14 November 2017

အာဆီယံ ထိပ်သီး စည်းဝေးပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် သံတမန်ရေး အရ အောင်ပွဲခံ


 BrainWave ဉာဏ်လှိုင်း
Image may contain: 3 people, people standing
မနီလာတွင် ကျင်းပသော အာဆီယံ နိုင်ငံများ ထိပ်သီး တွေ့ဆုံပွဲ တွင် ရခိုင်ပြည်နယ် အရေး နှင့် ပါတ်သက်ပြီး အာဆီယံ နိုင်ငံများ အားလုံးက မြန်မာဘက်မှ ရပ်တည် လိုက်ပြီ ဖြစ်ပါတယ်။


အင်္ဂါနေ့ ညနေ မှာ ထုတ်ပြန်ရာရန် ရှိတဲ့ ကြေငြာချက် မူကြမ်းမှာလည်း "ရိုဟင်ဂျာ" ဆိုတဲ့ စကားတလုံးမျှပင် မပါယုံတင်မကပဲ စာပိုဒ်တပိုဒ်မှာပဲ ဖေါ်ပြထားပါတယ်။

အဆိုပါ စာပိုဒ် တပိုဒ်မှာပင် မြန်မာနိုင်ငံ အရေး နဲ့ ပါတ်သက်ပြီး စာတကြောင်းပဲ အခုလို ဖေါ်ပြထားပါတယ်။


"the importance of humanitarian relief provided for victims of natural disasters in Vietnam and a recent urban battle with militants in the Philippines, as well as “affected communities” in northern Rakhine state."
ဒီကြေငြာချက်မှာ မြန်မာနိုင်ငံအား မည်သို့မျှ ပြစ်တင်ဝေဖန်ခြင်း မပြုခဲ့ကြသည့်အပြင် "ရိုဟင်ဂျာ" ဆိုသော အသုံးအနှုံးကိုပင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုဖြင့် ထည့်သွင်း မဖေါ်ပြဖို့ပါ သဘောတူကြပြီး "ထိခိုက် နစ်နာခဲ့ရသော အသိုက်အ၀န်း များ" အတွက် ကယ်ဆယ်ထောက်ပံရေး ပစ္စည်း များ ပေးပို့ရေး အတွက် ညှိနှိုင်းရေး စင်တာ တခု ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အဖို့က အလုံးအထည် တစက်မှ လျော့မသွားတဲ့ အပြင် အမှန်တရားကို မျက်နှာအောက်ချ ခေါင်းငုံ့ခြင်း မရှိပဲ ရဲရဲ ရင်ဆိုင်ရဲ သတ္တိကို ကျွန်တော်တို့ အားလုံး အတုယူရမှာ ဖြစ်ပါတယ်။ ထို့အတွက် ပြီးခဲ့သော ထိပ်သီး ဆွေးနွေးပွဲများတွင် သူမနှင့် စကားပြောခွင့်ရရန် အလုအယက် ကပ်ဖါးယပ်ဖါး ဆက်ဆံနေသူများသာ များတယ်လို့ ဖီလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဟောင်းက မှတ်ချက်ချတာကိုလည်း ဖတ်လိုက်ရပါတယ်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ဘင်္ဂလားဒေ့ရှ် အစိုးရ နဲ့ ဒုက္ခသည်များ ပြန်လာရေး နားလည်မှု စာချွန်လွှာ လက်မှတ် ထိုးပြီး တာနဲ့ ပြန်လည် ခေါ်ယူမယ်လို့ ကတိပေးခဲ့ပါတယ်။

မကြာမီက နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် ဦးကျော်ဇေယျက ဒုက္ခသည်များ ပြန်လာရေး အတွက် စည်းကမ်းချက် (၄) ရပ် သတ်မှတ် ပြဌာန်းပြီး ဖြစ်တယ်လို့ မြန်မာ-အိန္ဒိယ ဆက်ဆံရေး ဆိုင်ရာ ညီလာခံ မှာ ပြောဆိုသွားခဲ့ပါတယ်။

(၁) ရေရှည် နေထိုင်ခဲ့သူ ကြောင်း စာရွက်စာတမ်း ပြနိုင်သူ ဖြစ်ရမည်။ (ဆေးရုံလက်မှတ်၊ အလုပ်သမား မှတ်ပုံတင်၊ ကျောင်းထွက်လက်မှတ်)
(၂) မိမိတို့ ဆန္ဒအလျောက် ပြန်လာလိုသူများ ဖြစ်ရမည်။
(၃) မြန်မာဖက်တွင် ဆွေမျိုးများရှိကြောင်း အထောက်အထား
(၄) ကလေးများ အနေဖြင့် မိဘများသည် အမြဲနေထိုင်ခဲ့သူ ခဲ့ကြောင်း သက်သေပြနိုင်ရမည်

ထိုကဲ့သို့ အချက် (၄) ချက်ကို တင်းကျပ်စွာ ချမှတ်ခဲ့ရခြင်းမှာ လည်း လူသားချင်း စာနာထောက်ထားမှုချည်းပဲ ဦးစားပေး၍ မရ၊ နိုင်ငံ လုံခြုံရေး ကိုပါ ထည့်သွင်း စဉ်းစားခဲ့ခြင်းကြောင့်ဟု ဆိုပါတယ်။

နောက်ထပ် ဖြစ်စဉ်တရပ်အနေနဲ့ တပ်မတော်မှ နိုင်ငံတကာမှ စွပ်စွဲမှု များ အတွက် တပ်တွင်း စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရာ မူဆလင်ကျေးရွာပေါင်း ၅၄ ရွာရှိ နေထိုင်သူ များထဲမှ ၂,၈၁၇ ဦးအား တွေ့ဆုံမေးမြန်းခဲ့ပြီး "အပြစ်မဲ့ ရွာသားများ" ကို ပြစ်ခတ်ခြင်း နှင့် အမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ခြင်း မျိုး လုံးဝ မတွေ့ရှိရလို့ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

သို့သော် တဆက်တည်းမှာ မည်သည့်အကြောင်းပြချက်မှ တစုံတရာ ဖေါ်ပြခြင်း မပြုပဲ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် မောင်မောင်စိုး ကို ရာထူးမှ ဖယ်ရှားကာ ထောက်ပံ့ရေးမှ ဗိုလ်မှုးချုပ် စိုးတင်နိုင်အား အစားထိုး ခန့်အပ်လိုက်ပါတယ်။

လောလောဆယ် ဘင်္ဂလားပင်လယ် ကမ်းစပ်တွင် တဖက်နိုင်ငံသို့ ဖြတ်ကူးရန် တဦးလျင် ဒေါ်လာ ၅၀ ခန့် ပေးရမယ့် စက်လှေခကို မပေးနိုင်၍ သောင်တင်နေကြသူများထံ မြန်မာဖက်မှ ပြည်ပ သတင်းစာဆရာများကို ခေါ်သွားပြီး ပြသခဲ့ပါတယ်။

၎င်းတို့ အတွက်
လိုအပ်သမျှ ကို ကမ္ဘာကြက်ခြေနီ အဖွဲ့မှ ကူညီထောက်ပံ့လျက် ရှိနေပါတယ်။
သို့သော် ၎င်းတို့၏ မဲဆန္ဒရှင်များ မျက်နှာညိုမည် စိုး၍ အီးတောင် မပေါက်ရဲရှာသော နိုင်ငံရေး သမားများအဖို့က အမိနိုင်ငံ မြေမှာနေ၊ အမိနိုင်ငံ၏ ရေကို သောက်ကာ ကျေးဇူးကန်းခဲ့ကြသော အဆိုပါ ဘင်္ဂါလီများကို လှဲနေ လှေအောင်း မြင်းဇောင်းမကျန် တပြည်လုံး မုန်းတီးနေကြသော အဖြစ်ကို သိသိကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းတို့အား စာနာထောက်ထားမှု ပြရမည်ဟု အတင်းအကျပ် ဆိုကောင်းတုန်း ဖြစ်ပါတယ်။

၎င်းတို့အဖို့ က အမြဲလိုလို မိမိတို့ ဖြစ်စေချင်သည်များကို မြေပြင်အနေအထားကို မကြည့်ပဲ လုပ်ခဲ့သည့် ပေါ်လီစီ အမှားများကြောင့်လည်း ယခုတိုင် ဒုက္ခခံနေရဆဲ ဖြစ်ပြီး မြန်မာနိုင်ငံအရေးတွင် ထိုသို့ ဆက်လက်ပြုလုပ်နေပါက ၎င်းတို့ အစိုးရိမ်ကြီး စိုးရိမ်နေသော တရုတ်ဖက်သို့ ပိုနီးစပ်သွားအောင် ပြုလုပ်နေခြင်းမျှသာ ဖြစ်တယ်လို့ နေပြည်တော်ရှိ ပုဂ္ဂိုလ်များက နေပြည်တော်မာ နိုဝင်ဘာ ၁၅ -၂၀ အတွင်း ကျင်းပမယ့် အာရှ-ဥရောပ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး ASEM မတိုင်မီ သတိပေးလိုက်ပြီလည်း ဖြစ်ပါတယ်။

(ပုံတွင် ထိုင်းဝန်ကြီးချုပ် ချန်အိုချာ နှင့် မလေးရှား ၀န်ကြီးချုပ် နာဂျစ် တို့နှင့် အတူ တွေ့ရစဉ်)
HSW