14 November 2017

တန်ဖိုးကြီးကြီး ပေးလိုက်ရသော ဘင်္ဂါလီမူဆလင်များ


     ဘင်္ဂါလီ မူဆလင်များ အရေးက ၎င်းတို့ ခေါ်စေချင်သည့်အတိုင်း ရိုဟင်ဂျာ ဟု ကင်ပွန်းတပ်ကာ ကုလသမဂ္ဂဌာနချုပ်ရှိ အစည်းအဝေးခမ်းမများ၊ အိမ်ဖြူတော်ရှိ ဘဲဥ ပုံရုံးခန်း၊ အမေရိကန်ကွန်ဂရက် အဆောက်အအုံ၏ စင်္ကြန်လမ်းများဘရပ်ဆဲလ် နှင့်ဂျီနီဗာ မြို့ ကြီးများတွင် အရေးတယူလုပ်ကာဆွေးနွေးကြ၊ ငြင်းခုံကြ နှင့် မကြုံစဖူးေ အာင်ဖြစ်ခဲ့ကြပေသည်။


     သို့သော် ထိုအခြင်းအရာများက မည်မျခံပေမည်နည်း။ မကြာမီ အတောအတွင်း အခြားသောအကြောင်းအရာများသို့ ရွေ့လျားကာ သတင်းစာများ၏ ထိပ်ဆုံးစာမျက် နှာမှ အတွင်းပိုင်းသို့ကူးပြောင်းသွားပေတော့မည်။

      ၎င်းတို့ အဖို့ ကား မိုက်ရူးရဲ လုပ်တတ်သောစစ်တပ် အကြောင်းကိုသိရှိထားပြီး ဖြစ်၍ဘဏ် ဓါးပြတိုက်ရာလောက်တွင်သာ လုံလောက်သည့် လက်နက်အင်အားဖြင့် မသိနားမလည်သော ရွာသားများကို တုတ် ဒါးလက်နက်များ တပ်ဆင်ပေးကာ ဖြား
ယောင်းခဲ့ကြသည်။

Image may contain: one or more people, grass, sky, outdoor and nature
       ထွက်ပေါ်လာသော သတင်းများအရ အတော်များများသည် ကင်းစခန်းများကို အခုလို လက်နက်များဖြင့် ၀င်ရောက် တိုက်ခိုက်မည်ကို ကြိတင် မသိခဲ့ကြ။ ၎င်းတို့ အား လူအင်အားများစေရန်သဘော လိုက်ခဲ့ပြီး ရှေ့ တန်းမှလက်နက် အပြည့်အစုံတပ် ထားသောအဖွဲ့ဝင်များကသာတကယ်တိုက်ခိုက်သွားမည်ဟုပြောထားခဲ့ကြသည်ဟု ဆိုလာကြပေသည်။

     ယခုတော့ ဘင်္ဂါလီ များ ၆ သိန်းခန့် တဖက်နိုင်ငံတွင် ထွက်ပြေးကြရသည်။ မထွက်ပြေးပါကလည်း နောက်ကျတဲ့ ခြေထောက်သစ္စာဖေါက်ဟု အပြောခံရမည့် အပြင် ဘယ်သူမှ မကျန်တော့ဟု ယူဆကာ ကျန်နေရစ်သူများလည်း မနေရဲတော့၍
ယခုတိုင် နတ်မြစ်ကို ဖြတ်ကူးနေကြဆဲဖြစ်သည်။

        နောက်ဆုံးတွင် ၎င်းတို့၏ အရေးကို ဖြေရှင်းရန်ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာသာ ကျန်ပေတော့မည်။ ဘင်္ဂလားဒေ့ရှ်ကလည်း နိုင်ငံတကာအကူအညီများကို အားကိုး၍ လက်ခံနေခြင်းမျသာဖြစ်ပြီး နိုင်ငံတကာမှ စိတ်ဝင်စားမှုလျော့ပါးပြီး အလှုငွေများ နည်း ပါးလာသည်နှင့် အမျှ၎င်းတို့အား လူနေ၍ မရသည့် က္ဈန်းသို့ ပို့ကြပေအုန်းမည်။

        မိမိတို့ တိုင်းပြည်မှ ငွေများကိုထုတ်၍ သုံးစွဲရပါက ဂရုဏာရှင်ကြီးဟု ယခုအခါ မြှောက်ပင့် ခေါ်ဝေါ်ခြင်ခံနေရသော ရှိတ်ဟာဆီနာ အားလည်း သူမ၏မဲဆန္ဒရှင်များက
ညိုညင်လာကြကာ လာမည့်ရွေးကောက်ပွဲတွင် အခြေလှမည့်ပုံ မပေါ်သဖြင့် ထုံးစံ အတိုင်းမဲမခိုးပါက ကြိမ်းသေ အရေးလှနိုင်မည် မဟုတ်သည်ကား သေခြာလှသည်။

        ယခုအခါ မြန်မာဘက်မှ သူမ မျော်လင့်ခဲ့သလို နိုင်ငံတကာ ဖိအားဖြင့် အလွယ် တကူ အလျော့ပေးမည့်ပုံမတွေ့ရသဖြင့် ရှေ့ လျောက် ပြသာနာများနှင့်ရင်ဆိုင်ရပေ အုန်းမည်။ ယခုအခါ ၎င်းတို့ အား ဘင်္ဂလားရှိ ဒုက္ခသည်စခန်းများ သို့ တွန်းပို့ ခဲ့ကြေ သာ ARSA ဆိုသူများအား ကျိန်ဆဲ နေကြပြီဟု VOA သတင်းကဆိုနေပေသည်။

      ၎င်းတို့ အဖို့ က ပြန်စရာအိမ်လည်း မရှိ ပိုင်ဆိုင်သမျ လယ်မြေများလည်း ဆုံးရှုံး ကာ ခေါင်းဆောင်ဖြစ်သူ အာတာအူလာဂျုနီ သည်လည်း ဘယ်ရောက်လို့ ဘယ်ေ ပျာက်မှန်း မသိ။ သေလားရှင်လားလည်း မသိ ဖြစ်နေရပေသည်။

       ယခုအခါ ၎င်းတို့ အမျော်လင့်ကြီး မျော်လင့်ထားခဲ့သလို ကုလသမဂ္ဂမှ မြန်မာ အား မြောက်ကိုရီယား နှင့် အီရန်ကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ဖို့အထိ ဖြစ်မလာပဲ ရှုတ်ချကြောင်း ကြေငြာချက်နှင့်သာ ပြီးဆုံးသွားခဲ့ရပေသည်။

        ထိုသို့ ဖြစ်လာဖို့ အတွက် မြန်မာဖက်ကလည်းအလကား မတ်တင်းတော့ ရခဲ့သည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chuingက တရုတ်နိုင်ငံ အနေဖြင့် မြစ်ဆုံဆည် တည်
ဆောက်နိုင်ရေး ကို မြန်မာအစိုးရ နှင့် ဆက်လက် ဆွေးနွေးသွားမည်ဟု မနေ့က လူသိရှင်ကြား ပြောဆိုလိုက်ခြင်းကြောင့်ပင်ဖြစ်သည်။

         မည်သို့ပင်ဖြစ်စေ ARSA တို့၏ လုပ်ရပ်ကြောင့် မူလ တောင်းဆိုသည့် နိုင်ငံ သား ဖြစ်ခွင့်ရရေးသည် ဝေးသထက်ဝေးကာ ဖြစ်လာဖို့ပင် အကြောင်းမမြင်တော့ ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူရန်ကုန်ရှိ Richard Horsey က သုံးသပ်ခဲ့ပေသည်။

ယခု အခါ ARSA အဖွဲ့ မှ နိုင်ငံရေးအရ အကျိုးအမြတ် ထွက်ရန်တန်ဖိုးကြီးကြီးပေးကာ
အလောင်းအစားလုပ်ခဲ့မှုကြောင့်ရိုဟင်ဂျာဟုအမည်တပ်ထားသူများ၏အရည်အတွက်
သည်မြန်မာပြည်တွင်း သိတ်မရှိတော့ပဲ ဘင်္ဂလားတွင် ပိုများနေရသည့် အဖြစ်နှင့် ကြုံနေရပေတော့သည်။
HSW