30 November 2017

အွန်လိုင်းပေါ်သို့ ပျံနှံ့နေသောသံဃာ(၁)ပါးအားဝိုင်းဝန်း ထိုးကြိုတ်ရိုက်နှက်ဆဲဆိုခဲ့သူများအား ဖမ်းဆီးအရေး ယူလိုက်ပြီ


၃၀.၁၁.၂၀၁၇ 

၂၈.၁၁.၂၀၁၇ရက်နေ့ နေ့လည်(၁)နာအချိန်ခန့်တွင်ထောက်ကြန့်မြို့ လမင်းသာ(၂)ဘီယာဆိုင်ထဲတွင်
သံဃာတော် (၁)ပါးအား ဆိုင်ရှင်ဖြစ်သူဦးအောင်မိုးနှင့်အရက်လာရောက်သောက်သူ ဦးမြင့်ကျော်တို့မှာ့
အလှူခံရမလားဟု ဝိုင်းဝန်းထိုးကြိုတ်ရိုက်နှက်ဆဲဆိုခြင်းများပြုလုပ်ခဲ့ကြပါသည်။


ထိုသို့သံဃာ(၁)ပါး ထိုးကြိုတ်ရိုက်နှက်ဆဲဆိုခဲ့သောမူဗီးဖိုင်သည် အွန်လိုင်းပေါ်သို့ ပျံနှံ့လာခဲ့သည်ကို ဗုဒ္ဓဘာ
သာများမြင်ကြ၍ စိတ်နှလုံးမချမ်းမြေ့ အားငယ်ညိုးနွမ်းခဲ့ကြရပါသည်။

ထိုကြိုတ်ရိုက်နှက်ဆဲဆိုခံခဲ့ရသည့် ဆရာတော်မှာလှည်းကူးမြို့ ရာမာဝတီကျောင်းတိုက်က ဦးဣန္ဒက
သံဃာစစ်စစ်ကြီးဖြစ်ပါသည်။

ဦးဣန္ဒကအား အကြောင်းမဲ့ ဝိုင်းဝန်းထိုးကြိုတ်ရိုက်နှက်ဆဲဆိုခဲ့သူ လမင်းသာ(၂)ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့်
အရက်လာရောက်သောက်သူ ဦးမြင့်ကျော်တို့အားထောက်ကြန့်ရဲစခန်းမှ (ပ)နံပတ် ၁၂၅၆/၂၀၁၇ ၂၉၅၊
၃၂၃၊၁၁၄ပုဒ်မတို့ဖြင့်အမှူ့အရေးယူခဲ့ပါသည်။

လမင်းသာ(၂)ဆိုင်ပိုင်ရှင်ဦးအောင်မိုးအား၂၉.၁၁.၂၀၁၇ရက်နေ့ညအချိန်တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဦးမြင့်ကျော်
ကိုတော့ အခုအချိန်ထိ ဖမ်းဆီးရမခြင်းမရှိသေးဟုထောက်ကြန့်ရဲစခန်းမှူး ဦးမြင့်လွင်မှ ပြောကြားခဲ့သည်။
မြို့နယ်သံဃာ့နာယကများလည်း၃၀.၁၁.၂၀၁၇ရက်လာရောက်မည်ဟုလည်းသိရပါသည်။

မျိုးချစ်သမဂ္ဂမှ ထောက်ကြန့်ရဲစခန်းအားမေး၍စခန်းမှူး ဦးမြင့်လွင်မှ ဆောင်ရွက်ထားခြင်းများအားဖြေ
ကြားပေးခဲ့သည်။ ဥပဒေအတိုင်းဆောင်ရွက်ရန်လည်းသမဂ္ဂမှ မိန့်ကြားပေးခဲ့ပါသည်။
ရဟန်းသံဃာများ အကြောင်းမဲ့.ရိုက်နှက် ထိုးကြိုတ်ဆဲဆို မုန်းတီးခြင်းများမှ ကင်းဝေးကြပါစေဗျာ...။

၂၉.၁၁.၂၀၁၇ အရှင်ပညာဝံသ(မျိုးချစ်သမဂ္ဂ)