20 November 2017

လူကုန်ကူးနေသည့် အဓိကတရားခံအား ထိုင်းစစ်တပ်က လှေပေါ်တက်ဖမ်းဆီး


၂၀နိုဝင်ဘာလ၂၀၁၇ SAW

            လူကုန်ကူးတွေမှာ အဓိက ပါဝင်ပါတ်သက်နေလို့  ထိုင်းအစိုးရက အလိုရှိနေသူ လှေသူကြီး Thanongsak Mahasapsakorn နိုင်ထနုံစပ် ကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ဝင်နဲ့  ရေတပ်ရေနှစ်စင်းနဲ့ အတူ နကော် စီဌာမရ ရပြည်နယ်ပင်လယ်ပြင်အတွင်းက စက်လှေပေါ်ကို တက်ရောက်ဖမ်းဆီးခဲ့ပါတယ်။




အဆိုပါတရားခံလှေသူကြီးဟာ ထိုင်းငါးဖမ်း စက်လှေ တွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာ-ကမ္ဘောဒီးယားစတဲ့ အိမ်နီးချင်း နိုင်ငံသားတွေကို အင်ဒိုနီးရှား နိုင်ငံ က လူကုန်ကူးနေသူတွေကိုတဆင့်ရောင်းစားနေတာဖြစ်ပါတယ်။

သူ့ စက်လှေမှာ လုပ်ကိုင်နေကြတဲ့ လှေလုပ်သားတွေကိုလည်း ညှင်းပန်းနှိပ်စက် ရိုက်နှက်မှုတွေ ကျူးလွန်ခဲ့သူလည်း ဖြစ်ပါတယ်။

တခြား လူပွဲစားလုပ်နေသူ လေးဦးကိုတော့ အထူးစုံစမ်းစစ်ရေးအဖွဲ့ က စောစောပိုင်းက ဖမ်းမိထားခဲ့ပြီး စစ်ဆေးဖေါ်ထုတ်ချက်တွေအရ တရားခံလှေသူကြီးဟာ လူကုန်ကူးရာမှ အဓိက ပါဝင်နေတာ သိခဲ့ရလို့  သူလိုက်နေတဲ့ Yor Nava 5 ရော်နဘ ၅ စက်လှေကို ရေတပ်အကူအညီနဲ့  ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ခုလို ထိုင်းနိုင်ငံမှာ လူကုန်ကူနေတဲ့ လုပ်ငန်းမှာ သက်ဆိုင်ရာအရာရှိတွေပါပါဝင်ပါတ်သက်နေတာကိုလည်း ထိုင်းအစိုးရက ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ပေမယ့် လူကုန်ကူးနေတဲ့ လုပ်ငန်းတွေကို အခွင်းအရေးရတိုင်း ဆက်လုပ်နေကြတာ
ဖြစ်ပါတယ်။