21 November 2017

တရားမဝင်ခိုးဝင်မှုတွေက မတည်ငြိမ်မှုတွေပေါ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော



21 November 2017       RFA Burmese



ကမ္ဘာတလွှား ပေါ်ပေါက်နေတဲ့ မတည်ငြိမ်မှုတွေ ပြသနာတွေ တော်တော်များများဟာ နိုင်ငံတကာမှာ တိုင်းတပါးသားတွေ တရားမဝင် ခိုးဝင်မှုတွေကြောင့် ဖြစ်နေရတာလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။

ေ  နပြည်တော်မှာ ကျင်းပတဲ့ အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲ ဖွင့်ပွဲနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းတပါးသားတွေ တရားမဝင် ခိုးဝင်မှုတွေကနေ အကြမ်းဖက်မှုတွေ၊ ခြိမ်ေးခြာက်မှုတွေ၊ လူမှုရေးစည်းလုံးမှုပြိုကွဲရတာတွေ ဖြဟ်ပွါးနေကြောင်း၊ ငြိမ်းချမ်းရေး ကင်းဝေးပြီး တိုးတက်ဖွံ့ဖြိုးမှု ကင်းမဲ့လာကြောင်းတဖက်မှာ ဆင်းရဲမွဲတေမှု တိုးပွါးလာကြောင်း ပြောပါတယ်။

ဒ့ါအပြင် ကမ္ဘာ့ပြသနာတွေကို ဖြေရှင်းရာမှာ အချင်းချင်းနားလည်မှုနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်မှုတွေကို အလေးထားဖို့ မူဝါဒ ရေးဆွဲသူတွေ အနေနဲ့ နားလည်သင့်ကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။