11 September 2017

ရန်ကုန်မြို့လယ်ကောင်ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသူ ရှစ်ဦးအပါ အမျိုးသမီး ၄၀ ကျော် စိစစ်တွေ့ရှိ


By ThadinatinPosted on September 11, 2017
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဘက် မှ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်သို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသူ ရှစ်ဦး အပါအ၀င် အမျိုးသမီး ၄၀ ကျော်ကို စက် တင်ဘာ ၉ ရက် ည ၈ နာရီက စိစစ်တွေ့ ရှိခဲ့ပြီး အသေးစိတ်စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။


   ကျောက်တံတားမြို့မ ရဲစခန်းသို့ Mr.Vanlal Chunga Hlawn- cheu (Assistant Consu¬lar Officer, Embassy of India Yangon) နှင့် မဇင်လင်းသူ (စာရင်းကိုင် ဌာန-အိန္ဒိယသံရုံးဝန်ထမ်း)တို့ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရဲတပ် ဖွဲ့မှ Email ဖြင့် မဏိပူရ ပြည်နယ်မှ Ms.chingngaihlun (၂၆)နှစ်အပါအ၀င် အမျိုး သမီးငယ်ရှစ်ဦး သို့မဟုတ် ရှစ်ဦးထက်ပို၍ ထိုင်းသို့မဟုတ် စင်ကာပူသို့ ပို့ဆောင်ရန်ေ ကျာက် တံတား မြို့နယ် (၇)ရပ်ကွက် အမှတ်(၂၇၂)နေအိမ်တွင် ရောက်ရှိနေကြောင်း လာေ ရာက်ပြောကြားခဲ့သည်။

ယင်းပြောကြားချက်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့ စု(၆) (ရန်ကုန်)နှင့် ကျောက်တံတားမြို့မ ရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များကသွား ရောက်ရှာဖွေ ရာ တမူးမြို့နယ် ကနန်ကျေးရွာနေ မလားမားဆော်စီး (၃၇)နှစ် ကိုတွေ့ရှိပြီး ထိုအိမ်၌ Ms.chingngaihlun အပါအ၀င် အိန္ဒိယနိုင်ငံသူ အမျိုးသမီးရှစ်ဦးနှင့် တမူးမြို့နယ် တနိုင်ရွာနေ မလန့်အောင်ပွင့် (၂၃)နှစ် အပါအ၀င် ချင်းအမျိုးသမီး ၄၀ တို့ကို တွေ့ရှိ ခဲ့သဖြင့် ရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့သည်။

      ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ၊ ကျောက်တံတား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးကျော်နှင့် မြို့နယ် လ၀ကမှူး ဒေါ်ဝင်းပပ လွင်တို့ပါဝင်ေ သာ ပူးပေါင်း အဖွဲ့မှ ယင်းအမျိုးသမီးများအား စစ်ဆေးရာ စက် တင်ဘာ ၂ရက်တွင် အိန္ဒိယနိုင်ငံသူ ရှစ်ဦးအား တမူးမြို့နယ်နေ ဒေါ်အိုင်းရင်း (စိစစ်ဆဲ)မှ တမူးနယ်စပ်မှ စင်ကာပူနိုင်ငံသို့ အိမ်ဖော်လုပ်ကိုင်ရန်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်း၊ ချင်းအမျိုး သမီး ၄၀ မှာ လွန်ခဲ့သော တစ်လအတွင်း အသုတ်လိုက်ခွဲ ၍ မလေးရှားသို့ အလုပ် လုပ်ရန် ရောက်ရှိလာခြင်းဖြစ်ေ ကြာင်းနှ င့် Myanmar Global Man Power Link Ltd (ပြည်ပအလုပ် အကိုင်ရှာဖွေရေးကုမ္ပဏီပိုင်ရှင်) ဒေါ်လားရောင်ဘောလီ (စိစစ်ဆဲ)က ဆက်သွယ်၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

‘သူတို့ကို ဆိပ်ကမ်းသာလမ်းအပေါ်ဘလောက်မှာ ရှာတွေ့ခဲ့တာ။ အယောက် ၄၀ ထဲမှာ မြန်မာတွေလည်းပါတယ်။ အိန္ဒိယနိုင်ငံသားလို့ခံယူထားတဲ့ ချင်းတွေ လည်း ပါတယ်။ အဓိကကတော့ သူတို့မှာ မှတ်ပုံတင်မရှိဘူး။ ပတ်စ်ပို့လည်းမရှိဘူး။ နယ်မြေဖြတ်ကျော်မှုပါ ဖြစ်လာတဲ့အတွက် လ၀ကကတော့ သူ့ ဥပဒေအရ အရေး ယူမှာပဲလေ။ နိုင်ငံခြားပို့ပေးမယ့် ကုမ္ပဏီလိုင်စင်ကလည်း ၂၀၁၇ ခုနှစ် မေလမှာ သက်တမ်းကုန်နေပြီ။ ပိုင်ရှင်ကို စုံစမ်းတော့လည်း ကိုရီးယားကိုသွားတယ်လို့ စစ်ဆေးမေးမြန်းတုန်းမှာ ကြားလိုက်တယ်။ ရှစ်ယောက်ကိုတော့ချင်း အသင်းတော် တစ်ခုကို ချိတ်လိုက်ပြီး စားဝတ်နေရေး၊ လြုံခုံရေးအတွက် ဆောင်ရွက်ပေးဖို့ ပြောတာ ကိုတော့ ကြားလိုက်တယ်’ ဟု စစ်ဆေးရေးအဖွဲ့တွင် ပါဝင်ခဲ့သည့် ဒေါ်မြလှစံက ပြောဆိုသည်။


Image may contain: one or more people and people standing တင့်ဇော်ထွန်း
စံတော်ချိန်
-------------------------------------------------------------------------------------
စင်ကာပူပို့ရန် ရန်ကုန်တွင် စုဆောင်းထားသည့် အမျိုးသမီး ၄၀ တွေ့ရှိ
The Voice Myanmar

ရန်ကုန်၊ စက်တင်ဘာ ၁၀
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသမီး ၈ ဦးကို ရှာဖွေရာမှ စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် ပို့ဆောင်ရန် စုဆောင်းထားသည့် အမျိုး သမီး ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျောက်တံတားမြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ တိုက်ခန်းတစ်ခု တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ အမျိုးသမီး ၈ ဦးကို ပိတ်လှောင်ခံထားရကြောင်း သတင်းအရ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တာဝန်ရှိသူများနှင့်အတူကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၉ ရက် ည ၈ နာရီခန့်က ဝင်ရောက်ရှာဖွေစစ်ဆေး ရာ ယင်းအမျိုးသမီး ၈ ဦးနှင့်အတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စင်ကာ ပူနိုင်ငံ၊ ထိုင်းနိုင်ငံများသို့ အလုပ်သွားလုပ်မည့် အမျိုးသမီး ၄၀ ကို စစ်ဆေးတွေ့ရှိ ခဲ့ေ ကြာင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကောင်မလေးတွေက ဒီမှာနေရတာ အဆင်မပြေလို့ မဏိပူရရဲတပ်ဖွဲ့ကို Viber ကနေ လှမ်းတိုင်တာ၊ မဏိပူရ ရဲတပ်ဖွဲ့ကနေ အိန္ဒိယသံရုံးကို E-mail နဲ့ ပို့တယ်၊ သံရုံးကနေ တစ်ဆင့် ရဲစခန်းကို ရောက်လာတာ၊ အဲဒါနဲ့ ပူးပေါင်းအဖွဲ့နဲ့ အတူသွားရောက်စစ်ဆေး ခဲ့တာပါ၊ အိန္ဒိယနိုင်ငံက အမျိုးသမီး ၈ ဦးအပြင် အခြားအမျိုးသမီး ၄၀ ပါ ထပ်တွေ့ခဲ့ တယ်၊ အခုတော့ အားလုံးကို ရဲစခန်းမှာပဲ ခေါ်ထားတယ်”ဟု ကျောက်တံတားမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းထိန်းသိမ်းထားသည့် တိုက်ခန်းကို မြန်မာကမ္ဘာ့လူအင်အားဆက်သွယ်ရေး (Myanmar Global Manpower Link Co.,Ltd.)ကုမ္ပဏီမှ ငှားရမ်းထားခြင်းဖြစ်ပြီး အမျိုးသမီးများ နေထိုင်စေကာ အင်္ဂလိပ်စကားပြော သင်ကြားပေးနေကြောင်း၊ စုဆောင်းထားသူ မိန်းကလေးများမှာ အသက် ၁၅ နှစ်မှ ၃၇ ကြားရှိပြီး ကုမ္ပဏီအနေနှ င့် လူကုန်းကူးခြင်း၊ လုပ်အားခခေါင်းပုံဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ မရှိကြောင်း၊ လုပ်ငန်းလိုင်စင်မှာ ၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးသော် လည်း ထပ်မံ သက်တမ်းတိုးထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ ရဲအရာရှိတစ်ဦးက ရှင်းပြ သည်။

“အိန္ဒိယနိုင်ငံသူတွေက အသက် ၁၇ နှစ်ကနေ ၂၆ နှစ်ကြားပါ၊ သူတို့က နိုင်ငံကူး လက်မှတ်လည်းမရှိဘူး၊ ဗီဇာလည်းမရှိဘူး၊ တရားမဝင် ရောက်လာတာ၊ ကုမ္ပဏီ အနေနဲ့က လူကုန်ကူးတယ်လို့လည်း သတ်မှတ်မရဘူး၊ ဒီမှာလူစုထားတဲ့ သဘော ပဲရှိတယ်၊ လိုင်စင်ကလည်း သက်တမ်း တိုးထားတယ်ဆိုတော့ ဘယ်လို အရေးယူ ဆောင်ရွက်ရမလဲဆိုတာ အထက်ကို တင်ပြထားတယ်၊ သက်ဆိုင်ရာ ဌာနတွေကနေ အမှုဖွင့်မှရမှာပါ”ဟု ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။