24 September 2017

မောင်တောတွင် ပျောက်ဆုံးနေသည့် လူ ၉၀ ကျော်မှ အသတ်ခံထား ရသည့် အလောင်းများ တွေ့ရှိ


စက်တင်ဘာ ၂၄၊
မြတ်သူထွန်း
        မောင်တောမြို့နယ်အတွင်း အကြမ်းဖက်ဘင်္ဂလီများ၏ အကြမ်းဖက်မှုကြောင့်
ရဲဘောက်ဂျာကျေးရွာ (မပည-၁၉၇၈၂၁) နှင့် တောင်ရွာ ခေါ် အနောက်ခမောင်းဆိပ် (မပည -၁၉၇၈၂၀) ကျေးရွာများမှ ပျောက်ဆုံးနေသည့်  ဟိန္ဒူလူမျိုး ၉၃ ဦးအနက် သတ်ဖြတ်ခံထားရသည့် အလောင်းတွေကို ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့က စတင် တွေ့ရှိခဲ့ကြောင်း သိရသည်။


ထွက်ပြေးလာသူများကို အကြမ်းဖက်ဘင်္ဂလီများ သတ်ဖြတ်ခဲ့ပြီး အလောင်းများကို မြေတွင်းတူး၍ မြုပ်နှံထားခြင်း ဖြစ်ကြောင်း သိရသည်။

အသတ်ခံထားရပြီး မြေကြီးအတွင်း မြုပ်ထားသည့် အလောင်း ၁၂ လောင်းကို ဘော်တလာကျေးရွာ အနီးတွင် ယနေ့တွေ့ရှိခဲ့ကြောင်း သိရသည်။

ဘော်တလာကျေးရွာ အနီးရှိ တောင်ခြေတွင် မသင်္ကာ ဖွယ် မြေအနေအထားကို တွေ့သဖြင့် တူးဖော်ရာတွင် အလောင်း သုံးလောင်း စတင် တွေ့ရှိခဲ့ပြီး ဆက်လက် ရှာတွေရာ ထပ်မံပြီး ၉လောင်းကို တူးဖော်တွေ့ရှိခဲ့ကြကြောင်းသိရသည်။

သတ်ဖြတ်ခံရသူ ၉၃ ဦး အနက် ယခုအချိန်ထိ ၁၂ လောင်းကို တွေ့ရှိထားပီး ကျန်မြုတ် ထားသည့် နေရာများကိုလည်း ရှာဖွေနေကြောင်းသိရသည်။

သြဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် အကြမ်းဖက် ဘင်္ဂလီ ထောင်နှင့်ချီ၍ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ထွက်ပြေးသူများ ၉၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်ရည်လှပသူများနှင့် ကလေးတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

     အကြမ်းဖက်ဘင်္ဂလီကုလားများသည် သြဂုတ်လ(၂၈) ရက်နေ့ ညနေ လေးနာ ရီခန့်တွင် ရဲဘောက်ကျာကျေးရွာမှ ရွာလုံးကျွတ် ဟိန္ဒှူ(၅၆) ဦးကို သတ်ဖြတ်ခံပြီး၊ နောက်တစ်နေ့ သြဂုတ်လ (၂၉)ရက်နေ့ မနက်ပိုင်းတွင် တောင်ရွာ၌ (၃၇) ဦးကို သတ်ဖြတ်ခဲ့ပြီး စုစုပေါင်း ၉၃ ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

အကြမ်းဖက် သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် ဘင်္ဂလီတချို့နှင့် ပျောက်ဆုံးနေသူ တချို့ ကို လတ်တလော အင်တာနက် ဗီဒီယိုမှတ်တမ်းများအရ ဘင်္ဂလားဒေရှ်ခြမ်းရှိ ကူတူ ပါလောင် ဒုက္ခသည် ကယ်ဆယ်ရေးစခန်းအတွင်း တွေ့မြင်ရကြောင်းသိရသည်။

ရွာလုံးကျွတ် သတ်ဖြတ် ခံခဲ့ရသည့် ရဲဘောက်ကျာကျေးရွာသည် ဘင်္ဂလားနိုင်ငံနှင့် သုံးမိုင်ခန့်သာ ဝေးသည့် နေရာတွင်တည်ရှိပြီး၊အတည်မပြုနိုင်သေးသည့် သတင်းများ အရ ရခိုင်တိုင်းရင်းသားများ၊ဟိန္ဒူလူမျိုးများနှင့် တိုင်းရင်းသားမျိုးနွယ်စု လေးရာကျော် ပျောက်ဆုံးနေကြောင်း သိရသည်။