21 November 2017

ထိုင်းနယ်စပ် အချုပ်စခန်းမှ ၀ှီးဂါး အယောက် ၂၀ လွတ်မြောက်


21 November 2017     RFA Burmese




ထိုင်း-မလေးရှားနယ်စပ်နားက လူဝင်မှု ထိန်းသိမ်းရေးစခန်းမှာရှိနေတဲ့ တရုတ်နိုင်ငံ စင်ကျန်ဒေသက ၀ှီးဂါး မွတ်ဆလင်တွေ နံရံဖောက်ပြီး စောင်တွေကို လှေကားလိုလုပ် ထောင်ဖောက်ပြေးမှုမှာ အယောက် ၂၀ လွတ်မြောက်သွားပေမဲ့ ၅ ယောက်ကို ပြန်လည်ဖမ်းဆီးရမိပါတယ်။

အခု လွတ်မြောက်သွားသူ ၂၀ ဟာ ၂၀၁၄ ခုနှစ်က ဖမ်းဆီးထားတဲ့ ၀ှီးဂါး အယောက် ၂၀၀ ကျော်ထဲက နောက်ဆုံးကျန်ခဲ့သူတွေထဲက တချို့ဖြစ်ပါတယ်။

      သူတို့ဟာ တူရကီ နိုင်ငံသားတွေ ဖြစ်တယ်လို့ ပြောပြီး တူရကီကို ပို့ဆောင်ပေးဖို့ ပြောပေမဲ့ ၀ှီးဂါးတရာကျော်ကို တရုတ်နိုင်ငံဆီ ၂၀၁၅ တုန်းက ပြန်ပို့လိုက်ပါတယ်။ ဒီအတွက် နိုင်ငံတကာက ပြစ်တင်ဝေဖန်ကြပါတယ်။ တရုတ်နိုင်ငံပြန်ရောက်တဲ့အခါမှာ နှိပ်စက်ခံရမှာ စိုးရိမ်တဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဒီလိုပြန်ပို့တာကို ဝေဖန်ရှုတ်ချပါတယ်။