18 September 2017

“ပြည်သူ့အလုပ်သမားပါတီဗဟိုရုံးချုပ်ဖွင့်လှစ်”


၂၀၁၇ စက်တင်ဘာလ ၁၈
ရွှေလုပ်သား

         ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ်၄၅ ရပ်ကွက်တွင် အခြေစိုက်သော ပြည်သူ့ အလုပ်သမားပါတီ(ဗဟို) ရုံးချုပ် ဖွင့်လှစ်ပွဲ အခမ်းအနား အား ယမန်နေ့ကအောင်မြင် စွာ ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

         ၂၀၁၆ ခုနှစ်ကတည်းက အလုပ် သမားပါတီဆိုသည့်အမည်ဖြင့် မှတ်ပုံတင် နိုင်ရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေ ခဲ့သော်လည်း ၂၀၁၇ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြည်သူ့အလုပ်သမားပါတီ မှတ်ပုံတင်အမှတ် (၁၀၄) ဖြင့် တရားဝင် အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပါသည်။  


       ဗဟိုကော်မတီ ၁၉ဦး တို့ဖြင့် ဖွဲ့စည်းထူထောင်လိုက် သည့် ပြည်သူ့အလုပ်သမား ပါတီသည် လွှတ် တော်ထဲမှ ဥပဒေများကိုပြင်ဆင်နိုင်ရန် အတွက် ရည်ရွယ်သည်ဟု ဆိုသည်။ 

 ပါတီထူထောင်ခွင့်ဥပဒေအရ မဲဆန္ဒနယ်မြေ အနည်းဆုံး ၃ နေရာမှ လွှတ်တော် အမတ်ဝင်ရောက်ရွေးချယ်နိုင်ရေးအတွက် ပြင်ဆင်ထား ပြီးဖြစ်သည်ဟု ပါတီဥက္ကဌ ဦးညီညီထွေးက ဆိုသည်။

  
       ပါတီသည် ပြည်သူနှင့် အလုပ်သမားများကိုဗဟိုပြုကြောင်းဆိုသည်။ လူထုေ ထာက်ခံမှုရရှိစေရန် အတွက် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ကာ ဒေသအတော်များ များတို့တွင်လည်း ပါတီရုံးခန်းများဖွင့်လှစ်ရန် စီစဉ်ထားသည်ဟုဆိုသည်။

 ပြည်သူများအမှန်တကယ်လိုလားသည့် ဥပဒေများကို ပြင်ဆင်နိုင်ရန်အတွက် တရား ၀င်ပါတီအဖြစ်ရပ်တည်ရခြင်းဖြစ်ကြောင်းပါတီဥက္ကဌ ကဆိုသည်။

      ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်ဇင် က“ ဒီမိုကရေစီစနစ်ကို ဦးဆောင်ေ နတဲ့ ဒေါ်အောင် ဆန်းစုကြည် ဟာ အောက်ခြေမှာ ပကတိဖြစ်ပျက်နေ တာကို မသိ ဘူးဖြစ်နေတယ်။ ဒါတွေကို ကျနော်တို့ ဖေါ်ထုတ်သွားမယ်။ အထူးသဖြင့် ဒီမိုကရေစီ ပန်းတိုင်ကိုလျှောက်လှမ်းနေတာကို အနှောက်အယှက်ပြု တာတွေကို ၀ိုင်းဝန်းဖေါ် ထုတ်သွားမှာဖြစ်တယ်။ တိုင်ပြည်တည်ဆောက်ရေးမှာ အရေးအကြီးဆုံး အခြေခံ အကျဆုံးဖြစ်တဲ့ ပြည်သူနဲ့ အလုပ်သမားတွေရှေ့က မားမားမတ်မတ်ရပ်တည်သွား မယ်” ဟုပြောသည်။


        ပြည်သူ့အလုပ်သမားပါတီအား ကော်မတီ ၁၄ခုနှင့်ဖွဲ့စည်းမည်ဖြစ်ပြီး နယ်ပယ် အသီးသီးမှ ပညာရှင်သုံးဦးကို ခန့်အပ်ထားပြီးဖြစ်သလို ဥပဒေပြုရေးမှာ တရား လွှတ်တော်ရှေ့နေများအများစုပါဝင်လာဖို့အတွက် ဖိတ်ခေါ်ထားကြောင်း ပါတီအထွေ ထွေအတွင်းရေးမှူး ဦးကျော်ဇင်က ဆိုသည်။

            ပြည်သူ့အလုပ်သမားပါတီသို့ ဆက်သွယ်လာမည့် ပညာရှင်အသီးသီးတို့ကို လည်း ကြိုဆိုသကဲ့သို့ ပြည်သူနှင့် အလုပ်သမားများအကျိုးအတွက် ပါတီရုံးဖွင့်ပြီး သည့်နောက်မှစ၍ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရှိရသည်။