24 November 2017

အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ပြန်လာမှုများပြားနေ


မြ၀တီ၊ နိုဝင်ဘာ ၂၂-

ထိုင်းနိုင်ငံ တွင် အထောက်အထားမရှိဘဲ သွား ရောက်အလုပ်လုပ် ကိုင်နေကြသည့် မြန်မာ အလုပ်သမား များသည် ဖမ်း ဆီးခံရမည်ကို စိုးရိမ်နေကြသော ကြောင့် ယခုရက်ပိုင်းတွင် မဲဆောက် မြို့မှတစ်ဆင့် ကရင်ပြည် နယ်မြ၀ တီမြို့ရှိ ပြန်လည်ကြိုဆိုရေးစခန်းသို့ ၀င်ရောက်လာမှုများ များပြားနေ ကြောင်းသိရသည်။




"အခုရက်ပိုင်းမှာ ပြန်လာတာ နေ့စဉ်နီးပါးဖြစ်နေတယ်။ ဟိုတ လောကတော့ လေး ရက်ငါးရက် ခြားလောက်မှ တစ်ခါလာကြတာ၊ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ ကတော့ ပြန်လာတဲ့ အလုပ်သမား တွေ ကို နေထိုင်စားသောက်ရေးက အစ နေရပ်ပြန်နိုင်ရေး ကို လိုလေ သေး မရှိ စီစဉ်ပေးနေပါတယ်။ ဆက်လက်ပြီးကြိုဆိုနေမှာဖြစ်ပါ တယ် " ဟု မြ၀တီပြန်လည်ကြို ဆို ရေးစခန်း တာဝန်ခံမြ၀တီခရိုင် အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိုက်စိုးမိုးက ပြော ကြားသည်။

မြ၀တီပြန်လည်ကြိုဆိုရေးစ ခန်းသို့ နိုဝင်ဘာ ၂၁ ရက် ညနေ ငါးနာရီခွဲက အမျိုးသား၊ အမျိုးသမီး ၁၇၉ ဦး၊ နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် အမျိုးသား၊ အမျိုး သမီး ၈၈ ဦး ပြန်လည်ရောက်ရှိလာ ကြပြီး ညနေ ၆ နာရီတွင် အမျိုး သား၊ အမျိုးသမီး ၉၀ ဦးထပ်မံ ရောက်ရှိလာကြသည်။

"သမီးကထိုင်းမှာအလုပ်လုပ် မယ်ဆိုပြီး ထားဝယ်ဘက်ကနေ ထိုင်း ကိုသွားခဲ့တာပါ။ ထိုင်းနိုင်ငံမဟာချိုင် ကိုရောက်တော့ အလုပ်လုပ်ရမှာ က သုံးနေရာလောက်ရှိတယ်။ ဒါပေ မယ့် သမီးတို့မှာက ပတ်စ်ပို့စာအုပ် တစ်ခုပဲရှိတယ်။ ကျန်တာဘာမှ မရှိဘူး။ တုံးထုထားတာလည်း မရှိ ဘူး။ အထောက်အထားမပြည့်စုံ ရင် အဖမ်းခံရမယ်လို့ပြောကြ တော့ ဟုတ်တိပတ်တိဘာအလုပ်မှ မလုပ်ရဘဲ ပြန်လာခဲ့တာပါ " ဟု ပဲခူး မြို့မှ မနှင်းဖြူကပြောကြားသည်။

မြန်မာအလုပ်သမား များမှာ ငါးလတာကာလအတွင်း လူဦးရေ ၄၅၀၀၀ ကျော်ရှိသွားခဲ့ ပြီဖြစ် ကြောင်း သိရသည်။