19 September 2017

စက်တင်ဘာ ၅ ရက်နောက်ပိုင်း နယ်မြေရှင်းလင်းခြင်းမလုပ်ဆောင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်သို့ မွတ်စလင်အများအပြား ထွက်ပြေးခိုလှုံသည်ဆိုခြင်းအပေါ် ဒေါ်အောင်းဆန်းစုကြည် မေးခွန်းထုတ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြောကြား ခဲ့သည့် နိုင်ငံခြေပြမိန့်ခွန်း၌ မြန်မာ့တပ်မတော်မှ စက်တင် ဘာ ၅ ရက်နောက်ပိုင်း နယ်မြေ ရှင်းလင်းခြင်းမလုပ်ေ ဆာင်ဘဲ မည်သည့်အကြောင်းကြောင့် မွတ်စလင်းအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ရောက်ခိုလှုံသည်ကို နားမလည်နိုင်ကြောင်း ထည့်သွင်းပြောကြားသည်။


စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှု၊ နယ်မြေရှင်းလင်းမှု ပြု လုပ်ခြင်းများ မရှိတော့ကြောင်း၊ သို့တိုင် မွတ်စလင်အများအပြား နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခိုလှုံဝင်ရောက်သည်ဆိုသောသတင်းများကို ကြားသိရ သည့်အပေါ် စိုးရိမ်ပူပန်မိကြောင်း၊ မည်သည့်အတွက်ကြောင့် အစုလိုက်၊ အပြုံလိုက် ထွက်ပြေးခိုလှုံကြသည်ဆိုခြင်းအပေါ် အဖြေရှာရန်လိုအပ်ကြောင်း၊ ထွက်ြေ ပးခိုလှုံ သူများထဲတွင် ရခိုင်ပြည်နယ်အတွင်း မူလကတည်းက မှီတင်းနေထိုင်သည့် မွတ်စ လင်အများစု မပါဝင်သည်ကို သိရှိသူ နည်းပါးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပဋိပက္ခကြောင့် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက် သို့ ခိုလှုံဝင်ရောက်သွားသည့် ဒုက္ခသည်ဦးရေ ၄ သိန်းဝန်ကျင်ရှိကြောင်း ကုလသမဂ္ဂ မှရ ရှိသော အချက်အလက်များကို ကိုးကား၍ နိုင်ငံတကာသတင်းဋ္ဌာနများက ဖော်ပြလျက် ရှိသော်လည်း အထက်ပါကိန်းဂဏန်းများ၏ တိကျရေရာမှုကို မြန်မာအစိုးရက သီးခြား အတည်ပြုထားခြင်း မရှိချေ။

နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းအနေဖြင့် ရခိုင်ပြည်နယ်အခြေအနေမှန်ကို သိရှိနို င် ရန်အတွက် ပဋိပက္ခဖြစ်ပွားရာနေရာများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ စုံးစမ်းမေးမြန်းမှုများပြုလုပ်နိုင်ရန် မြန်မာအစိုးရက စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏စောင့်ကြည့်စူးစမ်းမှုကို မြန်မာ ဘက်က စိုးရွံ့မည်မဟုတ်ကြောင်း ၎င်းကပြောသည်။

“ရခိုင်ပြဿနာအဖြေရှာရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုမှာ ပူးပေါင်းပါဝင်လိုတဲ့ နိုင်ငံ တကာ သံတမန်အသိုက်အ၀န်းကိုလည်း ဖိတ်ခေါ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပေါင်း စည်းနေထိုင်နေတဲ့ မွတ်စလင်အသိုက်အ၀န်းနဲ့တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျ မေးမြန်း စုံစမ်းနိုင်အောင် စီစဉ်ပေးပါမယ်”ဟု ၎င်းကပြောသည်။

တဖက်နိုင်ငံတွင် ၀င်ရောက်ခိုလှုံနေသည်ဆိုသော ဒုက္ခသည်များအား ပြန်လည်လက် ခံ ရာတွင် ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံအကြား သဘောတူလက်ခံထားတဲ့ စိစစ်မှုလုပ် ငန်းစဉ်နှင့်အညီ စိစစ်လက်ခံမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များအား စိစစ်လက်ခံခြင်း ကိစ္စ ကိုဆောင်ရွက်ရန် မြန်မာနိုင်ငံက အသင့်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ခိုလှုံရောက် ရှိသွားကြောင်း အထောက်အထားခိုင်လုံစွာ ပြသနိုင်သည့် ဒုက္ခသည်များကို ဘေးရန် ကင်းငြိမ်းစွာ လုံခြုံစိတ်ချမှု၊ လူသားချင်းစာနာထောက်ထားမှု အာမခံချက်များဖြင့် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

         ထို့ပြင် မိမိတို့အစိုးရသည် လူ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရန် သန္နိဌာန်ပြုထားသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတရပ်ရပ်အပေါ် ရွေးချယ်ပေးအပ်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း မှီတင်းနေထိုင် သူအားလုံးအတွက် လူ့အခွင့်အရေးအာမခံချက်ပေးမည့် အစိုးရအဖွဲ့ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။