14 November 2017

မြန်မာနိုင်ငံအား အနောက်နိုင်ငံများက ဖိအားပေး အရေးယူမှုများ ပြုလုပ်နေသော်လည်း ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ဒေါ်လာ သန်း ၁၀၀၀ အကူအညီပေးမည်ဟု ဆို


မနီလာ (ဖိလစ်ပိုင်) နိုဝင်ဘာ ၁၄ 
The Ladies News
         ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် Philippines International Convention Centre (PICC) ရှိ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်။


             တွေ့ဆုံစဉ် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး၊ ရန်ကုန်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ၀င်ငွေတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား ချေးငွေပေးရေး၊ တိုင်းရင်း သား ဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ပေးရေးအတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံ အကူအညီပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ် သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များကို ထောက်ခံအကူ အညီ ပေးသွားမည့်ကိစ္စ၊ ကားလမ်းဖောက်လုပ်ရန်နှင့် လျှပ်စစ်ထုတ်လုပ်ရန် အတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၅ ဘီလီယံ ထောက်ပံ့ပေးရေးကိစ္စ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအား သင်တန်းပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
Ref - MSCO