24 November 2017

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချ ထားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် သတင်းထောက် များ တွေ့ဆုံမေးမြန်းခြင်း



မောင်ပိုင် - နေပြည်တော် (စုစည်းတင်ပြသည်)


နိုဝင်ဘာ ၂၂ ရက်က နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် တွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပြုချက်များ အကောင် အထည်ဖော်ရေးကော် မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေ ရာချထားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာ ၀င်းမြတ်အေး ဦးဆောင်ကျင်းပသည့် Diversity Management in the Age of Globalization Forum ဖွင့်ပွဲအခမ်းအနားအပြီးတွင် သတင်းထောက်များက ရခိုင်ပြည်နယ်ပြန် လည်ထူထောင် ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ကို မေးမြန်းခဲ့ကြ သည်များအား စုစည်း တင်ပြလိုက်ပါသည်။



မေး - ၀န်ကြီးခင်ဗျား။ ရခိုင်ပြည်နယ်ပြန်လည် ထူ ထောင်ရေးနှင့်ပတ် သက်ပြီး လုပ်ဆောင်နေမှုများကို ပြောပြပေးပါ။

ဖြေ - အဲဒီတော့ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အဖြစ် အပျက်က နှစ်ရှည် လများဖြစ်ခဲ့တဲ့ ပဋိပက္ခအပေါ် မှာလည်း အခြေခံတာလည်းရှိ တယ်။ နောက် ဒါကို ဖြစ်သွားအောင် ဒီအခြေအနေကြီးကိုဖြစ်သွားအောင် စပြီးအစပျိုးလိုက်တာကတော့ အကြမ်းဖက်မှုပေါ့ နော်။ ရခိုင်ပြည်နယ် အတွင်းမှာဖြစ်ပွားတဲ့ကိစ္စတွေမှာ ကျွန်တော်တို့အ စိုးရအနေနဲ့ ဒီဖြစ်သွားခဲ့တဲ့ဟာကို ဒီ အတိုင်းလက်ပိုက်ကြည့် မနေဘူး။ ဖြစ်သွားပြီးပြီး ချင်း မှာလည်း ချက်ချင်းပဲကျွန်တော်တို့လုပ်ရမယ့်လုပ်ငန်း တွေပေါ့။ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေ စနိုင်ပါတယ်။ ပထမဦးဆုံး သြဂုတ် ၂၅ ရက်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ လူတွေဟာ ကိုယ့်နေရာမှာကိုယ်မနေရဲ ကြဘူး။ တိုင်းရင်းသားတွေလည်း ကိုယ့်ရွာမှာကိုယ်မနေရဲဘူး။ စုပြီး ထွက်ပြေးတိမ်းရှောင် တာတွေတာရှိတယ်။ အခြား မွတ်စလင်အုပ်စုက လည်း သူတို့ဘာသာသူတို့ထွက် သွားကြတာလည်းရှိတယ်။ ဘာကြောင့်ပဲ ထွက်သွား၊ ဘာကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ ဒီအခြေအနေ ကို ပြန်လည်ပြီးကောင်းမွန် တဲ့အခြေ အနေဖြစ်အောင် ပြန် လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့လို အပ်တာတွေကို ချက်ချင်း ဆောင်ရွက်ပေး တယ်။ နောက် ပြန် လည်နေရာချထား ဖို့ လိုအပ်တာတွေကို ချက်ချင်းစီစဉ်တယ်။ နောက် ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စတွေကိုလည်း ချက်ချင်းစီစဉ် ဆောင်ရွက်ရတယ်။


မေး - အဲဒီလိုဆောင်ရွက်မှုတွေမှာ အဓိကက ဘာများလိုအပ်မှုရှိပါလဲ။


ဖြေ - အဲဒီလိုစီစဉ်တဲ့အခါမှာ အဓိကလိုအပ်နေတာက ဘာလဲဆိုရင် ကျွန်တော်တို့ အဲဒီလိုဆောင်ရွက်နိုင်ဖို့ ကို ဆောင်ရွက်နိုင်တဲ့အင်အားရှိဖို့၊ လိုသလိုဆောင် ရွက်နိုင်ဖို့၊ အစီအစဉ်ပြုလုပ်နိုင်ဖို့၊ အကောင် အထည် ဖော်နိုင် ဖို့၊ အခြေအနေရှိဖို့လိုတယ်။ အဲဒီတော့ အ ခြေအနေ လည်းရှိရမယ်၊ အင်အားလည်း ရှိရမယ်ပေါ့။ အဲဒီတော့ ဆောင်ရွက်နိုင် ဖို့အခြေအနေအင်အားတို့ ကို ဆောင်ရွက်နိုင်ဖို့ ယူနီယံအင်တာပ ရိုက်စီမံ ကိန်း ကိုဖော်ဆောင်လိုက်တယ်။ ဒီပြည်ထောင်စု စီမံကိန်း ကြီးဟာဆိုရင် ဒီရခိုင်အရေးသည် ရခိုင်ပြည်နယ်အရေး မဟုတ်ဘူး။ မြန်မာ တစ်နိုင်ငံ လုံးရဲ့အရေးဖြစ်တယ်။ ကမ္ဘာကလည်း စိတ်ဝင်စားနေတဲ့အရေးဖြစ်တယ်။ ဒါကြောင့် တစ်နိုင်ငံလုံးပူးပေါင်းပါဝင်တဲ့ ယူနီယံအင် တာပရိုက်တာ ဆိုတာကြီးကို ဖော်ဆောင်လိုက်တာ ဖြစ်ပါတယ်။


မေး - ရခိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး ပြည်တွင်း၊ ပြည် ပထွက်ပြေး တိမ်းရှောင်နေ ရတဲ့ ပြည်သူများအတွက် ဘယ်လိုအစီအမံများ နဲ့ ဆောင်ရွက်ပေးသွားမှာလဲ။

ဖြေ - အဲဒီလိုနည်းနဲ့ ရခိုင်မှာ ထွက်ပြေးသွားတဲ့လူ တွေ၊ ပြည်တွင်း မှာပဲနေရာတစ်နေ ရာရအောင် အ ခြားနေရာရောက် သွားတဲ့ဟာတွေ လည်း မူလနေရာ ပြန်ရောက်အောင် ပြန်လည်နေ ထိုင်နိုင်အောင် စီစဉ် ပေးနေတယ်။ နိုင်ငံရဲ့ပြင်ပ ကိုရောက် သွားတဲ့သူတွေ ကိုလည်း ဒီမှာနေထိုင်ခဲ့တဲ့ ဘိုးစဉ်ဘောင်ဆက် တကယ်နေထိုင်နိုင်ခဲ့တဲ့သူတွေကို စိစစ်ပြီးတော့ တစ် ကယ်နေ ထိုင်ခဲ့တယ်ဆိုရင် ပြန်လက်ခံဖို့ဆိုပြီး နည်း မျိုးစုံနဲ့ ဆောင်ရွက်နေတာရှိ ပါတယ်။ အဲဒီအခြေအနေ တွေက ဘယ်ရောက်နေပြီလဲ လို့ပြောရရင် အခြေ အနေတွေက နီးလာပြီ။ ကျွန်တော်တို့လုပ်ဆောင်နေ တာတွေ အောင်မြင်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအတွင်းထဲမှာ နေ ရာရွှေ့ပြောင်း ပြီးတော့ နေရသူတွေ အတွက်လည်း သူ့နေရာသူ၊ သူ့ရွာသူပြန်ရောက်အောင် ဆောင် ရွက်ပေးနေ တာ တော်တော်လေးပြီးပြည့် စုံနေတယ်။ 

 နောက် ပြင်ပ ကိုထွက်သွားတဲ့သူတွေအနေနဲ့လည်း မိမိနေရာမှာ မိမိနေခဲ့တဲ့သူတွေ အစစ် အမှန်တွေ ဘိုးစဉ်ဘောင်ဆက်နေခဲ့တဲ့သူတွေနဲ့ဆို လို့ရှိရင် ကျွန်တော်တို့အနေနဲ့ လက်ခံဖို့ဆိုတာ အ ဆင်သင့်ဖြစ်နေပါပြီ။ ပြန် လည်လက်ခံဖို့စခန်းတွေကို ပြုပြင်နေတယ်။ အသစ်တည်ဆောက် တာတွေ လည်း ရှိတယ်။ ဒါတွေလည်း လုပ်ဆောင်ပြီးပြီ။ ပြီးတော့ လည်း လူသားချင်းစာနာထောက်ထားတဲ့အကူအညီ အတွက်ကိုလည်း စနစ်တကျစီမံထားတာတွေ လည်း ရှိပါတယ်။ တစ်ပြိုင်နက်တည်းမှာ ဖွံ့ဖြိုးတိုးတက် ရေးတွေကိုပါ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ အဲဒီ တော့ ပြည်ထောင် စု စီမံကိန်းထဲမှာ ဒီလုပ်ငန်းတွေအ ကုန်ပါဝင်နေတဲ့အတွက်ကြောင့် သက်ဆိုင်ရာစီးပွား ရေးနဲ့ပတ် သက်တဲ့အဖွဲ့ကိုးဖွဲ့ဖွဲ့ထားပြီး ဆောင်ရွက် တဲ့အတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဦးတည် ပြီးသွားနေတာဖြစ်ပါတယ်။


မေး - ဘင်္ဂလားဒေ့ရှ်ဘက်က တိမ်းရှောင်သူများပြန် လည်လက်ခံရေး သဘောတူစာချုပ်လက်မှတ်ထိုးမယ့် အစီအစဉ်လေးသိပါရစေ။

ဖြေ - သဘောတူညီချက်လက်မှတ်ထိုးဖို့က အရမ်းအ ရေးကြီးတယ်။ ဒါကလည်း အလွန်နီးစပ်နေပြီ၊ မကြာ ခင်မှာပဲ သဘောတူညီချက် ထွက်ပေါ် လာမယ်။ ထွက်ပေါ်လာပြီးရင် စတင်ဆောင်ရွက်တော့မှာဖြစ် ပါတယ်။ ဒီသဘောတူညီချက်မှာ ဘာတွေပါလဲဆိုတာ ကတော့ သဘောတူညီချက်အပြီးထွက်လာမှ ရှင်း ရှင်းလင်းလင်းချပြ မှာဖြစ်ပါတယ်။ ပြန်လက်ခံဖို့ အခြေ ခံတာကတော့ ၁၉၉၃ နဲ့ပဲ အခြေခံမှာဖြစ်ပါတယ်။ ညှိနှိုင်းတယ်ဆိုတာကတော့ အပေးအယူနဲ့ညှိနှိုင်းရ တာရှိတယ်။ အားလုံးက အချက်တိုင်းက ရာနှုန်းပြည့် မဖြစ်နိုင်ဘူးပေါ့။ ရာနှုန်းမပြည့်သော်လည်း တကယ် ပြည်သူ အကျိုးရှိမယ်။ မြန်မြန်လေး အကောင်အထည် ဖော်ဆောင်ရွက်နိုင် မယ်ဆိုရင် အားလုံးကလည်း တိုက်တွန်းကြတာတွေလည်းရှိတယ်။ ကျွန်တော်တို့ က တကယ်ဆောင်ရွက် ချင်တာလည်းရှိတယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီကိစ္စကြီးဟာ မလွဲမသွေတာဝန် ရှိတဲ့ကိစ္စဖြစ် တယ်။ ဆောင်ရွက် ရမယ့်ကိစ္စဖြစ်တယ်။

 တာဝန်ရှိတယ်ဆိုတာ ဘာလဲဆိုရင် ကျွန်တော်တို့ က ဘယ်လိုနည်းနဲ့ပဲ ထွက်သွားထွက်သွား ကျွန်တော် တို့ရဲ့ တာဝန်ကတော့ ပြန်လည်ပြီးတော့ ဒီမှာနေတဲ့ သူကို လက်ခံဖို့ကတော့ ကျွန်တော်တို့ရဲ့တာဝန် နိုင်ငံ တော်ရဲ့တာဝန်။ဘယ်လို
နည်းနဲ့ပဲ ရွှေ့ပြောင်းရွှေ့ ပြောင်း ရွှေ့ပြောင်းတဲ့သူတွေကို နေရာတကျပြန်လည် ထူထောင်ပေးရမှာက ကျွန်တော်တို့ရဲ့ တာဝန်။ သူတို့ ရဲ့အဖြစ်အပျက်မှာ ဘာကြောင့်ပဲဖြစ်ခဲ့ဖြစ်ခဲ့ လူတိုင်း လူသားချင်းစာ နာထောက်ထားမှု အကူအညီပေးရမှာ က ကျွန်တော်တို့အစိုးရရဲ့ တာဝန်သာဖြစ်ပါတယ်။ ဒါ ကြောင့် အစိုးရရဲ့တာဝန်ကို ကျွန်တော် တို့ထမ်းဆောင် နေတာပါ။
Image may contain: 1 person, text


မေး- ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်နေတဲ့ဦးရေ က ခြောက် သိန်းကျော်ရှိတယ် လို့ ဆိုပါတယ်။ ဒီအ ပေါ်မှာရောဝန်ကြီး အနေနဲ့ ဘယ်လိုသဘောရပါသလဲ။ နောက် ရခိုင်ပြည်နယ် ပြန် လည် ထူထောင်ရေး အ တွက် ငွေကြေးဘယ်လောက် အထိသုံးစွဲသွား မှာပါလဲ။

ဖြေ- ထွက်ပြေးဦးရေခြောက်သိန်းကျော်ရှိတယ်ဆို တာကတော့ ဒါတွေ ကတော့ မျိုးစုံပြောကြတယ်။ ရှေးတုန်းက ၂၀၁၂ နောက်ပိုင်းကို တရွေ့ရွေ့ ထွက် သွားကြတယ်လို့ ပြောကြတာလည်းရှိတယ်။ အားလုံး စာရင်းအတိအကျရှိတယ်။ စာရင်းတွေပေါင်းပြီးတော့ ပြောတာရှိတယ်။ ခွဲပြီးပြောတာလည်းရှိတယ်။ ဒါ တွေအကုန်လုံးဟာ စနစ်တကျစိစစ်လိုက် တဲ့အခါမှ ထွက်ပေါ်လာမှာ ကျွန်တော့်အနေနဲ့ အတိအကျ ဆိုတာ မပြောနိုင် ပါဘူး။ သူတို့ပြောတဲ့စာရင်းကလည်း အတိအကျဆိုတာလည်း မဖြစ်နိုင်ပါဘူး။ နောက် ငွေ ကြေးသုံးစွဲမှုအနေနဲ့ဘယ်လောက်အထိ သုံးစွဲပြီးသွား ပြီဆိုတာလည်း ပြောရခက်ပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့ အခါအားလျော်စွာ ထုတ်ပြန်နေတာရှိပါ တယ်။ ပြန်ပြီးကြည့်လိုက် ရင် ပေါ် လာမှာဖြစ်ပါ တယ်။ ကျွန်တော်တို့ သဘာဝဘေးစီမံခန့်ခွဲမှုကော် မတီကလည်း ထောက်ပံ့တာရှိတယ်။ ပြည်ထောင်စု အစိုးရက ထောက်ပံ့ တာ ရှိတယ်။ ပြည်နယ် အစိုးရက ထောက်ပံ့တာရှိ တယ်။ ဒါတွေလည်း ထုတ်ပြန်ချက် သတင်းတွေမှာပါပါတယ်။ ။