25 November 2017

နိုင်ငံရေးလုပ်ပြီး မိမိကိုယ်ကျိုးစီးပွားမရှာတဲ့ သူရဲကောင်းများ အလိုရှိသည်





တက္ကသိုလ်စိန်တင်
( ၁ )
'' မောင်နု ဝန်ကြီးချုပ် လုပ်လာတဲ့ ခရီးမှာ ရတဲ့လခငွေထက် ငွေနှစ်ကျပ် ပိုနေတာ တွေ့ရင် ကျုပ်ကို သူခိုးဆိုပြီး အကျဉ်း ထောင်ထဲ ပို့ကြ''

ကွယ်လွန်သွားရှာပြီဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏မော်ကွန်းဝင်၊ သမိုင်းဝင်စကားဖြစ်သည်။ ၁၉၅၈ ခုနှစ်က ဖဆပလအစိုးရအဖွဲ့အ တွင်း ကွဲကြ၊ ပြဲကြစဉ်က သန့်ရှင်းဖဆပလ ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုသည် စစ် တပ်က အာဏာသိမ်းမည့်ဆဲဆဲတွင် အိမ် စောင့်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းထံသို့ ပြည်သူ့လွှတ်တော်မှတစ် ဆင့် နိုင်ငံတော်အာဏာကို လွှဲအပ်ခဲ့သည်။ ထိုစဉ်က တည်မြဲဖဆပလခေါင်းဆောင် ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့က ဦးနု၏ အကျင့်စာရိတ္တကို စောင်းမြောင်းဝေဖန် ပုတ်ခတ်ကြသဖြင့် ဦးနုက သတင်းစာရှင်း လင်းပွဲလုပ်ကာ ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သောစကားကို ပြောခဲ့သည်။


မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ကို ရဲရဲဝံ့ဝံ့ ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းပြည်အ တွက် အသက်စွန့်ခဲ့သော ဗိုလ်ချုပ်အောင် ဆန်း၊ ဦးနု၊ ဦးဗဆွေ စသည့် နိုင်ငံရေး ခေါင်းဆောင်တို့သည် မိမိတို့ကိုယ်ကျိုး ကို မငဲ့ဘဲ စီးပွားရေး ဆင်းရဲဒုက္ခကို လှလှ ပပ၊ ပြုံးပြုံးရွှင်ရွှင် ခံယူခဲ့ကြ၏။

၁၉၈၇ ခုနှစ်က ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေ ကွယ်လွန်ခဲ့ပြီးနောက် ဦးဗဆွေနှင့် ဒေါ်နုနုဆွေတို့၏ မိသားစု တွင် မိမိငွေဖြင့် ဝယ်ထားသော ကိုယ်ပိုင် အိမ်တစ်လုံးမှ မရှိခဲ့ရှာကြ။ ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေ ကွယ်လွန်သွားပြီးနောက် ဦးဗဆွေတို့မိသားစု နေထိုင်ခဲ့သည့် ရန်ကုန် မြို့ ကြည့်မြင်တိုင်မြို့နယ် ဟုမ်းလမ်း(Home Road)ရှိ အမွေဆိုင်အိမ်ကြီးမှာ ညီအစ်ကို မောင်နှမများက တရားစွဲကြသောကြောင့် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ဇနီး ဒေါ် နုနုဆွေသည် အမွေဆိုင်အိမ်ကြီးပေါ်မှ (တရားရုံးစီရင်ချက်အရ) ဆင်းပေးရရှာ ၏။ ဒေါ်နုနုဆွေခမျာ ခေတ္တတည်းခိုရန် ပင် အိမ်မရှိရှာသောကြောင့် မကြာမီက ကွယ်လွန်သွားသော သခင်သိန်းဖေ(ဝါး ခယ်မ)က မိမိပိုင်အိမ်တစ်လုံးတွင် လာနေ ပါ။ ကားတစ်စီးလည်း ယူထားပါဟု မေတ္တာ ဖြင့် ကူညီခဲ့၏။ ဦးဗဆွေ၏ဇနီး ဒေါ်နုနု ဆွေက အိမ်ရှာမရသေးခင် သခင်သိန်းဖေ အိမ်တွင် နေပါမည်။ မော်တော်ကားကို တော့ မယူပါရစေနှင့်။ ဓာတ်ဆီဖိုး မတတ် နိုင်လို့ပါပြောကြောင်း သခင်သိန်းဖေ(ဝါး ခယ်မ)၏သား ကိုဘန်နီ(ဘန်နီဘန်းပရုပ် ဆီ)က ဤစာရေးသူ တက္ကသိုလ်စိန်တင် ကို ပြောပြခဲ့ဖူးသည်။

( ၂ )
အထက်ပါအကြောင်းရပ်တို့ မှာ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲတွင် ရဲရဲကြီးပါဝင် ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဗ ဆွေတို့၏ နိုင်ငံအတွက် ငါတို့လုပ်ခဲ့ရပါ သော်ကောဟု မိမိကိုယ်ကျိုးစီးပွားရေး အတွက် လုံးဝ(လုံးဝ) ကိုယ်ကျိုးမရှိခဲ့သည့် စံထားဖွယ် နိုင်ငံ့ခေါင်းဆောင် သူရဲကောင်း ကြီးများဖြစ်ပေသည်။ ဗိုလ်ချုပ်အောင် ဆန်းဆိုလျှင် လုပ်ကြံခံရ၍ ကျဆုံးပြီးကာ မှ မုဆိုးမ ဒေါ်ခင်ကြည် နေစရာ အိုးပိုင်၊ အိမ်ပိုင် မရှိရှာသဖြင့် ယခု ဒေါ်အောင် ဆန်းစုကြည် နေထိုင်လျက်ရှိသော ရန်ကုန် မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်အမှတ် (၅၄)ကို နိုင်ငံတော်မှ စီမံဆောင်ရွက်ပေး အပ်ခဲ့ရသည်။

အထက်ပါ ဗိုလ်ချုပ်အောင် ဆန်း၊ ဦးနု၊ ဦးဗဆွေတို့ကဲ့သို့ပင် မြန်မာ နိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲတွင် ရှေ့တန်းမှ ရဲရဲကြီး ပါဝင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြီး ရရှိပြီးသည့်အခါ၌ လွတ်လပ်ရေးမော် ကွန်းဝင် ပထမအဆင့်ရရှိမည်ကိုပင် လုံးဝ လျှောက်လွှာမတင်ဘဲ နိုင်ငံရေးရာထူးများ လည်း မယူ၊ မိမိ မိသားစုအတွက် ထမင်း တစ်လုပ်စားရန် ကြိုးပမ်းခဲ့သည့် လူတစ် ယောက်ရှိခဲ့သည်။

ထိုပုဂ္ဂိုလ်မှာ မြန်မာ့လွတ်လပ် ရေးတိုက်ပွဲတွင် BIA, BDA, PBF ခေတ် သုံးခေတ်စလုံး၌ ပါဝင်ခဲ့သည့် ရခိုင်အမျိုး သားခေါင်းဆောင် ဦးညိုထွန်းဖြစ်ပေသည်။ ရခိုင်အမျိုးသားခေါင်းဆောင် ဦးညိုထွန်း မှာ အမိနိုင်ငံ၏ လွတ်လပ်ရေးအတွက် သေနတ်တစ်လက်ကို ကိုင်စွဲရင်း သေခြင်း တရားကိုမမှုဘဲ တိုက်ပွဲဝင်ခဲ့သော တိုင်း ရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။
ယနေ့ အသက် ၇ဝ တန်းနှင့် အထက်ရှိကြမည်ဖြစ်သော မြန်မာအမျိုး သားပုဂ္ဂိုလ်တိုင်းသည် 'ဘိုးရုံတို့ မိဂဒါဝုန် သို့ရောက်ပြီ'ဆိုသည့် သမိုင်းဝင်စာတန်း ကို ကောင်းစွာသိကြမည်ဖြစ်၏။ ၁၉၄၄ ခုနှစ်က ဖက်ဆစ်ဂျပန်များကို တော်လှန် ရန်အတွက် ရခိုင်ကမ်းရိုးတန်းရှိ ဗြိတိသျှ စစ်သင်္ဘောတစ်စင်းတွင် လျှို့ဝှက်လိုက် ပါ၍ အိန္ဒိယနိုင်ငံသို့ လိုက်ပါသွားသော သခင်ညိုထွန်းနှင့် သခင်တင်ရွှေတို့သည် မိမိတို့ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသည့်အခါ ၌ 'ဘိုးရုံတို့ မိဂဒါဝုန်ရောက်ပြီ' All India ရေဒီယိုအသံလွှင်ဌာနမှ အသံလွှင့် ထုတ် လျှို့ဝှက်အချက်ပေးခဲ့ကြသည်။

၁၉၄၅ ခုနှစ် မတ် ၂၇ ရက် တွင် မြန်မာနိုင်ငံ၌ ဖက်ဆစ်ဂျပန်တော် လှန်ရေးကြီးကို ဆင်နွှဲရန် ဦးဆောင်နေ သော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်း ထွန်း၊ သခင်ဘဟိန်း၊ သခင်စိုးတို့ထံသို့ သခင်ညိုထွန်းတို့ထံမှ 'ဘိုးရုံတို့ မိဂဒါဝုန် ရောက်ပြီ'ဟုဆိုသော အသံလွှင့်ချက်သည် မကြာမီဆင်နွှဲတော့မည့် ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် ပထမဆုံး သံချောင်း ခေါက်သံဖြစ်လိမ့်မည်။ ထိုအချိန်ကစ၍ သခင်ညိုထွန်းသည် အိန္ဒိယနိုင်ငံ၌ လေ ထီးစစ်သည်အဖြစ် သင်တန်းတက်ခဲ့ပြီး ရခိုင်တိုင်းသို့ လေထီးဆင်းခုန်ခဲ့ပြီးနောက် တောက်ပြောင်သော ရခိုင်တိုင်း၏ ဖက် ဆစ်တော်လှန်ရေးကြီးကို ဦးဆောင်ဆင်နွှဲ ခဲ့သည်။

( ၃ )
ပြောရဦးမည်။ စာစကား အလျဉ်းသင့်သွားသောကြောင့် သခင်ညို ထွန်း၏ အိန္ဒိယပြည်မှ လေထီးစစ်သည် ဘဝကို အလျင်ဦးစွာ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သခင်ညိုထွန်းသည် ရခိုင်တိုင်း ကျောက်တော်မြို့သားဖြစ်၏။ ရခိုင်တိုင်း ကျောက်တော်မြို့၌ ၁၉၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် မိဘများဖြစ်သော ဦးစံဘော် ဦး၊ ဒေါ်ကြာပွင့်တို့မှ ဖွားမြင်ခဲ့သည်။

ဦးညိုထွန်း၏ အစ်ကိုအရင်းမှာ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအောင် ဇံဝေဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းခေါင်း ဆောင်သော အစိုးရအဖွဲ့တွင် ဝန်ကြီးအ ဖြစ် ပါဝင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသော ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ပါဝင် ခဲ့ပြီး သေကံမရောက် သက်မပျောက်ခဲ့သူ ဖြစ်သည်။

ရခိုင်တိုင်း ကျောက်တော်မြို့ သား ကိုညိုထွန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတွင် ကိုအောင် ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်းတို့နှင့်အတူ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများ သပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ ကျောင်း သားသပိတ်ကြီး ပြီးသွားသောအခါ ကို အောင်ဆန်းနှင့်အတူ တက္ကသိုလ်ကျောင်း သားများသမဂ္ဂတွင် အမှုဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၉ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်၌ ရန်ကုန်မြို့ အတွင်းဝန်များရုံး ကြီးကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဝိုင်းဝန်းဆန္ဒပြ၍ မကွေးမြို့တွင် အဖမ်း ခံရသော ကျောင်းသားခေါင်းဆောင် ကို ဘဟိန်းနှင့် ကိုဗဆွေတို့ကို လွှတ်ပေးရန် ဆန္ဒပြခဲ့စဉ် ကိုညိုထွန်းသည် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထိုနေ့က ကျောင်းသားခေါင်း ဆောင် ကိုအောင်ကျော်မှာ နယ်ချဲ့ဗြိတိသျှ မြင်းစီးပုလိပ်တို့၏ ရိုက်နှက်ချက်ကြောင့် ကျဆုံးခဲ့ပြီး တိုင်းပြည်လူထုက ဗိုလ်အောင် ကျော်ဟု ဘွဲ့ထူးတပ်ဆင် ခေါ်ဝေါ်ခဲ့ကြသည်။

၁၉၄၂ ခုနှစ် BIA တပ်မတော် ကြီးကို ရဲဘော်သုံးကျိပ် ဗိုလ်ရန်အောင်က ခေါင်းဆောင်၍ ရခိုင်တိုင်းတွင် မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲသောအခါ သခင်ညို ထွန်းလည်း ပါဝင်ခဲ့ပြန်သည်။ ၁၉၄၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ရခိုင်တိုင်း၌ ဖက်ဆစ် ဂျပန်တော်လှန်ရေးကို စောစီးစွာ ဆင်နွှဲ သောအခါ၌ ကိုညိုထွန်းသည် ရခိုင်တိုင်း ဖက်ဆစ်တော်လှန်ရေး တပ်မှူးကြီး ဗိုလ် မှူးညိုထွန်းအဖြစ် လေထီးစစ်သည်ဘဝ ကို ခံယူလျက် တက်တက်ြ<ွကြ<ွက ပါဝင် အောင်ပွဲခံခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ဖွဲ့စည်းသော နိုင်ငံတော်ဝန်ကြီး ချုပ် သခင်နုခေါင်းဆောင်သည့် အစိုးရအ ဖွဲ့တွင် ဦးညိုထွန်းသည် လူနည်းစုရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် ဦးညိုထွန်းသည် အစိုးရအဖွဲ့တွင် တာဝန်ယူလျက် ဘဝခရီးကို ဆက်မည့်အ စား မိမိခြေထောက်ပေါ်တွင် မိမိရပ်တည် ကာ စီးပွားရှာခြင်းဖြင့် သန့်စင်မွန်မြတ်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းဘက်သို့ ကူးပြောင်းခဲ့သည်။

ဦးညိုထွန်ဦးဆောင်သည့် ကိုယ် ပိုင်စီးပွားရေးလုပ်ငန်း သီဟကုမ္ပဏီကို တော်လှန်ရေးကောင်စီအစိုးရ ဗိုလ်နေဝင်း တို့ စစ်ဗိုလ်တစ်စုက ပြည်သူပိုင်သိမ်းခဲ့ သည့်အခါတွင် ဦးညိုထွန်းမှာ စာဆိုကြီး စလေဦးပုည ရေးသီဖွဲ့ခဲ့သလို 'ဖွတ်ကျော ပြာစု၊ ခရုဆံကျွတ်'ဘဝသို့ ရောက်သွားခဲ့ သည်။ ထို့ကြောင့် သားသမီးတစ်ပြုံကြီးဖြင့် စီးပွားရေးချို့တဲ့နေရှာသော ဦးညိုထွန်းအား ၁၉၆၇ ခုနှစ်တွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက သြစတြေး လျနိုင်ငံသို့ အထူးအာဏာကုန် လွှဲအပ် ခြင်းခံရသည့် မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်စေလွှတ်ခဲ့သည်။ ဦးညိုထွန်းသည် သြစတြေးလျနှင့် ဖိလစ်ပိုင်နိုင်ငံ သံအမတ် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန် မာနိုင်ငံသို့ ပြန်လာကာ တရားဘာဝနာ အားထုတ်၍ ၁၉၉၁ ခုနှစ်တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်ခဲ့သည်။

မိမိနိုင်ငံ၏ အမျိုးသားလွတ် မြောက်ရေးအတွက် ကြိုးပမ်းခဲ့သော ဦး ညိုထွန်း၊ နိုင်ငံရေးသမားလုပ်ပြီး ကိုယ်ကျိုး စီးပွားရှာကာ ချမ်းသြာ<ွကယ်ဝရန် မကြံစည် ခဲ့သော ဦးညိုထွန်း၊ မျိုးချစ်တော်လှန်ရေး သမား ဦးညိုထွန်းကို ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီက ''ဦးညိုထွန်း (သို့မဟုတ်) ဆိုင်သံ၊ ဗုံသံကြားလျှင် 'က'ရန်ဝန်မလေး သော ပြောက်ကျားသူရဲကောင်း'' ခေါင်းစဉ် တပ်၍ တက္ကသိုလ်စိန်တင်၏ စာအုပ်တွင် အမှာစာရေးခဲ့သည်။

ဒေါက်တာညီညီက ဦးညိုထွန်း ကို ဂုဏ်ပြုရာ၌ ''မြန်မာနိုင်ငံတွင် ကျွန် တော် ကြည်ညိုလေးစားသော လူတန်းစား တစ်ရပ်ရှိသည်။ သူတို့သည် အရေးကြုံ လျှင် တိုင်းပြည်အတွက် ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး လုပ်ငန်း ပြီးဆုံးသည့်အခါ ထင်ပေါ် ကျော်ကြားမှု၊ အာဏာရမှု၊ ရာထူး ဌာနန္တရကြီးများ ရမှု၊ ချမ်းသာစီးပွားတို့ကို စွန့်လွှတ်ကာ အေး အေးဆေးဆေး တစ်ဝမ်းတစ်ခါး ရှာဖွေ စားသောက်ကြသည်။ သားသမီးများကို စောင့်ရှောက်ပြုစု ပျိုးထောင်ကြသည်။ အ တိတ်က တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ သည်ကို အမြတ်မထုတ်ကြချေ။ ထိုပုဂ္ဂိုလ် များတွင် ရခိုင် အမျိုးသား ခေါင်းဆောင် ဦးညိုထွန်းသည် ထင်ရှားသူဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ် ၅ဝ အာ ဏာရှင်ခေတ်အဆက်ဆက်က ရာထူးစွမ်း အင်ကို ကိုင်တွယ်ကာ စားခဲ့ကြ၊ ဝါးခဲ့ကြ မိမိဂုဏ်ရည်အတွက် အရှက်ရမည်ကို လုံးဝ (လုံးဝ) မစဉ်းစားဘဲ မိမိကိုယ်တိုင် မိမိဇနီးမယား၊ မိမိသား၊ မိမိမြေး၊ မြစ်၊ တီ၊ ကျွတ် ချမ်းသြာ<ွကယ်ဝရန် လုပ်ဆောင်ခဲ့ ကြသည်။ ''ဟိုလူတစ်စု တစ်ဖွဲ့နှင့်'' ကျွန်ုပ် တို့၏ လွှတ်လပ်ရေး သူရဲကောင်း ဦးညိုထွန်း မှာ လုံးဝ (လုံးဝ) မတူပါချေ။ ယနေ့ မြန်မာ့ ဒီမိုကရေစီ ခရီးစဉ်တွင် ဦးညိုထွန်းလို သူရဲကောင်းမျိုး အလိုရှိသည်။ အမြန် အလိုရှိသည်။

ပြန်လည်မျှဝေပါသည်၊၊
Min Kyaw Thu Htay
20.11.2016
8:09 pm