10 September 2017

ဒေါ်အောင်ဆန်းဆုကြည်နဲ့ ကိုဖီအာနန်ကြောင့်ဆိုတာတော့မြန်မာနိုင်ငံသား တိုင်း နားလည်ဖို့လိုပါလိမ့်မယ်မြန်​မာနိုင်​ငံ ရခိုင်​ပြည်​ရဲ့အဖြစ်​မှန်​ကို ကမ္ဘာက သိ​အောင်​ ရှင်းပြ​ပေးသွားတဲ့ ( ပရီဆီလာကလက် နှင့် အင်တာဗျူး )



မြန်မာဘက်က အမေရိကန် ရပ်တည်နေကြောင်း ကမ္ဘာကသိအောင် ပြသွားတဲ့ သက်သေတစ်ခုအမေရိကန် ခုလို မြန်မာဘက်က ရဲရဲဝံ့ဝံ့ ဝင်ရပ်ပေးဖို့ဆိုတာ
ဒေါ်အောင်ဆန်းဆုကြည်နဲ့ ကိုဖီအာနန်ကြောင့်ဆိုတာတော့မြန်မာနိုင်ငံသား တိုင်း နားလည်ဖို့လိုပါလိမ့်မယ်မြန်​မာနိုင်​ငံ ရခိုင်​ပြည်​ရဲ့အဖြစ်​မှန်​ကို ကမ္ဘာက သိ​အောင်
ရှင်းပြ​ပေးသွားတဲ့ ( ပရီဆီလာကလက် နှင့် အင်တာဗျူး )

"ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ အမှန်တကယ်ကို ဖြစ်ခဲ့တယ်"
===================================
တိုက်ခိုက်သူတွေရဲ့ နည်းဗျူဟာတွေက အကြမ်းဖက်မှုပဲ။ ဘာမှ အငြင်းပွားဖွယ်မရှိ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘင်္ဂလီ ( သူတို.အခေါ်ရိုဟင်ဂျာ) တွေအား လုံးကို အကြမ်းဖက်သမားလို့ ဆိုလို​နေတာ မဟုတ်ပါ။ သေနတ်တွေ ဓားတွေ လက် လုပ်ဗုံးတွေ (IED ) ကိုင်ပြီး လူတွေလျှောက်သတ်နေတဲ့ လူတစ်စုကို ပြောတာပါ။ သူတိုသတ်တာ ဗုဒ္ဓဘာသာတွေရော ဟိန္ဒူတွေရော အခြားလူမျိုးတွေသာမက သူတို့နဲ့ ရင်ဆိုင်မိတဲ့ သူတို့လူမျိုးတွေပါ သတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးကြသူတွေ ဟာ အစိုးရလုံခြုံရေးအဖွဲ့တွေ ကြောက်လို့ ပြေးတာရော သူတို့လူမျိုးတူ အစွန်းရော က်တွေ အကြမ်းဖက်တာ ခံရမှာကို ကြောက်လို့ ပြေးတာရော ပါပါတယ်။ ဘာကြောင့် လဲဆိုတော့ ဘင်္ဂလီတွေလည်း အစွန်းရောက်တွေ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
==========================================

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်း နှင့် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု၏ အကြီးတန်း အကြံပေး ပရီဆီလာကလက်ကို FRANCE 24 သတင်း ဌာနက အင်တာဗျူးထားသည်ကို ဆိုရေးဆိုရာကဘာသာပြန်ပါသည်။

မေး ။ ။ 1999 ကနေ 2002 အထိ ခင်ဗျားက မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ပဲ။ အဲဒီတုန်းက အောင်ဆန်းစုကြည်ဆိုတာ ဖိနှိပ်မှုကို ငြိမ်းချမ်းစွာ ရင်ဆိုင်ခဲ့တဲ့ အိုင် ကွန်ဆိုလည်းဟုတ် လမ်းပြမီးအိမ်ဆိုလည်း ဟုတ်တဲ့ အနေအထားပါ။ နေအိမ်အ ကျယ်ချုပ်ခိခံရတယ်လေ။ ခင်ဗျားရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်အတွင်း ပြောင်းသွားခဲ့လား။

မပြောင်းပါ။ ကျွန်မတို့ကြားနေရတဲ့ ပုံဖော်မှုတွေကို လက်မခံပါဘူး။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ အမှန်တကယ်ကို ဖြစ်ခဲ့တယ်။ အကြမ်းဖက်သမားတွေ နိုင်ငံ အပြင်ကလာတာ။ နိုင်ငံအပြင်မှာရောက်နေကြတဲ့ ဘင်္ဂလီ ( သူတို.အခေါ်ရိုဟင်ဂျာ) တွေထဲက အချို့က စီစဉ်တာပဲ။ ဆော်ဒီအာရေဗျနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ နေကြသူေ တွလေ။ ဘင်္ဂလားဒေ့ရှ်ကတဆင့် ဝင်တာပေါ့။ လုံခြုံရေးအဖွဲ့တွေ အသတ်ခံရတယ်
လေ။
 ပြီးခဲ့တဲ့အောက်တိုဘာ ကတည်းက စလုပ်ကြတာလေ။ အခုတစ်ခါ ဖြစ်တာက ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်စာတမ်း အစီရင်ခံပွဲ အပြီးနဲ့ တိုက်ဆိုင်ပြီးဖြစ် တာ။ ဒီအကြံပြုစာတမ်းဟာလည်း ဒေါ်အောင်းဆန်းစုကြည်ကလက်ခံအကောင်အ
ထည်ဖော်မယ် ပြောထားခဲ့တဲ့ စာတမ်းပါ။ အကြံပြုချက်တွေဟာ အဲဒီဒေသ ရေရှည် ငြိမ်းချမ်းဖို့ ရည်ရွယ်တာဖြစ်တယ်။

သူက အဲဒါတွေကို လုပ်နေတဲ့အချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်လာပြီး အနှောက် အယှက် ဖြစ်နေတာ။ တိုက်ခိုက်သူတွေရဲ့ နည်းဗျူဟာတွေက အကြမ်းဖက်မှုပဲ။ ဘာမှ အငြင်းပွားဖွယ်မရှိဘူး။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘင်္ဂလီ( သူတို.အခေါ်ရိုဟင်ဂျာ)တွေအားလုံးကို အကြမ်းဖက်သမားလို့ ဆိုလိုနေတာ မဟုတ်ပါ။ သေနတ်တွေ ဓားတွေ လက်လုပ်ဗုံး တွေ (IED ) ကိုင်ပြီး လူတွေလျှောက်သတ်နေတဲ့ လူတစ်စုကို ပြောတာပါ။ သူတို သတ်တာ ဗုဒ္ဓဘာသာတွေရော ဟိန္ဒူတွေရော အခြားလူမျိုးတွေသာမက သူတို့နဲ့ ရင်ဆိုင်မိတဲ့ သူတို့လူမျိုးတွေပါ သတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးကြသူတွေ ဟာ အစိုးရလုံခြုံရေးအဖွဲ့တွေ ကြောက်လို့ ပြေးတာရော သူတို့လူမျိုးတူ အစွန်းရော က်တွေ အကြမ်းဖက်တာ ခံရမှာကို ကြောက်လို့ ပြေးတာရော ပါပါတယ်။

ဘာကြောင့်လဲဆိုတော့ ဘင်္ဂလီတွေလည်း အစွန်းရောက်တွေ တိုက်ခိုက်တာ ခံခဲ့ရ ပါတယ်။ အထူးသဖြင့် နိုင်ငံသား အသိအမှတ်ပြုရေးအတွက် အစိုးရနဲ့ ပူးပေါင်းေ ဆာင်ရွက်မိတဲ့ ဘင်္ဂလီ ခေါင်းဆောင်တွေ လူသားချင်းဆိုင်ရာ အကူအညီတွေ လက် ခံဖို့ ပူးပေါင်းဆောင်ရွက်မိတဲ့ ခေါင်းဆောင်တွေ အတိုက်ခိုက် ခံခဲ့ရတာတွေ ရှိတယ်။ ဒီအချက်တွေ အားလုံး အရှုပ်အထွေးထဲမှာ ပါနေပြီး လူတွေက အမြင်ဝေဝါးကုန် တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက လွယ်လွယ်စွပ်စွဲတာထက်အချက်အလက်
မှန်တွေကို အရင် ရှာဖွေသင့်ပါတယ်။

မေး ။ ။ မှန်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေက စဖြစ်တယ်ဆိုတာ ငြင်းစရာမဟုတ်ပါ။ ဒါပေမယ့် လူပေါင်း တစ်သိန်း နှစ်သောင်း ခွဲလောက် ဘင်္ဂလားဒေ့ရှ့်ကို ပြေးကြရတဲ့ ရိုဟင်ဂျာတွေအတွက် စာနာကြောင်း စကားတစ်ခွန်းလောက်တော့ ဒေါ်အောင်ဆန်းစုကြည် မပြောသင့်ပေဘူးလား။
ဖြေ ။ ။ သူ့မှာ စာနာစိတ်ရှိတာ သေချာပါတယ်။ သူဘာတွေ ကြေညာချက်ထုတ် သ လဲတော့ ကျွန်မ အတိအကျမသိပါဘူး။ လူဦးရေဘယ်လောက်ပြေးကြလဲဆိုတာလည်း ကျွန်မမသိပါဘူး။ ဒါပေမယ့် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပူးပေါင်းပြီး အခြေအနေတွေ တည်ငြိမ်ချိန်မှာ ပြန်လက်ခံဖို့ ပြောဆိုပြီးပါပြီ။ အခုတော့ ပြန်ဖို့ ရွာတွေဆိုတာတွေလည်း မီးလောင်ပြင် ဖြစ်နေပြီ။ စစ်တပ်က ရှို့တဲ့မီးမဟုတ်ပါ။ စစ်တပ်က ကျူးလွန်ခဲ့တာတွေ မရှိဘူးတော့ မငြင်းလိုပါဘူး။ ဒီအကြမ်းဖက်တွေ ကလည်း ရွာတွေပတ်မီးရှို့ နေခဲ့တာပါပဲ။

မေး ။ ။ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ခွင့်ပေးဖို့ နော်ဝေက တိုက်တွန်းတာ ကို မြန်မာအစိုးရ လက်ခံသင့်ပါသလား။

ဖြေ ။    ။ ပေးဝင်နေပါတယ်။ ဒါပေမယ့် အရမ်းမလုံခြုံတဲ့နေရာတွေကတော့ ဝင်ဖို့မ သင့်ပါဘူး။ အရင်ကတည်းကလည်း အကူအညီအဖွဲ့တွေ အများကြီး ရှိနေတာပဲ။ အခု အကြမ်းဖက်မှုတွေ ဖြစ်တော့မှ လုံခြုံရေးအရ စစ်တွေလို အနီးအပါးက လုံခြုံတဲ့ တစ်နေရာထိ ပြန်ထွက်ကြဖို့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရတဲ့ အခြေအနေပါ။ သတင်းေ ထာက်တွေကိုလည်း လုံခြုံရေးအစီအမံနဲ့ ပေးဝင်နေတာပဲ။ဒါပေမယ့်အလွန်အန္တရာယ်
များနေသေးတဲ့ အနေအထားပါ။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလီ ( သူတို.အခေါ်ရိုဟင်ဂျာ)တေအပေါ် စာနာမှုရှိမှာပါလို့ ပြောသွားတယ်နော်။ အခု မြန်မာ ဘင်္ဂလားနယ်စပ်မှာ မိုင်းတွေေ ထာင်နေတယ်လို့ သတင်းထွက်နေတယ်။ ဘင်္ဂလီတွေ ပြန်မလာအောင် အဟန့်အ တား လုပ်တာမျိုး ဖြစ်နေတဲ့အတွက် စာနာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ ဘယ်သူက မိုင်းထောင်တာလဲ။ အကြမ်းဖက်သမားတွေမှာလည်း မိုင်းတွေ ရှိနေတယ်။ ဘယ်သူတွေ ထောင်လဲ ကျွန်မတို့မသိဘူးလေ။

မေး ။ ။ ဘင်္ဂလားဒေ့ရှ်ကတော့ မြန်မာတပ်က ထောင်တာလို့ အတိအကျ စွပ်စွဲပါတယ်။

ဖြေ ။ ။ စွပ်စွဲတာက စွပ်စွဲတာပဲလေ။ တကယ်လုပ်တာလို့ မပြောနိုင်ဘူး။ တကယ် မြေပြင်အခြေအနေကို ဘယ်သူမှ အတိအကျ မသိနိုင်သေးဘူးလေ။

မေး ။ ။ ဒက်စမွန်တူးတူးနဲ့ အခြား နိုဘယ်လ် ဆုရှင်တွေက ရခိုင်အရေး ပိုပြီးထုတ်ေ ဖ်ာပြောကြားဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုတာနဲ့ဆက်ပြီး ဝေဖန်တာတွေ ထပ်ထွက်လာပါတယ်။

ဖြေ ။ ။ ဒေါ်စု လုပ်ကိုင်နေရတဲ့ အခြေအနေကို ကျွန်မသိတယ်။ ကျွန်မ မြန်မာပြည်မှာ နေခဲ့တာကိုး။ မြန်မာပြည်ဟာ အကွဲသန်တဲ့ လူ့အဖွဲ့အစည်းပါ။ လူမျိုးတွေအမျိုးမျိုး။ ကိုးကွယ်ရာတွေ အမျိုးမျိုး။ အပြောင်းအလဲ လုပ်ကြတဲ့နောက်ပိုင်း လွတ်လပ်မှုတွေ ပိုရလာတယ်။ တချို့တွေက အဲ့ဒီလွတ်လပ်မှုကို အလွဲသုံးကြတယ်။ နိုင်ငံရေးအရ အရမ်းလှုပ်ရှားလာနေတဲ့ ဗုဒ္ဓဘာသာထဲက အစွန်းရောက်တွေ ရှိတယ်။ အဓိကအ တိုက်အခံပါတီလည်း ပါတယ်။ မူဆလင်အမုန်းစိတ်ကို သူတို့ နိုင်ငံရေး ရည်ရွယ် ချက်အတွက် အသုံးပြုနေကြတယ်။ ရခိုင် နိုင်ငံရေးသမားတွေ လည်း အတူတူပဲ။ ဒေါ်စုအနေနဲ့ ဒီလို ထိရှလွယ်တဲ့ နိုင်ငံတွင်း နိုင်ငံရေးအခြေအနေကြားမှာ ဗုဒ္ဓဘာ သာတွေ(အမျိုးသားရေးအစွန်းရောက်)နဲ့သော်လည်းကောင်စစ်တပ်နဲ့သော်လည်း
ကောင်းကဏ္ဍကောစ ဖြစ်မိရင် သူ အသက်နဲ့ခန္တာ မြဲမှာမဟုတ်ပါ။

မေး ။ ။ ဒီအခြေအနေမှာ နိုင်ငံတကာအသိုင်းအဝိုင်းကဘာတွေ လုပ်သင့်တယ် မြင်လဲ။

ဖြေ ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်သင့်တာတွေ စလုပ်နေပြီးပါပြီ လို့ ထင် တယ်။ ကိုဖီအာနန်ကော်မရှင်က ဆောင်ရွက်ခဲ့တာတွေကို ကြည့်ပါ။ ပြဿနာ တစ်ခုလုံးကို ခြုံငုံမိအောင် သေချာလေ့လာနိုင်ခဲ့တယ်။ အကြံပြုချက်တွေကလည်း ရှင်းလင်းတိကျပြီး ရေရှည် ပြေလည်နိုင်မယ့် ဖြေရှင်းမှုမျိုး ဖြစ်စေနိုင်တယ်။
ရခိုင်ပြည်မှာ နေထိုင်သူအားလုံးရဲ့ စီးပွားရေးအခြေအနေတွေ တိုးတက်လာရေး သာမကပဲ လူတွေရဲ့ စိတ်နှလုံးကိုပြောင်းလဲဖို့ အထိ အကြံပြုချက်တွေက ပါပါတယ်။ ရခိုင်ဟာ ဆင်းရဲတဲ့ ပြည်နယ်ပါ။ သယံဇာတကိုလည်း လုနေကြတယ်။ နှစ်ဘက် လုံးမှာ လက်နက်ကိုင်ထားသူ စစ်သွေးကြွ အဖွဲ့တွေလည်း အများကြီး။အဲဒါတွေ အားလုံး ခြုံငုံမိအောင် အဖြေရှာရမှာ။ ဒေါ်အောင်ဆန်းစုကြည်က ဒီအကြံပေးမှုတွေကို လက်ခံတယ်။ ဒါတွေ အကောင်အထည်ဖော်ဖို့ လုပ်နိုင်ကိုင်နိုင်တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပါတဲ့ ကော်မရှင် တစ်ခုလည်း ဖွဲ့ပြီးသွားပြီ။ နိုင်ငံတကာ လူပုဂ္ဂိုလ်ေ တွ ပါဝင်တဲ့ အကြံပေးဘုတ်အဖွဲ့ကိုလည်း တည်ထောင်ပြီးပြီ။ နိုင်ငံတကာ အသိုင်း အဝိုင်းအနေနဲ့ ပါဝင်ချင်ရင် ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေအကောင်အထည်
ဖော်ရာမှာ ပါဝင်ကူညီနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ရခိုင်ပြည်နယ် မြေပြင်မှာ ရောက်နေပြီး ကျန်းမာရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးပညာပေးမှုတွေ အားလုံးခြုံငုံမိအောင် အကူအညီပေးနေပါတယ်။

မေး ။ ။ ဒါတွေရှိပေမယ့် အခုထိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စာနာကြောင်း တရားဝင် မထုတ်ပြန်သေးပါဘူး။

ဖြေ ။ ။ အင်း.. ဒါက အလွန့်အလွန်ကြီးမားတဲ့ ပုစ္ဆာကြီးထဲက အစိတ်
အပိုင်းတစ်ခုပေါ့။ ကုလသမဂ္ဂကို စက်တင်ဘာမှာ လာလို့ရှိရင် ရှင်တို့ ကြားရပါလိမ့်မယ်။ ဒါပေမယ့် အလွန် တင်းမာနေကြတဲ့ လူထုတွေ ရှိတဲ့ မြေမှာရှိနေတုန်း ဘွင်းဘွင်းကြီး ပြောတာတော့ ကြားရလိမ့်မယ်မထင်ဘူး။
ဘာသာပြန် -HaveASay
.
ဗီဒီယို : https://www.facebook.com/martin.swe.7/posts/892199064269560
.
မူရင်း Link
https://m.youtube.com/watch?v=g1MoehFI3io