24 September 2017

“ မူဆလင်တွေ အထဲမှာ အကြမ်းဖက်သမားတွေဝင်ရောက်ပြီးတော့ သြဇာအာဏာ ထူထောင်သွားပြီဆိုတာ သူတို့လက်ခံ သွားပြီဆိုတဲ့အချက်တစ်ချက်ပဲထူးခြားပါတယ်”

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပက်ထရစ်မာဖီနှင့်တွေ့ဆုံခဲ့သူ ဦးဦးလှစောနှင့် အင်တာဗျူး
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပက်ထရစ်မာဖီ (Patrick Murphy)၊ အမေရိကန် သံအမတ်ကြီး စကော့မာရှယ်နှင့် သံအရာရှိများ ပါဝင်ေ သာ အဖွဲ့ သည် ၂၁ – ၉ – ၂၀၁၇ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ရခိုင်အမျိုးသားပါတီ မှ တာဝန်ရှိသူများနှင့် ပါတီ ဗဟိုရုံချုပ်တွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

ရခိုင်အမျိုးသားပါတီဘက်မှ ဒုဥက္ကဌ ဦးခိုင်ပြည်စိုး၊ဒုဥက္ကဌဒေါ်အေးနုစိန်၊ ဗဟိုအလုပ်အမှုဆောင်မြောက်ဦးမြို့နယ် ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ အတွင်းရေးမှူး ဦးအောင်မြကျော် တို့ တက်ရောက်ခဲ့ပါသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဦးလှစောအား ဆွေးနွေးပွဲအကြောင်းနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာန က စတင်မေးမြန်းရာ သူက ယခုလို စတင်ပြောကြားသည်။

ဖြေ- အဓိကကလေ သူတို့က ကျွန်တော်တို့ပါတီကိုလာတယ် အမေရိကန်သံအမတ် ကြီးလည်းပါတယ်။ ကျွန်တော်တို့ ပါတီကလည်း အတွင်းရေးမှူးရယ်၊ ဒုဥက္ကဋ္ဌ နှစ်ယောက်ရယ်၊ နောက် ကိုအောင်မြကျော်ရယ် ကျွန်တော်ရယ် ငါးယောက်ပေါ့။ ပထမတော့ သူတို့လာရတဲ့အကြောင်းအရင်းကတော့ ရခိုင်မှာရှိတဲ့ အစိုးရ အဖွဲ့၊ နောက်နိုင်ငံရေး ပါတီတွေကို သူတို့ရဲ့ အမြင်ကိုတွေ ဖလှယ် ဆွေးနွေးဖို့လာတာ။ သူတို့ရဲ့အမြင်ကို ကျွန်တော် ထင်တာကတော့ အရင်တုန်းကလိုမျိုးပဲ ကြီးကြီးမား မားပြောင်းလဲသွားတာသိပ်မရှိဘူး။ သူတို့က ARSA ရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင် တယ်၊ ရှုတ်ချတယ် အဲ့ဒီလောက်ပဲ။ နောက်တစ်ချက်က အဲဒီမှာက ပြသနာဘာမှမရှိပါ ဘူး ။ဒါပေမဲ့ နောက်တစ်ချက်ကတော့ အကြမ်းဖက်မှု နောက်ပိုင်းမှာ ဒီဘက်က တုန့်ပြန်လာတဲ့အပေါ်မှာဖြစ်လာတဲ့ Impect တွေပေါ့။ Impect တွေပေါ်မှာ ဖြစ်လာ တဲ့ အပေါ်မှာသူတို့စိုးရိမ်မှုရှိတယ်။ နောက် ဘင်္ဂလားဒေ့ရှ်ကို ပြေးသွားတဲ့ သူတွေ အတွက်ရော၊ ဒီရခိုင်ဘက်မှာ လာတဲ့ ရခိုင်တွေနဲ့ ရခိုင်မျိုးနွယ်စု IDP တွေအတွက်ေ ရာ သူတို့မှာ လူသားချင်းဆိုင်ရာ ကူညီမှုဆိုတဲ့ အနေအထားတွေကို သူတို့ တင်ပြ တယ်။ အဲ့ဒီအပိုင်းတွေပါ သူတို့က အဲ့ဒီလောက်ပဲ။ နောက်သူတို့က ဆွေးနွေးပြီးတဲ့ အခါမှာကျတော့ INGO တွေနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ အမြင်သဘောထား ကိုပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့သဘောထားကို ပြော တယ်။ သဘောထားကတော့ ကွဲလွဲမှုတွေ ရှိကြပါတယ်။

မေး- အိုင်အန်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုနေရာမှာကွဲလွဲမှုတွေ ရှိပါသလဲ။

ဖြေ- သူတို့ကတော့ ဒီ INGO တွေနဲ့ ကိစ္စမှာ သူတို့ကတော့ INGO တွေဟာ ရခိုင်ပြည် ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် ဒါ လိုအပ်တယ်။ ပြီးတော့ ဒီ INGO တွေမှာ ကျွန်တော်တော်တို့ အကြမ်းဖက်တွေနဲ့ ဆက်စပ်ပြီးတော့ ဒီဘက်က ယူဆကြထား ကြတယ် အတွက်ကြောင့် INGO တွေပြန် သွားကြတယ်ဆိုတဲ့ အကြောင်းတွေကို သူတို့ပြောတယ်။ ဒီတော့ ကျွန်တော်တို့ဘက်က ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှ ဒါကတော့၊ ကျွန်တော်တို့ဘက်က ပြောတာကတော့ ဒီရခိုင်ပြည်နယ်ဘက်မှာ လောလောဆယ် လက်ရှိ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေ၊ အင်မတန် လက်တွေ့ ဒုက္ခကြုံနေရတဲ့ ဒုက္ခသည်တွေရဲ့ နည်းနည်း နားထဲမှာ မကြားချင်တဲ့ မယဉ်ပါးတဲ့ စကားဟာနှစ်လုံး။ အဲဒါက Homony နဲ့ INGO ပဲ ။ Homony ဆိုတာကို ကျွန်တော် တို့ဘက်က လူတွေကခံစားလို့မရဘူး။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ခါးသီးတဲ့ အတွေ့အကြုံအရ Hamony ဆိုတာကို ခံစားလို့မရဘူး။ အထူးသဖြင့် ဘူးသီးတောင် မောင်တောဘက်လေ။ အဲသလိုဘဲ ရခိုင်ပြည်ဘက်ကလူတွေကလည်း INGO တွေနဲ့ ပတ်သက်လို့ရှိရင် သူတို့ရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်တွေ၊ ဘက်လိုက်တဲ့ လုပ်ေ ဆာင်ချက်တွေ ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က INGO မှာ ကျွန်တော်တို့ အမြဲ တမ်းသံသယ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းပြီး ပြောတယ်။

နောက်တစ်ခုက INGO တွေအကုန်လုံးကို လွမ်းခြုံပြီး ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီ INGO ထဲမှာလဲ အဲ့ဒီမူဆလင်ကမ္ဘာနဲ့ မူဆလင်အရေးကို တိတ်တဆိတ် လုပ်နေ တဲ့ တကယ့် Black elements တွေရှိနိုင်တယ်။ ရှိလည်း ရှိနိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အဲ့ဒါကြောင် INGO တွေကို ကျွန်တော်တို့ ကန့်သတ်ဖို့၊ Resctrict လုပ်ဖို့ကြိုးစားတာပဲဖြစ်တယ်။ အဲ့တော့တချို့ ရိုးသားတဲ့ INGO တွေလည်း သူတို့ စိုးရိမ်ကြောင့်ကြတဲ့ အတွက်ကြောင့် ဒုက္ခသည်တွေ ပြေးသလို သူတို့လည်း ပြေးကြ တာဘဲ။ အဲ့တော့ INGO တွေကို သူတို့က ရခိုင်ပြည်ကို ပြန်လည်တည်ဆောက်ဖို့ INGO တွေပြန်လာဖို့ လိုတဲ့ အကြောင်းကို ပြောတဲ့ အခါမှာတော့ ကျွန်တော်ကတော့ လက်ရှိအခြေအနေမှာ INGO တွေဝင်လာဖို့ဆိုရင် ရခိုင်လူထုက လက်ခံဖို့မဖြစ်နိုင် ဘူး။ အဲ့တော့ တကယ့် INGO တွေစိတ်ရင်းစေတနာမှန်တယ်ဆိုရင် ဒီမှာတကယ့် မှန်မှန်ကန်ကန်လုပ်နေတဲ့ NGO တွေ၊ ဒေသခံတွေဆီက တဆင့်ပဲ အဲ့ဒီ အလုပ်ကို လုပ် လို့ရမယ်။ ရကောင်းရနိုင်တယ်ပေါ့ ။ နည်းလမ်း ရှာရမယ်လို့ပဲ ကျွန်တော် တို့က ပြောလိုက်တယ်။ တိုရိုက်ဝင်ဖို့ ဆိုတော့ သူတို့ကို လက်ခံဖို့မဖြစ်နိုင်ဘူး။

မေး- ဟုတ်ကဲ့ဆရာ။ အဲ့ဒီတော့ မနေ့ကဆွေးနွေးပွဲမှာ မောင်တောကိစ္စနဲ့ ပတ် သက်ပြီးတော့ ANP ဘက်က ဘာတွေ ကိုတင်ပြခဲ့ပါသလဲခင်ဗျ။

ဖြေ- ကျွန်တော်တို့ ANP ပါတီကတင်ပြတဲ့အချက်က ပထမတစ်ချက်က ဒီဒုက္ခသည်ေ တွပေါ့လေ။ ဒုက္ခသည်တွေဟာ အင်မတန်ခါးသီးတဲ့အတွေ့အကြုံတွေကို ဖြတ်သန်း လာခဲ့ရတယ်။ မိုင်ပေါင်းများစွာဖြတ်ပြီး ပြေးလာခဲ့ကြရတယ်။ မိုင်ရာနဲ့ချီပြီး ထွက်ပြေး လာခဲ့ပြီးမှ ဒီရောက်လာရတယ်။ အဲဒီတော့ သူတို့မှာ ကြောက်စိတ်တွေ စိုးရိမ်စိတ်ေ တွ ကြီးကြီးမားမား ရှိနေတယ်။ နောက်တစ်ခုက စိတ်ဒဏ်ရာ တွေတော်တော့်ကြို ပင်းပြင်းထန်ထန်ခံစားနေရတယ်။ အထူးသဖြင့်မိန်းမတွေနဲ့ ကလေးတွေပေါ့လေ။

အဲ့တော့ သူတို့ အနေနဲ့ အဲဒေသကိုပြန်ဖို့ဆိုတဲ့ဟာ မပြန်ရဲဘူး သူတို့ကြောက် တယ်။ ကိုယ်ဒေသကို ပြန်ချင်တယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ အကြောက်တရားတွေ စိုးမိုးနေတယ်။ အဲ့ဒီအတွက်သူတို့ အဲ့ဒီမူဆလင်တွေအပေါ်မှာ ကြောက်တဲ့စိတ်က အင်မတန်ကြီးစိုးနေတယ်။ လုံခြုံမှု လုံးဝ မရှိဘူးလို့ ခံစားနေရတယ်။

အဲဒီပြန်ချင်တဲ့စိတ်နဲ့ ပြန်ဖို့ကိုကြောက်ရွံ့တဲ့စိတ်ကြားထဲမှာ သူတို့ ဟာ စိတ်ခြောက်ြ ခားနေတယ်လို့ကျွန်တော်မြင်တယ်။ အဲ့ဒီတော့ ဒီဟာကအချိန်ယူဖြေရှင်းရလိမ့်မယ်။ နောက်တစ်ခုက ဒီဟာက လေးငါးခြောက်လနဲ့မပြီးဘူး။ အဲ့ဒီတော့ လက်ရှိပြည်နယ် အစိုးရနဲ့ အပေါ်က ပြည်ထောင်စုအစိုးရ အနေနဲ့လည်း ဒီရခိုင်ဒုက္ခသည်တွေနဲ့ပတ် သက်ပြီး ပေါ်လစီဘယ်လိုရှိလဲဆိုတာလဲ တိတိကျကျမသိဘူး။ ဒီလူတွေကို လေးငါး ခြောက်လကျွေးထားဖို့ဆိုတာကလည်း ရေရှည်မှာ ထမင်းကျွေးနိုင်တဲ့ ကျွန်တော်တို့ ရိက္ခာတော့ ပေးနိုင်တယ်။ နေဖို့ နေရာပေးနိုင်တယ်။

 ဒါပေမဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့နဲ့ တစ်ခြားပြသနာ၊ နောက်ဆက်တွဲ ပြသနာတွေ ကိုတော့ ကျွန်တော် ကြိုတွေးလို့မရနိုင်ဆိုတာ ကျွန်တော်ပြောတယ်။ ဒီဘင်္ဂလာဒေခ်ျ့ ကိုထွက်ပြေးသွားတဲ့ လူတွေ၊ အဲဒီ လူတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ ဒီဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဒီလူတွေကို စိစစ်ဖို့အသင့်ရှိ တဲ့ဆိုတဲ့မူကို ကျွန်တော် တို့ လက်ခံတယ်။ စိစစ်တဲ့အခါမှာလဲ ကျွန်တော်တို့ ၁၉၉၃ နော်။ အဲဒီမှာ အချက်လေးချက် အပေါ်မူတည်ပြီးစိစစ်မယ်ဆိုတဲ့ ဒီ Project ကိုအမြန်ဆုံး လုပ်ဖို့ ကောင်းတယ်။ လုပ်တဲ့အခါမှာလဲ အဲ့ဒီပညာရှင်တွေ၊ နိုင်ငံတကာပညာရှင်တွေ၊ နိုင်ငံ တကာအဖွဲ့အစည်းတွေက ဒီ Project ကို မှန်မှန်ကန်ကန်ဖြစ်ဖို့ အတွက် တိတိကျကျ လုပ်ဖို့အတွက် အကူအညီပေးသင့်တယ်။ အကုန်လုံးကို လက်ခံဖို့ ဆိုတာတော့မဖြစ် ဘူး ။ ဘာလို့ဆို ကျွန်တော်တို့ မှာ အဲဒီနဂါးမင်းစစ်ဆင်ရေး ၁၉၇၈- ၇၉ မှာ ခါးသီး တဲ့ အတွေ့အကြုံတွေရှိတယ်။ ၁၉၉၃ မှာလည်း ခါးသီးတဲ့ အတွေ့အကြုံတွေရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ရခိုင်ဘက်မှာ စိုးရိမ်စိတ်တွေရှိတယ်။

မေး- ဟုတ်ကဲ့ခင်ဗျာ ။ အဲဒီတော့ ဒီရခိုင်ပြည်တွင်းမှာ ဘင်္ဂါလီတွေနဲ့ဖြစ်နေတဲ့ပြ သနာကို ဘယ်လို ဖြေရှင်းဖို့အတွက်နေပြီးတော့ အမေရိကန် အစိုးရမှာ ဘယ်လို အာသီသ ရှိလဲဆိုတာပြောတာမျိုးရှိပါသလား။

ဖြေ- မပါဘူးခင်ဗျ။ အဲ့တာတော့မပါဘူး ။သူတို့က အခုလောလောဆယ်မှာ သူတို့ ဟာ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ ရှုတ်ချတယ်။ သူတို့ လည်း အကြမ်းဖက်ကိုတိုက်နေတယ်ဆိုတဲ့ဟာ တစ်ခုကို သူတို့အရင်တုန်းက မပြော ဖူးတဲ့ အရာတစ်ခုကို သူတို့ သဘောထားလာပေးတာပဲ။ အဲ့ဒီတော့ ဒီနောက်ဆက်တွဲ ပြသနာမှာ ထုံးစံ အတိုင်းပါပဲ ကျွန်တော်တို့ကြားနေကြပေါ့။ ဒီလူ့အဖွဲ့အစည်းနှစ်ခု Homony ဖြစ်ဖို့ နိုင်ငံတကာ ဖိအားတွေ၊ လူသားချင်း စာနာတဲ့အထောက်အပံ့တွေကို ၀င်ဖို့ဆိုတဲ့ ကိစ္စပဲသူတို့ အဲ့ဒါပြောတယ်။ အဲ့ဒါ တွေကတော့ ဘာမှထူးမခြားနား တဲ့ပေါ်လစီတွေပါပဲ။

မေး- အဲ့တော့ဆရာ သူတို့က ဒီခရီးစဉ်ကို ဘာကြောင့် လို့ထင်ရပါလဲ။ ဒီအချိန်မှာ။
ဖြေ- ကျွန်တော်ထင်တာကတော့ သူတို့ကနေပြည်တော်ကိုလည်း ဒီခရီးစဉ်ကိုသွား တယ်။ ရခိုင် ပြည်နယ် မှာလည်း တွေ့သင့် တွေ့ထိုက်တဲ့လူတွေကို တွေ့တယ်။ ပြည်နယ်အစိုးရနဲ့လည်း တွေ့တယ်ဆိုတော့ သူတို့ ဒီမှာရှိတဲ့ အနေအထား တစ်ခုကို သူတို့ သိဖို့လိုတယ်လေ။

ကျွန်တော်ထင်ပါတယ်။ သူတို့ အခု ကုလသမဂ္ဂမှာနိုင်ငံ တကာ ဖိအားတွေများတဲ့ အထဲမှာ အမေရိကန်လည်းပါတာပဲ။ ပါတဲ့ အကျတော့ သူတို့အနေနဲ့ ပေါ်လစီ အရ အင်မတန်အရေးကြီးတဲ့ အရွှေ့ အပြောင်း တစ်ခုကို လုပ် ချင်လည်း လုပ်လိမ့်မယ်။ လုပ်လိုတဲ့ အတွက်ကြောင့် သူတို့က မြေပြင် (Ground) ဆင်းပြီး တာဝန်ရှိတဲ့ လူတွေ နဲ့တွေ့တယ် လို့ပဲ ကျွန်တော် ယူဆပါတယ်။

မေး- ဟုတ်ကဲ့၊ ဖြည့်စွက်ပြီးပြောစရာများရှိပါသလားခင်ဗျာ။

ဖြေ- ကျွန်တော်ထင်တာကတော့ ဒီအမေရိကန်အစိုးရရဲ့ သူတို့ပြောတာဆိုတာတွေ ကို ကျွန်တော် လေ့လာမိသလောက်တော့ ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေအပေါ် မှာ တကယ့်ကို ရင်ထဲက လှိုက်လှိုက် လှဲလှဲပေါ့လေ။ စာနာစိတ်တွေ၊ ကူညီပေးလိုစိ တ်ေ တွဟာ အရင်တုန်းကလိုပဲ ဝေေ၀၀ါးဝါးပဲဖြစ်ပါတယ် ။ တဖက်ကနေပြီး ဒီအခါ တိုင်း တွေ့သလိုပဲ ရခိုင်မှာရှိတဲ့မူဆလင်အပေါ်မှာ သူတို့ စာနာစိတ်တွေ၊ အားပေးလို တဲ့ တစ်ဖက်သတ် သူတို့အပေါ်မှာ အားပေး ကူညီ ပေးလို စိတ်တွေကလည်း အရင် လိုပဲထက်ထက်သန်သန်ရှိတုန်းပဲလို့ ကျွန်တော် ယူဆပါတယ်။ ထူးခြားတာ တစ်ချက် ကတော့ အဲဒီမူဆလင်တွေ အထဲမှာ အကြမ်းဖက်သမားတွေဝင်ရောက်ပြီးတော့ သြဇာအာဏာ ထူထောင်သွားပြီဆိုတာ သူတို့လက်ခံ သွားပြီဆိုတဲ့အချက်တစ်ချက် ပဲထူးခြားပါတယ်။
“ကျေးဇူးတင်ပါတယ်ဆရာ”