24 November 2017

မြောက်ဦးယဉ်ကျေးမှုဒေသ ယူနက်စကိုစာရင်းဝင်ရေး ထင်ရှားသောအမွေအနှစ်များ ကို စာရင်းပြုစုသုတေသနပြုနေ


Democracy today       ရန်ကုန်၊ နိုဝင်ဘာ ၂၁
မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အတွက် ယင်းနယ်မြေအတွင်းမှ ထင်ရှားသောအမွေအနှစ်များကို တင်ပြနိုင်ရန်စာရင်းပြုစု၍ သုတေ သနပြုလုပ်ငန်းများကို တစ်လ ကြာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Image may contain: one or more people, people standing, outdoor and nature
    အဆိုပါလုပ်ငန်းများကို နိုဝင် ဘာလအတွင်း ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ် ရှေး ဟောင်းသုတေသနဌာနမှ ဆရာ များ၊ မြန်မာနိုင်ငံ ရှေးဟောင်းသု တေသနပညာအသင်းနှင့် ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မြောက်ဦး ဌာန ခွဲ)မှ ၀န်ထမ်းများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သု တေသနပြုလေ့ လာရေးတွင်ပါဝင် ဆောင်ရွက်လျက်ရှိသော ရန်ကုန် တက္ကသိုလ် ၊ ရှေးဟောင်း သုတေသန ပညာဌာနမှ ကထိကဒေါက် တာ ပြည့်ဖြိုးကျော်က နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။

"မြောက်ဦးကိုကမ္ဘာ့အမွေအနှစ် ၀င်ဖို့အတွက် ပညာရေးဝန်ကြီး ဌာနအနေနဲ့ကူတဲ့သဘောပါ။ တောတွေ၊ တောင်တွေထဲမှာ ဘာ တွေရှိမလဲလိုက်ကြည့်တယ်။ ကမ္ဘာ့ အမွေအနှစ်ဝင်ဖို့အတွက် တင်ပြ လို့ရနိုင်မယ့် ထင်ရှားတဲ့ယဉ်ကျေး မှုအမွေအနှစ်တွေကို စာရင်းလိုက် ခွဲလေ့လာသုတေသနလုပ်တာပါ။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ဆို ရင် Nomination Dossier (အဆို ပြုစာတွဲ) တင်ပြရတော့ အဲဒီမှတ် တမ်းတွေကိုရေးသားပြုစုဖို့ လုပ် နေတာပေါ့ " ဟု ဒေါက်တာပြည့်ဖြိုး ကျော်က ဆက်လက်ပြောသည်။

မြောက်ဦးဒေသမှ သျှစ် သောင်းပုထိုးနှင့် ထုက္ကန်သိမ်ကဲ့သို့ ထူးခြားထင်ရှားသောအမွေအနှစ် များကို သုတေသနပြုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ရန်အဆိုပြုစာတွဲမှာ အရေးကြီးသောအစိတ်အပိုင်းဖြစ်ကြောင်း လည်း သိရသည်။