27 September 2017

မောင်တောဒေသအတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ နှင့် ပျောက်ဆုံးနေသူ စုစုပေါင်း ၂၅၄ ဦး ရှိ

Information Committee

27 September 2017 06:32(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

စက်တင်ဘာ ၂၆၊ ၂၀၁၇

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ ၏ စီးနင်းတိုက်ခိုက်မှုကြောင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ထိ အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဆယ် အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်မှူး၊နိင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ အပါအ၀င် (၇၉) ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ (၃၇) ဦး ပျောက်ဆုံးခဲ့သည်။


၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်အကြမ်းဖက်သမားများ ၏ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက် ယနေ့အထိ သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင်များ၊ ရခိုင်တိုင်းရင်းသားများ၊ ဒိုင်းနက်၊ မြို၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ အပါအ၀င် (၈၄) ဦး သေဆုံးခဲ့ပြီး အကြမ်းဖက် သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ (၅၄) ဦး ပျောက်ဆုံး ခဲ့သည်။


    မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်နေ့မှ စတင်၍ စက်တင်ဘာ ၂၆ ရက်နေ့အထိ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁၆၃) ဦး၊ ပျောက်ဆုံး နေသူ (၉၁) ဦး၊ စုစုပေါင်း ဆုံးရှုံးမှု (သေဆုံး/ပျောက်ဆုံး) ၂၅၄ ဦး ရှိကြောင်း သိရှိရသည်။