10 September 2017

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် #ဟန်ဟီလီးအားဘက်လိုက်သည့်အတွက် #တာဝန်မှနှုတ်ထွက်ပေးရန် #ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဌတောင်းဆို

( စက်တင်ဘာ-၁၀၊ ၂၀၁၇ ) 
 

Image may contain: 1 person, text
မြန်မာနိုင်ငံတွင်းလတ်တလောဖြစ်ပွား လျှက်ရှိသည့် အကြမ်းဖက်မှု့များ အ တွက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာအာရှဗဟိုဌာန( ACHR ) ၌ ကြား ၀င်ဆောင်ရွက်နိုင် မည့်နည်းလမ်း များရှာဖွေလျှက်ရှိစဉ် မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ပါမော က္ခယန်ဟီလီးအား တာဝန်မှနှုတ်ထွက်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဌ ဂျိုကွင်အဲလက်ဇန္ဒရားမဇာမာတယ်လီက တောင်းဆိုလိုက်သည့်ထူးခြား မှု့ဖြစ်ပွား ခဲ့ကြောင်း The aPolitical သတင်းဝဘ်ဆိုဒ်က ယနေ့ရေးသားဖော်ပြသည်။


မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု့များအတွက် အရေးတကြီးဖြစ်နေစဉ် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ဘက်လိုက်မှု့များမှာမဖြစ်သင့်ကြောင်း အာရှဗဟိုဌာန( ACHR ) ညွှန်ကြားရေးမှူး ပယ်ရီတို့ရှ် ချတ်ကမာက ကောင်စီဥက္က ထံသို့တင်ပြသည့်အကြောင်းကြားတွင် ဖော်ပြထားသည်ဆို၏။

ပယ်ရီတို့ရှ် ချတ်ကမာသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအချက်အလက် ရှာဖွေေ ရးအဖွဲ့ဝင် အင်ဒရာဂျေးဆင်းအား အယ်ဂျာဇီးယားမီဒီယာနှင့်အင်တာဗျုးရာတွင် အတ ည်ပြုနိုင်ခြင်းမရှိသေးသည့် လူမျိုးတုန်းသတ်ဖြတ် မှု့စိုးရိမ်ဖွယ်ရာရှိကြောင်းပြောကြား သည့်အတွက် အဖွဲ့ဝင်အဖြစ်မှနှုတ်ထွက်စေရန်တောင်းဆိုခဲ့ဘူးသူဖြစ်သည်။

         ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအာရှဗဟိုဌာန( ACHR ) ၏ အစီရင်ခံစာ တွင်ေ ဖ်ာပြရာ၌ မန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၃-ရက်နေ့ မြိုလူမျိုး ၆-ဦး၊ သြဂုတ်လ ၂၆-ရက်နေ့ ဒိုင်းနက်နှင့် သက်လူမျိုး ၅-ဦး၊ သြဂုတ်လ ၂၈-ရက်နေ့ တိုက်ခိုက်ခံရမှု့တွင် မြိုလူမျိုး ၇-ဦးတို့ မောင်တောမြို့နယ်နှင့် ရခိုင်မြောက်ဖျားနေရာ အသီးသီးတွင် အသတ်ခံရခြင်းတါင် ယိုလိမ်ညာလက်နက်ကိုင်အုပ်စုများ၏အမည်ကို ဖော်ပြရန် ယန်ဟီလီးက ပျက်ကွက်လျှက်ရှိသည်ဟု ရေးသားထားကြောင်းသိရှိရ သည်။

၂၀၁၆-ခုနှစ် အောက်တိုဘာလ ၉-ရက်နေ့တွင် ယိုလိမ်ညာလက်နက်ကိုင်အုပ်စု များသည် လုံခြုံရေးရဲစခန်းများနှင့် အရပ်သားများအားတိုက်ခိုက်ခြင်းကြောင့် ရဲတပ် ဖွဲ့ဝင် ၉-ဦးသေဆုံးခဲ့ရသည်။ ၂၀၁၇-ခုနှစ် သြဂုတ်လ ၂၅-ရက်နေ့တွင် လုံခြုံရေး ကင်းစခန်း ၃၀ တို့အားစီးနင်းတိုက်ခိုက်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀-ဦး၊ တပ်မတော် သား ၁-ဦး၊ လူဝင်မှု့ကြီးကြပ်ရေးအရာရှိ ၁-ဦးတို့ သေဆုံးခဲ့ရသည်။

ထိုသို့အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များ တွင်လည်း ယိုလိမ်ညာလက်နက်ကိုင် အုပ်စု များ ၏အမည်ကိုဖော်ပြရန် ယန်ဟီလီးက ပျက်ကွက်နေခဲ့သည်။

ပါမောက္ခယန်ဟီလီးသည် မြန်မာနိုင်ငံလူ့အခွင့်အရေးချိုးဖောက်မှု့များအခြေအနေတွင် ယိုလိမ်ညာလက်နက်ကိုင်ဆန့်ကျင်ရေးအုပ်စုတို့၏အမည်နာမအား မည်သည့်အခါမျှ ဖော်ပြခဲ့ခြင်းမရှိသော်လည်း ရှမ်းနှင့်အခြားမျိုးနွယ်စုများနှင့်ပတ်သက်၍မူ တိုင်းရင်း သား လက်နက်ကိုင်များဟုဖော်ပြရန် လက်မနှေးခြင်းဖြင့် အထူးကိုယ်စားလှယ်တစ်ဦး အတွက် အလွန်ဘက်လိုက်ခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အာရှဗဟိုဌာန( ACHR ) က စွပ်စွဲလိုက်သည်။

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအာရှဗဟိုဌာန( ACHR ) သည် ယန်ဟီလီး၏ ယိုလိမ်ညာလက်နက်ကိုင်ဆန့်ကျင်သူတို့နှင့် အခြားဆက်နွယ်လျှက်ရှိသော ဆန့်ကျင် ရေးအုပ်စုတို့အားအား ရှုတ်ချရန်ပျက်ကွက်မှု့ကို ဖော်ပြထားသည့် အသေးစိတ်စာ ရင်းဇယားပြုစုထားပြီး ကောင်စီဥက္ကထံတင်သွင်းရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
မူရင်းလင့် https://www.theapolitical.in/…/un-human-rights-council-pres…