22 November 2017

"အခွင့်အရေးဆိုတာကို အရယူတတ်ခြင်း။ "Seizing The Opportunity"

"အခွင့်အရေးဆိုတာကို အရယူတတ်ခြင်း။ "Seizing The Opportunity" 

Kyaw Linn
တရုတ်ပြည်မှာ ဘဏ်တစ်ဘဏ်ကို ဓါးပြဝင်တိုက်ပါတယ်။ ဓါးပြတွေက…

"ဘယ်သူမှ မလှုပ်နဲ့… ဒီပိုက်ဆံတွေက အစိုးရနဲ့ ဆိုင်တယ်… အသက်ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်…"

အဲဒီအခါ လူတွေက မခုခံပဲ တိတ်တိတ်လေး ဝပ်နေလိုက်ကြပါတယ်။
(ဒါက လူတွေရဲ့ တွေးခေါ်မှု့ကို ပြောင်းလိုက်ခြင်း။ "Mind Changing Concept" ပါ။)
ဓါးပြတိုက်ပြီးတော့ MBA ဘွဲ့ ရထားတဲ့ ဓါးပြအငယ်က ပိုက်ဆံတွေကို ရေဖို့လုပ်ပါတယ်။ သူငယ်တန်းလောက်ပဲ စာသင်ခဲ့ရတဲ့ ဓါးပြအကြီးက မာန်လိုက်ပြီး…


"ဒီပိုက်ဆံတွေကို ရေတွက်နေစရာမလိုဘူး… ညကျရင် သတင်းထဲမှာ ဘယ်လောက်လဲဆိုတာ ပါလာလိမ့်မယ်…"
(ဒါက အတွေ့အကြုံ။ "Experience" ပါ။)
ဓါးပြတွေ ထွက်သွားတော့ ဘဏ်မန်နေဂျာက သူ့အထက် အရာရှိကို ရဲခေါ်ဖို့ ပြောပါတယ်။ အထက် အရာရှိက…
"နေဦး… ဓါးပြတိုက်သွားတဲ့ စာရင်းထဲမှာ (၅) သန်းလောက် ပိုထည့်လိုက်…"
(ဒါက အဆိုးရွားဆုံး အခြေအနေမှာတောင် ကိုယ့်အတွက်ကျန်အောင် လုပ်ယူတတ်ခြင်း။ "Swim With The Tide" ပါ။)
နောက်တစ်ရက် သတင်းမှာ ဘဏ်ကနေ (၁၀) သန်း ဓါးပြအတိုက်ခံရတယ်လို့ ပါလာပါတယ်။ ဓါးပြတွေ ဘယ်နှစ်ကြိမ် ရေတွက် ရေတွက် သူတို့ရဲ့ ပိုက်ဆံတွေက (၂) သန်းပဲ ရှိပါတယ်။
ဓါးပြတွေအနေနဲ့ အလွန်တရာမှ ဒေါသူပုန် ထသွားကြပါတယ်။ သူတို့က သက်စွန့်ဆံဖျား ဓါးပြတိုက်ပြီး (၂) သန်းပဲ ရလိုက်ချိန်မှာ ဘဏ်မန်နေဂျာက ဘာမှမလုပ်ပဲ (၈) သန်းလောက် အေးဆေးလေး ရသွားပါတယ်။
(ဒါက အကြံ၊ ဗဟုသုတဆိုတာ ရွှေလိုမျိုး အဖိုးတန်တယ်။
"Knowledge Is Worth As Much As Gold!" ပါ။)
ဘဏ်မန်နေဂျာက ပြုံးပျော်နေပါတယ်။
မနေ့က သူရှုံးခဲ့တဲ့ ရှယ်ယာတွေ ဒီနေ့မှာ အကုန်ပြန်ရလာပြီလေ။
"တစ်လ တစ်ခါလောက် ဓါးပြအတိုက်ခံရရင် ကောင်းမှာပဲ…" လို့တောင် တွေးနေမှာပါ။
(ဒါက အခွင့်အရေးဆိုတာကို အရယူတတ်ခြင်း။ "Seizing The Opportunity" ပါ။)
#Credit_to_OMG
from Phoenix Ygn Fb
မေတ္တာဖြင့် ထပ်ဆင့်ဝေမျှသည်