15 September 2017

နိုင်ငံသားဖြစ်ချင်တယ်ဆိုရင် နိုင်ငံတော်အလံကိုတော့အလေးပြုရလိမ့်မယ်

မျိုးကျော်     Hot News

 Friday, September 15, 2017 - 11:00


White Card  ဆိုသည်မှာ မည်သူ မည်ဝါဖြစ်ကြောင်း လက်မှတ်ထိုးထား ခြင်းသာဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်အေးချမ်းက ပြောသည်။
““White Card ဆိုတာက မည်သူ မည်ဝါဖြစ်ကြောင်း လက်မှတ်ပေါ့။ ဒီလူ တစ်ယောက်ဟာ မည်သူဖြစ်တယ်၊ ဘယ် မှာနေတယ်ဆိုတာပါပဲ။ နိုင်ငံသားမဟုတ် ဘူး၊ ဘာမှ ထောက်ခံချက်မပေးနိုင်ဘူး၊ ဘာမှမဟုတ်ဘူး၊ ဘာမှ ထောက်ခံချက် မပေးနိုင်ဘူး””ဟု သမိုင်းပညာရှင် ဒေါက် တာအေးချမ်းက ပြောသည်။


ယခင်အစိုးရလက်ထက်တွင် ရခိုင် ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများကို White Card ထုတ်ပေးခဲ့သောကြောင့် ဝေဖန်မှု ဖြစ်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက်္ကဋ္ဌမှ ကိုဖီအာနန်က ၁၉၈၂ ခုနှစ် ဥပဒေကို ဖြေလျှော့ပေးရန်အတွက် အကြံပေးစာတမ်းတွင် ထည့်သွင်းဖော်ပြ ထားသည်။

““နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုတာ ဘယ်နေရာ မကိုက် ညီတာလဲ၊ အတိအကျထောက်ပြပါ။ မကိုက်ညီဘူးလို့ပြောရုံနဲ့တင် မရဘူး။ နိုင်ငံတိုင်းမှာ လူဝင်မှု အက်ဥပဒေဆိုတာ ရှိတယ်။ ဂျပန်မှာလည်းရှိတယ်။ အမေရိ ကမှာလည်းရှိတယ်။

Green Card ရထား တဲ့သူတစ်ယောက်ဟာ ငါးနှစ်နေပြီးရင် နိုင်ငံသားဖြစ်ခွင့်ရှိတယ်” ”ဟု ဒေါက်တာ အေးချမ်းက ပြောသည်။

အမေရိကန်နိုင်ငံသားဖြစ်လိုလျှင် ဘာသာစကား၊ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် အမေရိကန် သမိုင်းကိုဖြေဆို၍ ကျမ်းကျိန် ရကြောင်း၊ ဂျပန်နိုင်ငံသားအဖြစ် ခံယူရန် လျှောက်ထား လျှင် ဂျပန်နိုင်ငံ၏အလယ် တန်းအဆင့်ဂျပန်စာကိုဖြေရပြီး ဖွဲ့စည်းပုံ နိုင်ငံရေးစနစ်၊ ယဉ်ကျေးမှုများကို ဖြေဆို ပြီး အောင်မြင်မှသာလျှင် နိုင်ငံသားဖြစ် ခွင့်ရှိသည်ဟု သမိုင်း ပညာရှင်ဒေါက်တာ အေးချမ်းက ရှင်းပြသည်။

““ဒီနိုင်ငံမှာ နိုင်ငံသားဖြစ်ချင်တယ် ဆိုရင် အဘိုးအဘွားဘယ်နှဆက်နေရင် ရတယ်။ ရခိုင်စကားလည်း တတ်စရာ မလိုဘူး။ နိုင်ငံတော်သီချင်းလည်း ဆိုစရာ မလိုဘူး။ ဒီ၁၉၈၂ခုနှစ်ဥပဒေက ဒီလောက်ပျော့ပျောင်းတဲ့ဥပဒေပါ။ ဒါကို နိုင်ငံတကာစံချိန် စံညွှန်းနဲ့ မကိုက်ညီဘူးဆိုတာ က ဘာကိုပြောတာလဲဆိုတာ ကျွန်တော် နားမလည် ဘူးဖြစ်နေတယ်””ဟု ၎င်းက ပြောသည်။ ၁၉၈၂ ခုနှစ် ဥပဒေဖြင့် နိုင်ငံသားအဖြစ် ခွင့်ပြုရန် ဘင်္ဂါလီရွာများသို့ သွားရောက်စစ်ဆေးရာတွင်ဒေသခံရွာသားများက အစစ်ေ ဆးမခံသောကြောင့်စစ်ဆေးခွင့်မရရှိခဲ့ကြောင်းဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။

““သူတို့တွေက နိုင်ငံသားဖြစ်ခွင့်ရှိ သလား၊ မရှိဘူးလားဆိုတာကို အစိအစစ်  မခံတဲ့ လူမျိုးတွေ၊ မြန်မာနိုင်ငံအလံကို အလေးပြုနိုင်သလားဆိုရင် အလေးမပြု နိုင်ဘူးလို့ ငြင်းဆိုတဲ့လူမျိုးတွေက နိုင်ငံ တော်အပေါ် သစ်္စာရှိခဲ့သူလား၊ သစ္စာမဲ့ သူလားဆိုတာ ကို နိုင်ငံတော်အစိုးရအနေ နဲ့ အများကြီးစဉ်းစားသင့်တယ်လို့ မြင် တယ်””ဟု ဒေါက်တာအေးချမ်းက သုံးသပ် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အလုပ်အကိုင် အခွင့်အ လမ်း များကို ရေတိုရေရှည်စီမံကိန်းဆွဲ၍ဖော်ဆောင်ပေးသင့်ကြောင်းဝေဖန်ထောက်ပြ မှုများရှိနေသည်။

““ရခိုင်ပြည်နယ်က အဆင်းရဲဆုံးဖြစ် နေတယ်။ စီးပွားရေးတိုးတက်အောင် လုပ်ပေးရ မယ်။ လူတွေက ထမင်းမ၀ဘူး။ ဒီလိုထမင်းမ၀တော့ အခြားဒေသတွေ၊ ပြည်ပနိုင် ငံေ တွမှာထွက်ပြီး အလုပ်လုပ် နေကြတယ်။ ရခိုင်ပြည်နယ်မှာ ယောက်ျား သားတွေ သိပ်မရှိတော့ဘူး။ နာရေးဖြစ် ရင်တောင်မှ အမျိုးသမီးတွေက ချပေးနေ ရတယ်””ဟု ဒေါက်တာအေးချမ်းက ဝေဖန်ထောက်ပြသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်မှုနှင့်အတူ ဒေသခံပြည်သူများ  အေး ချမ်းစွာနေနိုင်ရန်အတွက် တရားဥပဒေစိုးမိုး၍ လုံခြုံမှုရှိရန်လိုအပ် နေသည်ဟု ဒေသခံ တစ်ဦးကဆိုသည်။