19 November 2017

မောရစ်ကောလစ်နေအိမ်အား ပြည်နယ်ဘတ်ဂျက်ကျပ်သိန်း ၃၀၀ ကျော်ဖြင့် ပြန်လည်မွမ်းမံ

November 14, 2017    အာရကန် ကိုကို မြစ်မခ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အစိုးရရပ်ကွက်၊ ကမ်းနားလမ်းရှိ ဗြိတိ သျှအစိုးရလက်ထက် ရခိုင်အရေးပိုင်မော ရစ်ကောလစ်နေထိုင်ခဲ့သည့်ရှေးဟောင်း အဆောက်အအုံအား၂၀၁၇-၁၈ပြည်နယ် ဘတ်ဂျက်ငွေကျပ်၃၀၂သိန်းဖြင့်အဆင့်မြှင့် တင်နေကြောင်းကျောက်ဖြူခရိုင်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနမှ သိရသည်။


          မောရစ်ကောလစ်အဆောက်အုံသည် ပြည်တွင်း၊ ပြည်ပလူအများစိတ်ဝင်စား နေသည့်ရှေးဟောင်းအဆောက်အုံဖြစ် သည်နှင့်အညီ ပြုပြင်ထိန်းသိမ်းမှုအား နည်းချက်များကြောင့် အဆောက်အအုံ ၏ အစိတ်ပိုင်းအချို့ယိုယွင်းပျက်စီးလာမှု ကြောင့် အဆင့်မြှင့်တင်ကာမူလအတိုင်း ပြန်လည်ပြုပြင်မွမ်းမံရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ပြန်လည်ပြုပြင်မွမ်းမံ ရာမှာ ဆွေးမြေ့နေရာတွေကိုအကုန် အစားထိုးပြီး ပြုပြင်ရတယ်။ ခေါင်မိုးတို့၊  ခါးရွက်လဲလှယ်တာတို့၊ မျက်နှာကြက်တို့၊ ၀ရန်တာတို့ အကုန်ပြုပြင်ရတာပေါ့”ဟု ကျောက်ဖြူခရိုင်အုပ်ချူပ်ရေးမှူးဦးသန်း ထွန်းဦးကပြောသည်။

အဆိုပါအဆောက်အအုံအား ပြည် နယ်ဘတ်ဂျက်ဖြင့် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၏တာဝန် ယူကြီးကြပ်မှုဖြင့် နိုဝင်ဘာလဆန်းပိုင်း မှစတင် ပြုပြင်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွင်းပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဖြူ ခရိုင်အုပ်ချူပ်ရေးမှူးထံမှ သိရသည်။

“ကျောက်ဖြူမှာ ရှေးဟောင်းဘုရား စေတီကလွဲပြီးဂုဏ်ပုဒ်ပြမယ့်ဟာကမောရစ် ကောလစ်အဆောက်အအုံတစ်ခုပဲရှိတယ်။ ခရိုင်ထွေအုပ်ကအဆင့်မြင့်ပြုပြင်တာကို မြို့ခံတွေကကြိုဆိုကြတယ်။ ဒါပေမဲ့ ရှေး ဟောင်းလက်ရာတွေကို မူလအတိုင်းရှိ စေချင်တယ်။ အခုတော့ အနီနဲ့ အဖြူ ရောစပ်ဆေးသုတ်ထားတော့ စိတ်ထဲမှာ တစ်မျိုးကြီးခံစားရတယ်”ဟု ကျောက်ဖြူ မြို့ခံမြို့မိမြို့ဖတစ်ဦးကပြောသည်။

မောရစ်ကောလစ်အဆောက်အုံသည် နှစ်ထပ်အဆောက်အုံဖြစ်ပြီး အထပ်နှစ် ထပ်ပေါင်းရှိအခန်းပေါင်းတစ်ဒါဇင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ကာ ၁၉၂၀ ခုနှစ် မတိုင်မီ ရခိုင်အရေးပိုင် ရာ ထူးဖြင့် ဗြိတိသျှလူမျိုးမောရစ်ကောလစ် အနေဖြင့် အဆိုပါအဆောက်ဦးတွင်နေ ထိုင်ပြီးတာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ယနေ့တိုင်မောရစ်ကောလစ် နေအိမ်ဟု ဒေသခံများက ခေါ်ဝေါ်နေ ခြင်းဖြစ်သည်။
 ကျောက်ဖြူမြို့ရှိ ရှေးဟောင်း အဆောက်အုံများဖြစ်သည့်စာတိုက်ကြီး၊ လက်စွမ်းပြကျောင်းအစရှိသည့်အဆောက် အအုံလေးခုအနက်  မောရစ်ကောလစ် နေအိမ်အဆောက်အအုံသည်ရှေးအကျဆုံး နာမည်ကျော်အဆောက် အအုံတစ်လုံး ဖြစ်သည်။