14 November 2017

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်းကုန် နေထိုင်နေကြသည့် နိုင်ငံခြားသား ၁၀၀၀၀၀ အား ရှင်းလင်းမည်


13 November 2017 11:10(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)


၁၃ နိုဝင်ဘာလ ၂၀၁၇

        ထိုင်းနိုင်ငံ ဘန်ကောက်နဲ့  တခြားပြည်နယ်တွေမှာ ဗီဇာသက်တမ်းကုန်နေပြီ ဖြစ်ပေမယ့် ဆက်မတိုးတော့ဘဲ နေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ တသိန်းကျော် ရှိနေပြီလို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့ စ် သတင်းစာကြီးမှာရေးသား ဖေါ်ပြထား ပါတယ်။

        အဆိုပါ နိုင်ငံခြားသားတွေမှာ ဒုစရိုက်ဂိုဏ်းဝင်တွေ အမှုအခင်းကြောင့် ထွက်ြေ ပးတိမ်းရှောင်နေသူတွေနဲ့  ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးမှုခင်းတွေကို ဆက်လက် ကျူးလွန်နေကြပါတယ်။

       ကာကွယ်ရေးဝန်ကြီး ပရာဝပ် ၀ုန်စ၀မ် ကတော့ နိုင်ငံခြားသားတွေဟာ အလယ် အပါတ်ဗီဇာနဲ့ ဝင်ရောက်လာကြပြီး နိုင်ငံရင်းကိုမပြန်ကြတော့ဘဲ နိုင်ငံတွင်း ဆက် လက်နေထိုင်နေကြတာဖြစ်တယ်လို့  ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

      အဆိုပါသက်တမ်းကုန် နိုင်ငံခြားသားတွေဟာ ဘန်ကောက်မြို့ မှာဆိုရင် နာနာ (အာဖရိကန်လူမဲ ရပ်ကွက်)- ဖတ်ခနုံ(အရှေ့ အလယ်ပိုင်းသား များ)- အွန်နွတ်(ရုရှား မာဖီးယားများ) နဲ့ ရန်ကန်ဟန်(တရုတ်) မြို့နယ်တွေမှာအများဆုံး နေထိုင်နေကြတာပါ။

      တခြားပြည်နယ်တွေမှာဆိုရင် ချင်းမိုင်-ပါတ်တယား-ချွန်ဘူရီ-စုန်ခါ-ပူးကက် -ကော့စမွေ -ကိုလဌာနီ ပြည်နယ် တွေမှာဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ ဟာ လက်နက်မှောင်ခို- ပြည့်တန်ဆာ- နိုင်ငံကူးလက်မှတ်အတု- မူးယစ်ဆေးဝါး -လူကုန်ကူးနဲ့ လက်နက်မှောင်လုပ်ငန်းတွေမှာ ပါဝင်ပါတ် သက်နေကြ ပါတယ်။

လက်ရှိအခြေအနေမှာ နာမည်ပျက်စာရင်းရှိနေသူ ၃၀၀ လောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက်ပြီး တနိုင်ငံလုံးအတိုင်းတာနဲ့ ရှင်းလင်းပွဲ လုပ်သွားမှာဖြစ်ကြောင်း သိရ ပါတယ်။

Social Action for Children and Women - SAW