26 September 2017

ကုလညီလာခံ ရခိုင်အရေးဝေဖန်ချက် မြန်မာသံအမတ်ကြီးတုံ့ပြန်


26 September 2017 စုမြတ်မွန်  / ဗွီအိုအေ (မြန်မာပိုင်း)
၇၂ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းတုံ့ပြန်စဉ်
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ၇၂ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသ မဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စတွေ ကို တုံ့ပြန်စဉ်မှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။


ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာဖြစ်ထားတဲ့ နေရာတွေဆီကို နိုင်ငံတကာကိုယ် စားလှယ်အဖွဲ့ကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ခေါ်သွားဖို့ အစိုးရက စီစဉ်နေတယ် လို့လည်း သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက အသိပေးခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

နယူးယောက် မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပခဲ့တဲ့ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့ သီတင်းတပတ်လုံး နိုင်ငံစုံကခေါင်းဆောင်တွေ မိန့်ခွန်းပြောကြားခဲ့ကြတဲ့ထဲမှာ မြန်မာ မာနိုင်ငံကနေ ရိုဟင်ဂျာတွေ သိန်းနဲ့ချီထွက်ပြေးတဲ့ကိစ္စကို ခေါင်းဆောင်တော်တော် များများက ထည့်သွင်းပြောခဲ့ကြပါတယ်။ အထွေထွေညီလာခံလာတက်တဲ့ ခေါင်းေ ဆာင်တွေကြားမှာလည်း မြန်မာကိစ္စကို အလေးထားဆွေးနွေး စရာဖြစ်ခဲ့တယ်လို့ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ကတော့ အထွေထွေညီလာခံ အပြန်အလှန်ဆွေးနွေးပွဲအတွင်း သက် ဆိုင်ရာနိုင်ငံတွေအလိုက် တုံ့ပြန်ခဲ့ကြတာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး က ရခိုင်အရေးကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးပြုတ် ရှင်းလင်း သုတ် သင်မှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ရှိနေတယ်လို့နိုင်ငံတချို့က ပြောကြားခဲ့ကြတဲ့အပေါ် မြန်မာနိုင်ငံက အပြင်းထန်ဆုံး ကန့်ကွက်တယ်လို့ သံအ မတ်ကြီး ဦးဟောင်ဒိုဆွမ်းက တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော်ရှင်းရှင်းပဲ ပြောပါရစေ သဘာပတိကြီးခင်ဗျား။ မြန်မာနိုင်ငံမှာ လူမျိုးပြုတ် ရှင်းလင်းမှု မရှိသလို လူမျိုးတုံးအောင် သတ်ဖြတ်မှုလည်း မရှိပါဘူး။ မြန်မာခေါင်းေ ဆာင်ေ တွဟာ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် ဟိုးအရင်ထဲက ကြိုးပမ်းလာ ခဲ့ကြသူတွေဖြစ်တဲ့အတွက် ဒီလိုမူဝါဒမျိုးကိုလည်း လက်မခံပါဘူး။ လူမျိုးပြုတ် ရှင်း လင်းမှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေမဖြစ်အောင်လည်း အတတ်နိုင်ဆုံး ကာကွယ်သွား မှာဖြစ်ပါတယ်။”

ဒီအသုံးအနှုန်းမျိုးတွေကို ပေါ့ပေါ့တန်တန် မသုံးဘဲ ခိုင်မာတဲ့သက်သေပြနိုင်မှ သုံးသင့်ကြောင်းနဲ့ ဒီလိုစွပ်စွဲချက်တွေဟာ သိပ်ကို အပြစ်ကြီးမားတဲ့အတွက် ဥပဒေ အရ စုံစမ်းလေ့လာသုံးသပ်ပြီး စဉ်းစားဆုံးဖြတ်ဖို့လိုအပ်တယ်လို့လည်း သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက အလေးအနက်ပြောပါတယ်။ မြန်မာနိုင်ငံကို စွပ်စွဲနေတဲ့ကိုယ်စား လှယ်တွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ အခြေအနေကို ထိထိရောက်ရောက် ဘက်မလိုက်အမြင်နဲ့ကြည့်ဖို့လည်း တိုက်တွန်း သွားခဲ့ပါတယ်။

 မြန်မာနိုင်ငံမှာ အကြမ်းဖက်ဝါဒီတို့ရဲ့ အန္တရာယ်ရှိနေတာကိုလည်း သူက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ဥပမာပေးပြီး ရှင်းပြပါတယ်။ အသတ် ခံရတဲ့ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့ နေရာတွေ အခု ရက်ပိုင်းမှာ တွေ့ရှိခဲ့တာကိုလည်း ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးက ပြောပြခဲ့ ပါတယ်။

“ARSA အကြမ်းဖက်အဖွဲ့ရဲ့ ဆိုးဝါးယုတ်မာတဲ့ လုပ်ရပ်တွေ မနေ့က ထပ်မံပေါ်ထွက် လာခဲ့ပါတယ်။အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ARSA အဖွဲ့က ရက်ရက်စက် စက် သတ်ဖြတ်ထားတဲ့ ဟိန္ဒူရွာသား ၂၈ ယောက်ကို အစုလိုက် အပြုံလိုက် မြုပ်နှံ ထားတဲ့ကြွင်းကြီးတခုကို မနေ့က အာဏာပိုင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီကနေ့မှာလည်း နောက်ထပ် အလောင်း ၁၇ လောင်းကို ထပ်မံ တူးဖော်ရရှိပါတယ်။ သြဂုတ် လ ၂၅ ရက်နေ့ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်မှာ ပျောက်ဆုံးနေတယ်လို့ သတင်းရရှိထားတဲ့ ဟိန္ဒူရွာသူရွာသား ၉၃ ယောက်ထဲက အသတ်ခံရသူတွေ ဖြစ်ကြပါတယ်။”

Bangladesh နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့သူတွေနဲ့ပတ်သက်လို့ တုံ့ပြန်ပြောတာမှာတော့ အဓိကအကြောင်းကကြောက်ရွံ့မှုကြောင့်လို့ မြန်မာသံအ မတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတိုက်ဖို့ အမျိုး သားတွေကို ARSA အဖွဲ့ထဲ မဖြစ်မနေဝင်စေသလို နိုင်ငံတကာရဲ့စိတ်ဝင်စားမှုရစေဖို့ ဘင်္ဂလားဒေ့ရ ဖက်ထွက်ပြေးအောင် ရွာတော်တော်များများကို ခြိမ်းခြောက်ခဲ့တဲ့အ တွက် ကြောက်လန့်ပြီး အများအပြား ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။

ပဋိပက္ခတွေဖြစ်ထားတဲ့နေရာတွေမှာ အခြေအနေ ပုံမှန်ပြန်ဖြစ်အောင်ကြိုးစားနေ သလို အကူအညီလိုအပ်နေသူတိုင်းကို မခွဲခြားဘဲ အကူအညီပေးနိုင်ဖို့ ဦးစားေ ပးဆောင်ရွက်နေတာကိုလည်း ရှင်းပြသွားပါတယ်။

“အခုဆိုရင် ပိုပြီးထိရောက်မယ့်ဆောင်ရွက်ချက်တွေကို အစိုးရက ဆောင်ရွက်နေပါပြီ။ ကြက်ခြေနီအဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိုးရဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့တခုကို ဖွဲ့စည်းထားပြီး အိုးအိမ်ပစ် ခိုလှုံနေကြသူအားလုံးကို အကူအညီတွေပေးနေပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဒုက္ခရောက်နေတဲ့ လူမှုအသိုင်းအဝိုင်းအားလုံး အင်မတန်လို အပ်နေတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေရနိုင်ဖို့အတွက် ASEAN အဖွဲ့ရဲ့ လူ သားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး AHA စင်တာကို အသုံးပြုနိုင်ဖို့ အတွက် လည်း တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးနေပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြဿနာတွေဖြစ်ခဲ့ပြီးနောက်အဲဒီနေရာတွေဆီသတင်း ထောက်တွေ၊ အကူအညီပေးသူတွေကို လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ တောင်းဆို မှုတွေလည်း ကျယ်ကျယ်လောင်လောင်ရှိခဲ့ပါတယ်။ အခု ကြာသပတေးေ န့ကျရင်ေ တာ့ နိုင်ငံတကာအဖွဲ့တခုကို သွားခွင့်ပေးဖို့ စီစဉ်ထားပါတယ်လို့ ကုလသ မဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက အသိပေးပါတယ်။

“နိုင်ငံစုံပါဝင်တဲ့ အဖွဲ့တခုကို စက်တင်ဘာလ ၂၈ ရက်နေ့ကျရင် ရခိုင်ပြည်နယ်ြေ မာက်ပိုင်းက ပြဿနာဖြစ်ထားတဲ့နေရာတွေကိုခေါ်သွားပြီးအခြေအနေကို ကိုယ်တိုင် မျက်မြင်တွေ့နိုင်ကြဖို့အတွက် အစိုးရက စီစဉ်နေပါတယ်။ ဒုက္ခသည်အရေးကို ဖြေရှ င်းနိုင်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရ ဖက်ကို ဆက်သွယ်ထားပါတယ်။”

Mr. Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြု ချက်ေ တွ က အစိုးရအတွက် ရှင်းလင်းတဲ့လမ်းပြမြေပုံဖြစ်တာကြောင့် အကောင်အ ထည်ေ ဖ်ာဖို့ ခိုင်ခိုင်မာမာဆုံးဖြတ် ဆောင်ရွက်နေတဲ့အကြောင်းလည်း ရှင်းပြပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ရောက်နေတဲ့ ဒုက္ခသည်တွေကိုလည်း ၁၉၉၃ သဘော တူညီ ချက်အတိုင်း ပြန်လည်လက်ခံမယ်ဆိုတာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုစွမ်းက ကုလသမဂ္ဂအထွေထွေညီလာခံ ဆွေးနွေးပွဲမှာ ထပ်မံအသိပေး ခဲ့ပါတယ်။
အသံနားဆင်ရန် https://burmese.voanews.com/pp/4044360/ppt0.html