12 November 2017

မြန်မာလုပ်သားများအပေါ် အဂတိလိုက်စားသော ရဲတပ်ဖွဲ့နှင့်ပွဲစားများကို ထိရောက်စွာအရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော


ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းတို့ နိုဝင်ဘာ ၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ − ကိုမောင်)
 
ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာလုပ် သားများအပေါ် ရဲတပ်ဖွဲ့ဝင်များ နှင့် ပွဲစားများအဂတိလိုက်စားပါ က ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်နိုင်ရေး တိုင်ကြားရန်  ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မြန်မာသံအမတ်ကြီး အား ပြောကြားသည်။


နိုဝင်ဘာ ၈ ရက်က ထိုင်း နိုင်ငံဝန်ကြီးများရုံးတွင် ၀န်ကြီး ချုပ်ပရာယွတ်ချန်အိုချာနှင့် သွား ရောက်တွေ့ဆုံစဉ် အထက်ပါအ  တိုင်း ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံအ မတ်ကြီးဦးမျိုးမြင့်သန်းက 7Day Daily သတင်းစာအားပြောသည်။
‘‘အဂတိလိုက်စားမှုတွေရှိရင်ပြောပါတဲ့။ သူ(ပရာယွတ်)ထိ ထိရောက်ရောက် အရေး ယူပေးပါမယ်တဲ့။ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့ မြန်မာလုပ်သားတွေအပေါ် ပွဲစားတွေရော၊ရဲတပ်ဖွဲ့ဝင်တွေရောပေါ့။ အဲဒီလိုမျိုးရှိရင်ပြောပါ၊ အရေးယူပေးပါမယ် တဲ့။ မြန်မာဘက်ကလည်းဆောင်ရွက်ပေးပါလို့ပြောတယ်’’ဟု သံ အမတ်ကြီးဦးမျိုးမြင့် သန်း ကပြောကြားသည်။

ထိုင်းနိုင်ငံ နေရာအများအပြားတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ပြုလုပ်နေသူများထံမှ ငွေတောင်းခံနေသော ပွဲစားများကို ဖမ်းဆီးအရေးယူရန် ထိုင်းဝန်ကြီး ချုပ်ပရာယွတ်က စက်တင်ဘာ ၂၆ ရက်၌ ညွှန်ကြားထားသည်။

      CIလက်မှတ်ပြုလုပ်နေသော မြန်မာလုပ်သားများကို မြန်မာနှင့် ထိုင်းနိုင်ငံသား ပွဲစားများက CIစခန်း အတွင်းဝင်ခွင့်နှင့်ပြုလုပ်ခများ အဆမတန်တောင်းခံနေကြောင်း တိုင်ကြားမှုများ ဖြစ်ပေါ်နေသောကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ညွှန်ကြာြး ခင်းဖြစ်သည်။

     အောက်တိုဘာလဆန်းက မြန်မာလုပ်သား ၁၀၀ ကျော်ကို ထိုင်းနိုင်ငံတွင် အလုပ်ပေးမည်ဟု ဆိုကာ နှစ်နိုင်ငံသဘောတူစာချုပ် (MoU)ဖြင့် လိမ်လည်ခေါ်ေ ဆာင်သော ထိုင်းနိုင်ငံသားပွဲစားတစ်ဦးကို မြ၀တီမြို့၌ဖမ်းဆီးထားသည်။

ထို့အပြင် ထိုင်းရောက် တရားမ၀င်လုပ်သားများနှင့်ပတ် သက်၍ အသစ်ထုတ်ပြန်ထား သည့် နည်းဥပဒေကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားရာ ရက်ပြည့်တော့မည်ဖြစ်၍ သက် တမ်းထပ်မံ တိုးပေးရန် တောင်းဆိုခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။

        ထိုရက်များအတွင်းဖမ်းဆီးမှုများပြုလုပ်မည်မဟုတ်ကြောင်း ထိုင်းအစိုးရက
ပြောဆိုထားသည်။ ဆိုင်းငံ့ထားသောရက်သည် လာမည့်ဒီဇင်ဘာ ၃ ရက်တွင် ပြည့် မည်ဖြစ်သည်။

တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းအစိုးရက ဇွန်လ ၂၀ ရက် တွင် ဥပဒေထုတ်ပြန်ပြီးနောက် တရားမ၀င်နေထိုင်သော မြန်မာ လုပ်သားများ အပါအ၀င်နိုင်ငံခြားသားများကို ဇွန်လ ၂၂ ရက်က စတင်ဖမ်းဆီးသည်။