25 September 2017

ပါကစ္စတန်ဟာ ပြဿနာလူသားများကို ထုတ်လုပ်ပြီး ပြည်ပတင်ပို့သည့်စက်ရုံဟု အိန္ဒိယပြော


indi
  24 September 2017
ပါကစ္စတန်နိုင်ငံဟာ ပြဿနာလူသားတွေကို ထုတ်လုပ်ပြီး ပြည်ပတင်ပို့ရာမှာ ထူးချွန်တဲ့ စက်ရုံပဲလို့ အိန္ဒိယအစိုးရက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောလိုက်ပါတယ်။


ပိုင်နက်အငြင်းပွား ကက်ရှ်မီးယား ဒေသမှာ ရက်စက်ကြမ်းကြုတ်မှုလို့ ပြောဆိုတဲ့ ပါကစ္စတန်ရဲ့ စွပ်စွဲချက်တွေကို အိန္ဒိယက မနေ့က တုံ့ပြန်လိုက်တာပါ။

    လွတ်လပ်ရေး ရပြီးတည်းက အိန္ဒိယဟာ တိုးတက်မှုတွေရအောင် လုပ်ခဲ့တယ်၊ ပါကစ္စတန်တွေ လုပ်ခဲ့သမျှကတော့ ပြသနာလူသားတွေကို ထုတ်လုပ်ပြီး ပြည်ပ တင်ပို့နေတဲ့ စက်ရုံဆိုတဲ့ နာမည်ပဲ ရခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆုရှ်မာဆွာရတ်ဂ်ျက ပြောလိုက်ပါတယ်။
 နှစ်စဉ်ကျင်းပနေကျ ကုလသမဂ္ဂ အထွေထွေညီလာခံမှာပြောတဲ့ မိန့်ခွန်းအတွင်း ဆွာရတ်ဂ်ျက ပါကစ္စတန်ဝန်ကြီးချုပ် ရှာဟိဒ်ခါကံ အာဘာစီရဲ့ စွဲချက်အားလုံးကိုလည်း ပယ်ချခဲ့ပါတယ်။

      အိန္ဒိယဟာ ကက်ရှ်မီးယားဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်၊ အကြမ်း ဖက်ဝါဒကို အစိုးရကိုယ်တိုင်က ထောက်ပံ့နေတယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ်က စွပ်စွဲခဲ့ပါတယ်။

    နားထောင်နေတဲ့ လူတယောက်ချင်းမှာ လေ့လာမှုတခုရှိတယ်၊ ဘယ်သူက ပြောနေတာလဲဆိုတာ ကြည့်ကြဆိုတာပဲ လို့ ဆွာဂ်ျက ပြောပါတယ်။

ဗြောင်းဆန်မှု၊ သေဆုံးမှုနဲ့ လူမဆန်မှုတွေကို ကမ္ဘာပေါ် အကြီးကျယ်ဆုံး တင်ပို့နေတဲ့ နိုင်ငံက ဒီစင်မြင့်ပေါ်ကနေ ကိုယ်ချင်းစာတရားအကြောင်း လာတရားဟောတဲ့ ချန်ပီယံ ဖြစ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

  ဒီနေ့ အိန္ဒိယဟာ ကမ္ဘာ့အိုင်တီ နည်းပညာ စူပါပါဝါအဖြစ် အသိအမှတ်ပြု ခံနေရပြီး ပါကစ္စတန်ကတော့ ပြဿနာလူသားတွေကို ထုတ်လုပ်ရင်း ပြည်ပတင်ပို့တဲ့ စက်ရုံ အဖြစ် အသိအမှတ်ပြုခံနေရတာဘာကြောင့်လဲလို့လည်း ဆွာရတ်ခ်ျက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား ပြည်နယ် ဂျမူးဒေ သကြား နယ်စပ်တလျှောက် အမြောက်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အယောက် ၃၀ ကျော် ဒဏ်ရာရတယ်လို့ ၂ နိုင်ငံလုံးက အရာရှိတွေက သောကြာနေ့ မှာ ပြောပါတယ်။

သေဆုံးသူ အများစုက ပါကစ္စတန် ဘက်မှာ ဖြစ်ပါတယ်။