14 November 2017

ဒုတိယဖြိုးမင်းသိန်း (သို့) ခပ်ညံ့ညံ့ ရန်ကုန်တိုင်း သံဃနာယက ဥက္ကဋ္ဌ ဦးဣဒ္ဓိဗလနဲ့အဖွဲ့သို့

၁၄.၁၁.၂၀၁၇
·


ဦးပါမောက္ခကို လူချွတ်ပေးပါသော သံဃနာယကအဖွဲ့အား မေးလျှောက်ခွင့်ပြုပါ။

ရဲစခန်းက ဖမ်းဝရမ်းနဲ့လူဝတ်လည် ခွင့်ပြုတော်မူသော အရှင်ဘုရားတို့ လုပ်ပိုင်ခွင့်ကို သံသယဖြစ်မိပါသည်ဘုရားးး..............


တည်ဆဲဥပဒေ
ဝိနည်းသိက္ခာ
အရှင်ဘုရားတို့အဖွဲ့ရဲ့ ဆင်ခြင်းတုံတရား အတက်ပညာအသိပညာသည်
လက်ရှိရဟန်းသံဃာများအပေါ် ကာကွယ်စောင့်ရှောက် လမ်းညွှန့်ပေးသော အဖွဲ့ကြီးတော့ မဖြစ်နိင်ဟု သံသယဖြစ်မိပါသည်။

ဥပမာပြရရင်
ဘာသာပေါင်းစုံပွဲများ ရဟန်းသာမဏေသီလရှင်များကို ဖိအားပေးဆင့်ခေါ်တက်ရောက်ခိုင်းခြင်းသည်
ဘုရားဝိနည်းသိက္ခာနဲ့မညီ
သာမဏသာရုပ္ပမဖြစ်သောအမှုကို ပြု၍

နိင်ငံတော်သံဃနာယကအဖွဲ့ကြီးကိုယ်တိုင် တားမြစ်ထုတ်ပြန်ရခြင်းကို ကြည့်ခြင်းအားဖြင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ရဲ့အသိဉာဏ်နည်းပါးမှုက ထင်ရှားတဲ့ပြယုဂ်တခုပါ။

တခြားအလားတူ
သာသနာတော်နဲ့ရဟန်းတော်များကို ကိုယ်စားမပြုသော အမှုများစွာရှိနေပါသေးသည်
အခုဦးပါမောက္ခအမှုနဲ့ပတ်သက်လို့ စွဲဆိုခံထားရသောအမှုသည် ပုဒ်မ ၅၀၅ နိင်ငံတော်အကြည်ညိုပျက်စေသောအမှုဟုဆိုပါသည် ဦးပါမောက္ခ သည် တကယ်ပဲ နိင်ငံတော်ကို အကြည်ညိုပျက်အောင် ပြောဆိုခဲ့ပါသလား???
မည့်သည်စကားဖြင့် ပြောဆိုခဲ့ပါသနည်း???
အရှင်ဘုရားတို့ ဆင်ခြင်းသုံးသပ်ခဲ့ကြပါသလား???
နိင်ငံတော်မှာ ရိုဟင်ဂျာမရှိဟူသောစကားသည် နိင်ငံတော်ကြီးကို အကြည်ညိုပျက်စေတဲ့စကားလား???

ဒါမှမဟုတ်
ကာကွယ်တဲ့ စကားလား???
အရှင်ဘုရား ခွဲခြမ်းစိတ်ဖြာမိကြပါသလား???
တည်ဆဲဥပဒေအရ မည့်သိုပင် စွဲဆိုစေကာမူ
ဝိနည်းဒေသနာအရ လူချွတ်နိင်လောက်သော အမှု ဟုတ်ပါသလား???

ရဟန်းတပါးကို လူချွတ်ဖမ်းဆီးခြင်းသည်
ရန်ကုန်တိုင်းသံဃနာယကအနေနဲ့
ဥပဒေအရအကာအကွယ်ပေးမှု
ဝိနည်းသိက္ခာအရ အကာအကွယ်ပေးမှု
ပြုလုပ်ပေးခဲ့ပါသလား???

ဒါမှ မဟုတ်
အလိုတူ အလိုပါ ပါဝင်ခဲ့ကြတာလား???
မေးလျှောက်ခြင်းပါသည်ဘုရား။

အရှင်ပညာသီရိ