07 September 2017

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း- ၃၆] ပြည်တွင်း ပြည်ပမီဒီယာများ ပါဝင်သော သတင်းအဖွဲ့ မောင်တောမြို့၌ ဆက်လက်သတင်းရယူ


နေပြည်တော်၊ စက်တင်ဘာ ၇
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းများ ရယူနိုင်ရန် ပြည်တွင်း ပြည်ပ မီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မောင်တောမြို့မြို့မ ကညင်တန်းရပ်ကွက်ရှိ ဘင်္ဂလီဈေးတွင် ဈေးရောင်း ဈေးဝယ်များဖြင့် စည်ကားနေမှု နှင့် အကြမ်းဖက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ပုံမှန်ရောင်းဝယ်နေမှု အခြေအနေကိုအစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။


ထို့နောက် မောရဝတီတိုင်းရင်းသား ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ ရပ်မိရပ်မိ
ဦး စံလှဖြူ နှင့် ကျေးရွာသား အချို့အား တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။
ဆက်လက်၍ အလယ်သံကျော် ကျေးရွာအုပ်စု မောင်တူလာကျေးရွာ နှင့် ဈေးကုန် တန်းကျေးရွာတို့ရှိ မီးလောင်မှု အပျက်အစီးများကို ဓာတ်ပုံမှတ်တမ်းများ ရယူပြီး သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်မှုကို ပြန်လည် ခုခံကာကွယ်နိုင်ခဲ့သည့် နယ်ခြားစောင့် စခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း သတင်းရယူသည်။

ထို့နောက် အထက်ကမ်းပိုင်ကြီးကျေးရွာ နှင့် ကံဗူး ကျေးရွာတို့၌ မီးလောင်ပျက် စီးနေမှုများ ကို ဓာတ်ပုံမှတ်တမ်းများ ရယူကြသည်။
ယင်းနောက် မောင်တောမြို့ သို့ အပြန်လမ်း၌ ဂေါ်ဒူသာရ ကျေးရွာတွင် မီးလောင်မှု အပျက်အစီး များကို မှတ်တမ်း ဓာတ်ပုံများ ရယူကြသည်။

သတင်းအဖွဲ့များ ဂေါ်ဒူသာရကျေးရွာသို့ မီးလောင်မှုသတင်းကို ရယူစဉ် တိုင်းရင်း သား လေးငါးဦးခန့်ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် မောင်တောခရိုင်အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို ၎င်းတို့လည်း ကြားသိရသဖြင့် အနီးရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ပြီး ရှာဖွေ စစ်ဆေးစေ လျက်ရှိကြောင်း ဖြေကြားသည်။

ထို့နောက် ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့များသည် မောင်တော မြို့မအေ နာက် ရပ်ကွက်ရှိ အမှတ် (၁)အ၀င်အထွက် စစ်ဆေးရေး စခန်းနှင့် စခန်းအနီးရှိ မြန် မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုးကာရံထားမှုကို ဓာတ်ပုံ မှတ်တမ်း ရယူခဲ့ကြသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)