17 November 2017

စားဝတ်နေရေးပြေလည်စေဖို့ တပိုင်တနိုင် တောင်ပို့ ”မှို” စိုက်ကြစို့


စားဝတ်နေရေးပြေလည်စေဖို့
တပိုင် တနိုင် တောင်ပို့ ”မှို”ဖောက်နည်း လေးကိုတင်ပြပေးမှာဖြစ်ပါတယ်
Image may contain: outdoor
ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်း စီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ်။ ယနေ့မှိုတစ်ပိဿာဈေးဟာလည်း၁ သောင်းေ ကျာ်နေတာမို့မက်လောက်စရာဖြစ်ပါတယ်”အရေးကြီးတာက နည်းသိဖို့ပါဘဲ ။

..သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများ အန္တရယ်မရှိယုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ
Image may contain: food
နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာအလွယ်တစ်ကူရှာဖွေရလွယ်ပါတယ်။

၁-ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့်
၂-ထမင်းဖြူ ၆၅ ကျပ်သား(တစ်ကီလို)
၃ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ်
Image may contain: food
*ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ်။
ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေး ရပါမယ်။
ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွန်းတဲ့နေ ရာမှာ ၇ ရက်ခန့်ထားရပါမယ် ။  ထိုအတောအတွင်းဇလုံကိုရွှေ့ပြောင်းခြင်းမပြုဘဲငြိမ်သက်စွာထာရမှာပါ၇ ရက်ကျော် တဲ့အခါဇလုံရဲ့မျက်နှာပြင်ပေါ်မှာအမြှပ်အဖက်ဖြူဖြူမဲမဲများတက်လာတာကိုတွေ့ရပါမယ် အဲဒါဟာ မှို ဖောက်ဖို့ ကျူလ္လင်စီ တွေဘဲဖြစ်ပါတယ်(တနည်းအားဖြင့် မှို မျိုးစေ့တွေ ဘဲဖြစ်ပါတယ်)
No automatic alt text available.
ထိုမှို မျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေး ပုံ သစ်ပင်ေ အာက်ရှိမြေဆွေး တွေအပေါ်နှံစပ်အောင်ချထားပေးပြီးထားရပါမယ်။
မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာဖျန်းပေးရုံဖြင့် အနံ့ အရသာနှင့်ပြည်စုံတဲ့တောင်ပို့ မှို တနည်း ကောက်ရရိုးမှိုတို့ကို လွယိကူစွာ ဆိက်ခူး စားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပါ…
Image may contain: food
အိမ်တွင်းတိုက်တန်ူကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်းမြေဆွေး” ထည့်၍စိုက် ပျိုးနိုင်ပါတယ်”
(အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူး တစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ်ဖျန်းပေးခြင်းဖြင့်ဌင်း မှိုမျိုးစေချထားသောနေ ရာများအားပက်ဖျန်းခြင်းဖြင့် အပင်များရှင်သန်ကြီးထွားေ စသောမြေဩဇာကဲ့သို့အ သုံးပြုနိုင်ပါသည်”’