22 September 2017

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် ရဲမှူးချုပ်အောင်ဝင်းဦးကို ခန့်အပ်


21 September 2017 17:42(+0630) (လွန်ခဲ့သော 18 နာရီ ခန့်က)
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် ရဲမှူးချုပ်အောင်ဝင်းဦးကို ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတက အစမ်းခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန် တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၇ ခုနှစ် မေ ၁ ရက်နေ့တွင် ဒုတိယ ရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးသည် လစ်လပ်ေ နသော ရဲချုပ်နေရာတွင် ယာယီရဲချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး ၄လခန့်တွင် ရဲချုပ်အဖြစ် အစမ်းခန့်အပ်ခြင်းခံခဲ့ရကြောင်း သိရသည်။

    နိုင်ငံဝန်ထမ်းစည်းမျဉ်းအရ ယာယီရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးသည် ရဲချုပ်အဖြစ် တစ်နှစ်တာဝန်ယူရမည်ဖြစ်ပြီး တစ်နှစ်ပြည့်မြောက်ပြီးမှသာ နိုင်ငံတော်သမ္မတက ရဲချုပ်အဖြစ် အတည်ပြုခန့်အပ်ရမည်ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com