18 September 2017 08:41(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
( ဓာတ်ပုံ- ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးဝန်ကြီး) |
ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ၀န်ကြီး မူဟာမတ် နာဆိမ်းမှ ယခု မြန်မာဘက်မှ ထွက်ြေ ပးလာပြီး ဘင်္ဂလာဒေ့ရှ်တွင် ခိုလုံနေကြသူများ အထဲတွင် ကိုယ်ဝန်ေ ဆာင်အမျိုးသမီး ၇၀၀၀၀ ပါဝင်သည်ဟု တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။
အဆိုပါ သတင်းကို The Independent သတင်းစာတွင် “70,000 pregnant women among Rohingya refugees: Nasim” ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး ဤလင့် http://www.theindependentbd.com/post/114531 တွင် ဖတ်ရှုနိုင်ပါ သည်။
ကျန်းမာရေးဝန်ကြီးက မြန်မာမှ ထွက်ပြေးလာသူများကို ကော့စ်ဘဇားဒေသသို့ သွားရောက်လည်ပတ်ကြည်ရှုစဉ် ထွက်ပြေးလာသူများအထဲတွင် ကိုယ်ဝန်ဆောင် မိခင် ၇၀၀၀၀ ပါဝင်သည်ဟု ပြောကြားသည်။
၎င်းပြောကြားမှုကို ၂ ရက်တာ ပြုလုပ်သည့် ဒက္ကားမြို့ စီတီဟိုတယ်တွင် ပြုလုပ်သည့် ၉ ကြိမ်မြောက် ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ညီလာခံတွင်ပြောကြားသွားေ ကြာင်း သတင်းတွင် ဖော်ပြထားသည်။
UNICEF ပြောခွင့်ရသူ Marixie Mercado ကလည်း မြန်မာဘက်မှ ထွက်ပြေးလာသူ ခန့်မှန်းခြေ ဘင်္ဂလီ ဒုက္ခသည်ပေါင်း ၃၉၁,၀၀၀ လောက်အနက် ကလေးငယ် ၂ သိန်း ၄ သောင်းလောက် ပါဝင်ကြောင်း ပြောဆိုသည်။
သူတို့၏ ထုတ်ပြန်နေသော ကိန်းဂဏန်းများအရ ထွက်ပြေးလာသူ ၄ သိန်းခန့်တွင် ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်မှာ သုံးသိန်းတစ်သောင်းခန့်ရှိနေကိုတွေ့ရှိရမည် ဖြစ်သည်။
Narinjara