19 November 2017

ဘူးသီးတောင်၊ မောင်တောဒေသရှိ ဗလီဆရာ ၇၅ရာခိုင်နှုန်းသည် မလေးရှားနှင့် ဆော်ဒီအာရေဗီယားတို့တွင် ဘာသာရေးသင်တန်းတက်ဖူးဟု ဦးရဲထွဋ်ပြော


 News Watch
ဘူးသီးတောင်၊ မောင်တောဒေသရှိ ဗလီဆရာ(တရားဟောဆရာ) ၇၅ရာခိုင်နှုန်းသည် မလေးရှားနှင့် ဆော်ဒီအာရေဗီယားတို့တွင် ဘာသာရေးသင်တန်းတက်ဖူးသည်ဟု ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားသည်။ နိုဝင်ဘာ ၁၇ရက်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel၌ပြုလုပ်သည့် ရခိုင်အရေးနှင့် လုံခြုံရေးအမြင် ဟောပြောပွဲတွင် ဦးရဲထွဋ်က ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


"၂၀၁၂ ခုနှစ်မှာ ကော်မရှင်လုပ်တဲ့အခါမှာ မေးလိုက်တဲ့အခါမှာ ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ တရားဟောဆရာရဲ့ ၇၅ရာခိုင်နှုန်းက မလေးရှားနဲ့ ဆော်ဒီ အာရေဗီယားကို ရောက်ဖူးတယ်။ အဲဒီမှာ သွားပြီးတော့ သင်တန်းတက်ခဲ့ဖူးတယ်"ဟု ဦးရဲထွဋ်က ပြောကြားသည်။
Image may contain: 1 person, sitting   မောင်တောဒေသတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၂၂၂ကျောင်းသာရှိပြီး ဗလီ ၁၂၇၈လုံ၊ အာရဗီစာသင်ကျောင်း ၁၁၄၃ကျောင်းနှင့် ဘုရားရှိခိုးကျောင်း ၁၇ ကျောင်း ရှိကြောင်းလည်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။ ဘူးသီးတောင်၊ မောင်တောဒေသ တွင် အထကျောင်း ၂၆ကျောင်း၊ အလကကျောင်း ၂၁၆ကျောင်းနှင့် အမကကျောင်း ၁၆၂ကျောင်း၊ စုစုပေါင်း အစိုးရစာသင်ကျောင်း ၄၀၄ကျောင်းရှိကြောင်းလည်း ဦးရဲထွဋ် က ပြောကြားခဲ့သည်။ ယင်းအချက်အလက်များသည် ၂၀၁၄၊ ၂၀၁၅ခုနှစ်က ရရှိခဲ့ သည့် အချက်အလက်များဖြစ်သည်ဟု လည်းဦးရဲထွဋ်က ပြောကြားခဲ့သည်။

      ယင်းဗလီဆရာများသည် ဆော်ဒီအာရေဗီယားရှိ ဘာသာရေးအယူသည်းသည့် ဝဟာဗီဂိုဏ်းမှ အယူဆများကို ပြန်သယ်လာကြသည်ဟုလည်း ဦးရဲထွဋ်က ပြောကြား ခဲ့သည်။

"ဒီဗလီဆရာတွေရဲ့ ပညာသင်ထောက်ပံ့မှုကို ဘယ်သူကပေးလဲဆိုတော့ ဆော်ဒီ အာရေဗီးယားက နေပြီးတော့ ပေးတယ်။ ဆော်ဒီအာရေဗီယားရဲ့ ဝဟာဗီဆိုတဲ့ ဂိုဏ်း ကပိုပြီးတော့ အယူသည်းတယ်။ အဲဒီတော့ ဒီဝဟာဗီဂိုဏ်းမှာ လုပ်တဲ့သင်တန်းသား တွေ၊ သူတို့သည်ပြန်သယ်လာတဲ့အခါမှာ အဲဒီက အယူအဆတွေပြန်သယ်လာတယ်" ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။

       ဘင်္ဂါလီကလေးငယ်များသည် မူလတန်းပြီးလျှင် အာရဗီစာသင်ကျောင်းများသို့ ရောက်သွားကြောင်း၊ အသက် ၅၀၊ ၆၀အရွယ် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ အကြားတွင် ဆက်ဆံရေးရှိကြောင်း၊ ၁၉၉၀ ဝန်းကျင်နှစ်များမှ စတင်ကာ အာရဗီေ ကျာင်းများ ပိုမိုအားကောင်းလာကြောင်း၊ အသက် ၃၀အရွယ် ရခိုင်တိုင်းရင်းသားများ နှင့်ဘင်္ဂါလီများအကြားတွင် ဆက်ဆံရေးလုံးဝ မရှိတော့သည့် အနေအထားရှိကြောင်း၊ ဘင်္ဂါလီကလေးငယ်များသည် မူလတန်းပြီးလျှင် အာရဗီစာသင်ကျောင်းများသို့ ရောက် သွားခြင်းကြောင့် အသိုင်းအဝိုင်းနှစ်ခုကြားတွင် အတူယှဉ်တွဲနေထိုင်ရန် အခွင့်အရေး နည်းလာကြောင်းလည်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။

"ဒီမှာ(အာရဗီစာသင်ကျောင်း)က နေ့လည်စာ ကျွေးတာရှိတယ်၊ ထောက်ပံ့တာရှိ တယ်ဆိုတော့ ကလေးတွေက ဒီမှာရောက်သွားတဲ့အခါမှာ အသိုင်းအဝိုင်းနှစ်ခုကြား မှာ အတူနေထိုင်ဖို့ အခွင့်အရေး တဖြည်းဖြည်းနည်းလာတယ်"ဟု ဦးရဲထွဋ်က ပြော ကြားခဲ့သည်။

      ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်မှုနှင့် အကျိုး စီးပွား၊ နိုင်ငံသားဖြစ်ခွင့်ရှိသည် ဆိုသည့်အရှိတရား၊ တိုင်းရင်းသားမဖြစ်နိုင်ဆိုသည့် အရှိတရားနှင့် အကြမ်းဖက်ဝါဒသည် ဒေသတွင်းလုံခြုံရေးပြဿနာဖြစ်သည် ဆိုသည့် အရှိတရားလေးခုအပေါ် အခြေခံကာ ဖြေရှင်းသင့်ကြောင်းလည်း ၎င်းကပြောကြား ခဲ့သည်။
မင်းထင်