နိုဝင်ဘာ ၁၈ ရက်မနက် ၁၀ နာရီမှာ အပုပ်နံတွေထွက်လာကြောင်း သတင်းပေးလို့ ကားနောက်ဖုံးဖွင့်ကြည့်ရာ အမျိုးသားမှာ ဦးခေါင်းနောက်စေ့ ညာဘက်ခြမ်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်နံစောင်း ၂ လက်မလောက် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်လက် မောင်းပြင်ပ ၁ လက်မလောက် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဘယ်ဘက်လည်ဂုတ် ၄ လက်မလောက် ပြတ်ရှဒဏ်ရာ ၂ ချက်၊ ညာဘက်လည်ပင်း ၁ လက်မလောက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာပခုံး လည်ပင်းအရင်း ၄ လက်မလောက် ထိုသွင်းပြတ်ရှဒဏ်ရာ ၁ ချက်နဲ့သေဆုံးနေပြီး အမျိုးသမီးမှာ ဘယ်ပခုံး ပြတ်ရှထိုးသွင်း ၁ ချက် ချိုင်းကြား ၅ လက်မလောက် လှီးဖြတ်ဒဏ်ရာ ၁ ချက်၊ ညာဘက်လည်ပင်းထိုးသွင်း ဒဏ်ရာ ၁ ချက်တို့ နဲ့ လွန်ခဲ့တဲ့ ၃ ရက်လောက်က သေဆုံးတယ်လို့ ခန့်မှန်းရကြောင်း ခရိုင်ရဲတပ်ဖွဲ့က ရဲအုပ်တဦးက ပြောပါတယ်။
ကားပေါ်မှာတွေ့ရတဲ့ ကရင်ပြည်နယ် နယ်ခြားစောင့် အမှတ် (၁) တပ်နယ်တံဆိပ်တခု နယ်ခြားစောင့်တပ်ဖွဲ့ပိုင် သက်သေခံလက်မှတ် ၂၀၁၈ ဘီးခွန်ကောက် အဝိုင်းတခုနဲ့ ဖုန်းနံပါတ်ရရှိလို့ ဆက်သွယ်ကာ စုံစမ်းစစ်ဆေးနေပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက လူသတ်မှုရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)