်နာကြေးဘတ်နှစ်သောင်းရှစ်ထောင်ရရှိ

 သတင်း|စောမောင်(ရွှေလုပ်သား)


စမွတ်စာခွန်ခရိုင် YRCချည်ထည်နှင့်ဆေးဆိုးပန်းရိုက်အလုပ်ရုံး၌ ၂.၈.၂၀၁၄ ခုနှစ်နေ့က အလုပ်လုပ်နေ စဉ် ဘယ်ဘက်လယ်သူကြွယ်တစ်ဆစ်ပြက်ထွက်ဒဏ်ရာရှိခဲ့သည့်မြန်မာအလုပ်သမားတစ်ဦး၏ နစ်နာကြေးဘတ်ငွေ နှစ်သောင်းရှစ်ထောင်ရရှိကြောင်းသတင်းရရှိခဲ့ပါသည်။

ကိုယ်နိုင်ငံ စီးပွားရေးတိုး တက်မယ်ဆိုရင်၊ ဒီကိုလာလုပ်စရာမလိုသလို ကျနော့်လိုလည်း မြန်မာနိုင်ငံ သားတွေခံစားရမှာမဟုတ်ဘူး။ ကူညီပေးကြ တဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)ကို အထူး ကျေးဇူးတင်ပါတယ်” ဟု ကိုမင်းသက်ဦးမှ ပြောဆိုသွားခဲ့ပါသည်။

ခုနှစ်လနီးပါအမှုရင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ရရှိခဲ့ခြင်းဖြစ်သည်။နစ်နာကြေး တန်ဘိုးအား အာမခံ ဌာန(ပကာစာခွန်း)မှ ပေးခြင်းဖြစ်ပါသည်။



ကရင်ပြည်နယ် ဘာအံမြို့နယ် မိန်မလှကျွန်မှ  ကိုမင်းသက်ဦးသည် လုပ်ငန်းခွင့်၌ အလုပ်လုပ်နေ စဉ် စက်ဖြင့်ထိခိုက်ဒဏ်ရာရှိခဲ့ရာ ၎င်း၏ ထိခိုက်နစ်နာမှုအတွက် ရသင့်ရထိုက်သည့်နစ်နာကြေးငွေများ ရရှိရန်  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့(MAT) သို့ ဆက်သွယ်အကူညီတောင်းခဲ့ရာ အဖွဲ့မှ တာဝန်ရှိလူကြီးများ ၏ ဆောင်းရွက်ပေးမှုကြောင့် ကိုမင်းသက်ဦး၏ နစ်နာကြေး  1,4, 2015 ရက်နေ့တွင် လက်ခံရရှိ ခဲ့ခြင်း
ဖြစ်ပါသည်

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က
“ ထိုင်းမှာ သဘာဝကြောင့်၊ စက်ပိုင်းဆိုင်ရာ အားနည်းချွတ်ချော် မှုတွေကြောင့် ဖြစ်ရတာက ရှင်းရတာ လွယ်တယ်။ဥပဒေကြောင်းအရ ကြာတာရှိ တယ်၊ မြန်မာရှိတယ်။ ထိုင်းနိုင်ငံမှာ အခုရှင်းလို့မကျင်းဖြစ်နေ တာက ပတ်စပို့ အတု၊ ၀တ်ပါမစ်အတုကိစ္စတွေ၊ ဗမာအချင်းချင်းလိမ်လည်မှုတွေ၊အလုပ်ရှာပေးမယ်ဆိုပြီး လူကုန်ကူးနေတာတွေ အများကြီးဖြစ်နေတယ်။ ကျနော်တို့အဖွဲ့သေးသေးလေးလောက် နဲ့လုပ် လို့ မကုန်ဖြစ်နေတယ်။ ထိုင်းနဲ့မြန်မာအစိုးရတို့ အပြောမဟုတ်ပဲ တကယ့်လက်တွေ့လုပ် မှထိုင်းမှာ
 ပြဿနာတွေပျောက်မှာဖြစ်ပါ တယ်” ဟုပြောသည်။