21 November 2017

ပိုင်ဆိုင်တဲ့ဓနဥစ္စာ ၇၀ ရာခိုင်နှုန်း အစိုးရကိုပေးလျှင် အဖမ်းခံဆော်ဒီမင်းသားများ လွှတ်ပေးမည်


Image may contain: 1 person, smiling, beardရေနံဈေးနှုန်းများကျဆင်းမှုကြောင့် ဆော်ဒီအာရေဗီးယားတွင် ဘတ်ဂျက်လိုငွေပြမှုကို ဖြေရှင်းနိုင်သော နည်းလမ်းတရပ် အစိုးရက ဖန်တီးခဲ့သည်။ 

ဖန်နယ်ရှယ်တိုင်းသတင်းစာတွင် ဖော်ပြထားချက်အရ ဖမ်းဆီးခံထားရသော ဆော်ဒီဘုရင့်ဆွေမျိုးစုဝင်များအနေနှင့် ၎င်းတို့
ပိုင်ဆိုင်သည့် ဓနကြေးငွေ၏ ၇၀ ရာခိုင်နှုန်းကို ဘတ်ဂျက်အတွက် ဖြည့်ဆည်းပေးနိုင်ပါက အချုပ်အနှောင်မှ လွတ်မြောက်နိုင်ကြောင်း အစိုးရက ကမ်းလှမ်းခဲ့သည်။
 ဆော်ဒီအစိုးရသည် ဖမ်းဆီးခံ ဆော်ဒီမင်းသားများထံမှ ဘီလီယံ ရာနှင့်ချီသော ငွေကြေးများဖြင့် လိုငွေပြမှုကို ဖြည့်ဆည်းပေးနိုင်မည်ဟု ဆိုသည်။


ဖမ်းဆီးခံရသူများတွင် မင်းသားအယ်လ်ဝါလိဒ်ဘင်တာလား၊ စီးပွားရေးလုပ်ငန်းရှင် ၀ါလိဒ်အယ်လ်အီဘရာဟင်၊ ဆော်ဒီ၏ ဂြိုဟ်တုအသံလွှင့်ဌာန အယ်အာရေဗီးယားကို ထုတ်လွှင့်နေသော အရှေ့အလယ်ပိုင်း အသံလွှင့်ဌာနကို ထူထောင်သူနှင့် ဘင်လာဒင်ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဘာကာဘင်လာဒင်တို့လည်း ပါဝင်သည်။ ၎င်းတို့ကို ရိယာဒ်မြို့ရှိ ရာဇ်ကာလ်တန်ဟိုတယ်ကြီးတွင် ထိန်းသိမ်းထားသည်။

ဆော်ဒီမင်းညီမင်းသားများ ၀န်ကြီးများနှင့် စီးပွားရေးသမားများကို ဖမ်းဆီးခြင်းအားဖြင့် ဒေါ်လာ ဘီလီယံ ၈၀၀ ခန့်ကို သိမ်းဆည်းနိုင်မည်ဖြစ်ကြောင်း၊ ဝေါလ်စထရိဂျာနယ်တွင် ပြီးခဲ့သော သီတင်းပတ်က ရေးသားခဲ့သည်။ ဆော်ဒီ၌ ရေနံဈေးနှုန်းမှာ ထိုးကျခဲ့မှုကြောင့် ဘတ်ဂျက်လိုငွေပြမှုများ လာခဲ့သည်။ ပြီးခဲ့သောနှစ်က လိုငွေပြမှုမှာ ဒေါ်လာ ၇၉ ဘီလီယံရှိခဲ့သည်။

ဆော်ဒီနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများရှိနေ၍ ယခုကဲ့သို့ အကျင့်ပျက်များကို ဖယ်ရှားမှုသည် ဆော်ဒီထီးနန်းဆက်ခံမည့် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန်းအနေနှင့် ၎င်း၏ သြဇာအာဏာကို ခိုင်မာအောင်ပြုလုပ်ခြင်းပင် ဖြစ်သည်။ ယင်းလုပ်ရပ်သည် ဆော်ဒီနိုင်ငံကို ခေတ်မီအောင် ကြိုးစားပြုလုပ်နေမှုအဖြစ် အချို့က မြင်နေကြသည်။ အိမ်ရှေ့မင်းသားကမူ ယခုကဲ့သို့ ဖမ်းဆီးမှုများသည် ဆော်ဒီစီးပွားရေးပို၍ ပွင့်လင်းမှုရှိလာစေရန် ကြိုတင်ပြင်ဆင်သည့် အနေနှင့် အကျင့်ပျက်ခြစားမှုများကို အမြစ်ဖြတ်ရန် ၎င်း၏ သန္နိဋ္ဌာန်ချထားမှု အစိတ်အပိုင်းတရပ်ဟု ဆိုသည်။

ထွဋ်ဝင်းထွဋ်
Ref; CNN
LikeShow more reactions
Comment