28 September 2017

အမျိုးသားများဆိုပါက လုံးဝမချန်ဘဲ ဟိန္ဒူဘာသာဝင် ရွာလုံးကျွတ်နီးပါး ကို ဘင်္ဂလီများ သတ်ဖြတ်ခဲ့

The Ladies News



ရုပ်ရည်ကြောင့် အသတ်မခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်း ရောက်ရှိနေဆဲ ဟိန္ဒူ အမျိုးသမီးငယ် ရီခါး၏ အစ်ကိုအရင်းဖြစ်သူနှင့် The Ladies News ဆက်သွယ် မေးမြန်းထားမှု
( ---- အင်တာဗျူး ---- )
ဇော်မင်းထွန်း မေးမြန်းသည်

   သြဂုတ် (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့များက မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာအုပ်စုတွင် အစွန်းရောက် ဘင်္ဂလီ မွတ်ဆလင်များ၏ လက်ချက်ဖြင့် ဟိန္ဒူ ဘာသာဝင် (၉၄) ဦးတို့ အသတ်ခံရပြီး၊ ရုပ်ရည်သင့်တင့်သူ အရွယ်ကောင်း ဟိန္ဒူ အမျိုးသမီး (၈) ဦးနှင့် ကလေး(၁၀) ဦးတို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ပြန်ပေး ဆွဲ သွားခြင်း ခံခဲ့ရသည်။

ထိုကဲ့သို့ သတ်ဖြတ်သွားသူများသည် ဘင်္ဂလာဒေ့ရှ် ဘက်ခြမ်းသို့ ကူးသွားကာ သတ်ဖြတ် ခံရသူများထံမှ လုယူ ရရှိထားသော အ၀တ်အစားများကို ၀တ်ဆင်လျက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များအဖြစ် စောင့်ေ ရှာက်ခံလျက် ရှိနေကြောင်း ပြည်ပမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

eibela.com ၏ စက်တင်ဘာ ၁၈ သတင်းတစ်ရပ်တွင်

“ငါတို့တွေသာ မွတ်ဆလင် ဖြစ်ခဲ့မယ်ဆိုရင်၊ ငါတို့ ယောက်ျားတွေနဲ့ သားသမီးတွေ အသတ်ခံရမှာ မဟုတ်ဘူး” (If we were Muslims, they would not have killed our husbands and our children.) ဆိုသည့် အဓိပ္ပယ်ရသည့် သတင်းခေါင်းစီးကို တင်ပြီး ပြန်ပေးဆွဲခံခဲ့ရသူ ရှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ရီခါး (Rika Dhar)နှင့် ဟိန္ဒူရွာ သားများ၏ ဖြစ်စဉ်ကို ဖော်ပြခဲ့သည်။

ဟိန္ဒူရွာသားများ ရွာလုံးကျွတ် သတ်ဖြတ်ခံခဲ့ရသည့် သတင်းမှာ လွန်ခဲ့သည့် သီတင်း နှစ်ပတ်ကပင် လူမှုကွန်ရက်များတွင်ပျံ့ နှံ့ နေကာ စက်တင်ဘာ ၂၄၊ ၂၅ ညများတွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီ ( Information Committee )၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့ မှ ဟိန္ဒူများရွာလုံးကျွတ် သတ်ဖြတ်ခံခဲ့ရသည့် သတင်းနှင့် ပတ်သက်ပြီး ဟိန္ဒူရွာသား အမျိုးများ၏ အတည်ပြုမှုများနှင့်အတူ ရုပ်အေ လာင်း သက်သေ၊ ဓာတ်ပုံသက်သေ များဖြင့် ရှာဖွေတွေ့ ရှိမှု သတင်းများကို ထုတ်ပြန် ဖော်ပြခဲ့သည်။

    The Ladies News ကလည်း ရီခါး၏ အစ်ကိုအရင်းဖြစ်သူ ဖော်ရှိုးရာမ် (ခ) ကျော် မျိုးနိုင် ကို စက်တင်ဘာ ၂၅ က ဆက်သွယ်ခဲ့ပြီး ဟိန္ဒူရွာသားများ ရွာလုံးကျွတ် သတ်ြ ဖတ် ခံခဲ့ရ သည့် ဖြစ်စဉ်၊ ဘင်္ဂလားဒေ့ရှ် ကူတူပါလောင် ဒုက္ခသည်စခန်းရောက် ရီခါး ၏ အခြေအနေ များနှင့် ပတ်သက်ပြီး မေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါသည်။

ဖော်ရှိုးရာမ် (ခ) ကျော်မျိုးနိုင်သည်လည်း သြဂုတ် ၂၄ က အစွန်းရောက် ဘင်္ဂလီများ၏ အကြမ်းဖက် တိုက်ခိုက်မှုတွင် ထွက်ပြေးခဲ့ရပြီးမောင်တောသို့  ပြန်ရောက်နေသူ ဖြစ် သည်။

The Ladies News -  အစ်ကို့ညီမနဲ့ ဖုန်းအဆက်အသွယ် ရတယ်လို့ သိထားရပါ တယ်၊ အခင်းဖြစ်တဲ့နေ့က ဘယ်လိုဖြစ်ခဲ့တယ် လို့ ပြောသလဲခင်ဗျ။

ဖော်ရှိုးရာမ် - သူတို့က ၂၅ ရက်၊ သောကြာနေ့ နံနက် ရှစ်နာရီအချိန်မှာ အနောက်ကေ န ဝင်လာပြီလို့ သတင်းရတယ်။ အကြမ်းဖက် ကုလားတွေက ဘယ်လိုပုံစံလဲ ဆိုတော့ အမည်းပုံစံနဲ့ပဲ လာတယ်လို့ ကျွန်တော်တို့ကတော့ သတင်းရတယ်။ ပထမတော့ ဘာ မှ မပြောဘူးလေ၊ ဒီလို ဒီလိုပြသ၁နာ တက်နေပြီ။ မောင်တောမှာ အကုန်လုံး ငါတို့နဲ့ ပူးပေါင်းပြီး နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် သွားကြမယ်။ အဲလို ပထမဆုံးပြောတယ်တဲ့။ သူတို့လာတာ အနည်းဆုံး တစ်ရာကျော်၊ နှစ်ရာကျော် လောက်တော့ ရှိတယ်။ ဟိုကို သွားပြီး နှစ်မိုင်လောက်လည်း ကျော်သွားရော ဒီမှာ ဆင်းကတ်ရတဲ့သူ ဘယ်သူရှိလဲ မေးတယ်တဲ့။ ပြီးတော့ အကုန်လုံးကို သိမ်းယူတယ်။ ပြီးတော့ စစ်တပ်ကို ဘယ်သူ သတင်းပို့တာလဲ။ ငါတို့က ဒီနိုင်ငံကို ၀င်တာ ဘာဖြစ်လို့ သတင်းပို့လဲ။ သူတို့ကို မေးခွန်းမေးတယ်တဲ့။ ပြီးတော့ အခုလက်ရှိ ရွှေငွေ ဘယ်လောက်ထိ ရှိတာလ။ဲ အကုန်လုံး ငါတို့တွေကိုအပ်။ အဲ့လိုမျိုး ပြောတယ်တဲ့။
.
The Ladies News - ရွာသားတွေက ဘယ်နှယောက်လောက် ရှိမလဲ။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကို ရောက်သွားတာကော ဘယ်နှယောက်လဲ။
.
ဖော်ရှိုးရာမ် -  ၁၀၆ ဦး။ ရဲဘောက်ကျာနဲ့ ကမောက်ဆ တောင်ရွာ နှစ်ရွာပေါင်း ၁၀၆ ဦး ရှိတယ်၊ ဘင်္ဂလားဒေ့ရှ် ဘက်ကို ပါသွားတာက မိန်းမ ရှစ်ယောက်၊ ကလေးတွေ လည်းပါတယ်။ အမျိုးသားကို မချန်ဘူး။ အကုန်လုံး အသတ်ခံရတယ်။ ကျွန်တော်က မောင်တောမှာနေတာ။ ဘင်္ဂလားက ညီမက ဖုန်းနဲ့ လှမ်းပြောတာ။ အကြမ်းဖက် သ မား ၀င်လာတာက ကုလားကိုလည်း တိုက်တယ်။ တခါမှ အဲ့ဒီလိုတိုက်တာမရှိဘူး။ ကုလားတွေက အရင်က ဒီလိုပဲ နေနေတာ။ အကုန်လုံး အသတ်ခံရတာက ယောင်္ကျား ၄၅ ယောက် လောက်ရှိမှာ။ ရဲဘောက်ကျာ ၊ ကမောက်ဆတောင်ရွာ နှစ်ရွာပေါင်း ၉၄ ဦး သေတာ။
.
The Ladies News -  အစ်ကို့ညီမ ရီခါးတို့ကကော ဘယ်လို အသတ်ဘေးက လွတ်ပြီး ဒုက္ခသည်စခန်း ရောက်ခဲ့တာလဲ။
.
ဖော်ရှိုးရာမ် - ကျွန်တော့်ညီမက ဘယ်လိုပြောလဲ ဆိုတော့ ညီမတို့ကို ခေါ်လာတယ်။ ယောက်ျားတွေကို အကုန်သတ်သွားပြီးမှ ကျွန်မတို့ အပျိုလား၊ အပျို၊ အအိုတွေထဲက လှတဲ့ ချောတဲ့ မိန်းမ ၈ ယောက်ကိုသူတို့က ဆွဲလာတယ်။ ဘယ်လိုပြောတယ် ဆိုေ တာ့ “ငါတို့ကို မင်းတို့ မင်္ဂလာဆောင်လား၊ မဆောင်လားပြော၊ မင်္ဂလာဆောင်ရင်မင်း တို့ အသတ်ဘေး လွတ်မယ်။ မင်္ဂလာမဆောင်ရင် မင်းတို့ကို သတ်ပစ်လိုက်မယ် “ လို့ ပြောတယ်တဲ့။ သူတို့က မင်္ဂလာဆောင် မယ်ပြောတော့ ခေါ်သွားတယ်။ တောင်ကြား ထဲမှာ သုံးရက်တိုင်တိုင် ၀ှက်ထားတယ်။ လေးရက်ပြည့်တာနဲ့ ဒုက္ခသည် ကယ်ဆယ် တဲ့ စခန်းထဲကို သူတို့ကိုခေါ်သွားတာ။ ဘင်္ဂလားဒေ့ရှ်ဘက် စခန်းထဲကို..။

The Ladies News - ဘင်္ဂလားဒေ့ရှ်ဘက် ဒုက္ခသည်စခန်းကကော  လုံခြုံရေး အခြေ အနေ ဘယ်လိုရှိလဲလို့ ပြောလဲခင်ဗျ။

ဖော်ရှိုးရာမ် -  အဲ့ဒီဘက်မှာ အခြေအနေက သူတို့ကို နေစရာပေးတယ်၊ အ၀တ်အ စား ပေးတယ်၊ စားဖို့ပေးတယ်၊ ပိုက်ဆံပေးတယ်။ ဆေးတွေ ဘာတွေလည်း ပေး တယ်၊ သူတို့ ကြောက်နေတာက အဲ့ဒီစခန်းမှာ လုံခြုံရေးမရှိဘူး။ ကျေးရွာအုပ် ချုပ်ရေး မှူး တစ်ယောက်ပဲ ရှိတယ်။ အမြဲမလာဘူး။ နှစ်ရက်၊ သုံးရက်ပြန်။ အလှူတွေပေးအပ် ဖို့ လာတယ်ဆို အုပ်ချုပ်ရေးမှူးက အကူအညီ တောင်းပေးတယ်။ အဲ့လိုပဲရှိတာ။ ဘင်္ဂလားဒေ့ရှ်က အာဏာပိုင်တွေ မလာပါဘူး။ အဲ့ဒီနိုင်ငံတွေက အဲ့ဒီလိုပဲ အုပ်ချုပ်ေ ရးမှူးက အကူအညီ တွေလာရင် သူတို့ဆီ ပေါ်လာတယ်။ အတိအကျတော့ မလာ ဘူးလေ။

The Ladies News -   အဲ့ဒီဘက်မှာရောက်နေတဲ့ သူတွေရဲ့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေး အခြေအနေတွေ ဘယ်လိုရှိတယ်ပြောလဲ။

ဖော်ရှိုးရာမ် - အဲ့ဒီဘက်မှာ အကုန်လုံးက ကျန်းမာရေး မကောင်းဘူး။ ဆေးဝါးကုသဖို့ စရိတ်စကလည်း မရှိတော့ဘူး။ စားဖို့သောက်ဖို့ အတွက်က နည်းနည်းပါးပါး ပေး တယ်။ မြန်မာနိုင်ငံမှာက ၆ နာရီဆို ထမင်းစားတယ်။ အဲ့ဒီနိုင်ငံမှာက ဆယ်နာရီ၊ ၁၂ နာရီ။ အဲ့ဒီလိုပဲ ထမင်းကျွေးတာ။ သန်းခေါင်သန်းလွဲ အချိန်တွေ၊ အဲ့လိုပဲ အိုးယူသွား၊ စားရတာလည်း ရှိတယ်။ မစားရတာလည်း ရှိတယ်တဲ့။

The Ladies News - သူတို့ကို ဖမ်းသွားတဲ့သူတွေကကော ဘယ်ရောက်သွားလဲ ခင်ဗျ။

ဖော်ရှိုးရာမ် - ဒီကနေ ဖမ်းသွားတဲ့ သူတွေကတော့ သူတို့နဲ့ မနေဘူးတဲ့၊ ကယ်ဆယ်ေ ရး သီးသန့်ပဲ သူတို့က လှုပ်ရှားနေပြီး ယောင်္ကျားလေး အ၀တ်အစား အကုန်လုံး ယူ သွားတယ်။ အဲ့ဒီအ၀တ်အစားတွေကို သူတို့က ပြန်ဝတ်ပြီး သူတို့မိန်းမတွေဆီ လာ တယ်၊ သွားတယ်၊ သူတို့ကတော့ မြင်နေရတယ်တဲ့..။

The Ladies News - ရဲဘောက်ကျာနဲ့ တောင်ရွာက လူတွေကို သတ်တဲ့သူတွေ ကေ ကာ ဘယ်လိုလူတွေလဲ။

ဖော်ရှိုးရာမ် - သတ်တဲ့သူတွေက ဘင်္ဂလီတွေ၊ ရွာသားက အများဆုံး၊ ဟိုဘက်က လာ တာက နည်းတယ်လို့ အဲ့လိုပြောပြတယ်။ ရွာသားတွေကပဲ ပြန်သတ်တာ။
.
The Ladies News - အခုရော ရီခါးနဲ့ အဆက်အသွယ် ရသေးလား၊ ဘာသတင်းတွေ ထပ်ကြားသေးလဲ။

ဖော်ရှိုးရာမ် - သူ ဖုန်းမဆက်တာ တစ်ပတ်လောက်ရှိပြီ။ သူ ကျန်းမာရေး မကောင်း ဘူးတဲ့၊ အဲ့ဒီလိုပဲ သတင်းရတယ်။ ကျွန်တော့်ညီမနဲ့ ဖုန်းအဆက်အသွယ်တော့ မရှိတော့ဘူး။ အဆက် အသွယ်ရှိရင်တော့ ကျွန်တော် သတင်းပြောလို့ ရတယ်။

The Ladies News - အစ်ကို့အနေနဲ့ ပြောချင်တာရှိရင်လည်း ဖြည့်စွက်ပြောပေးပါဦး။

ဖော်ရှိုးရာမ် - ကျွန်တော့် ညီမတွေက ဖုန်းဆက်တုန်းက ပြောတယ်။ အစိုးရနဲ့ ပူးပေါင်း ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ကျွန်မတို့ကို ဘယ်လိုကယ် တင် နိုင် မှာလဲ၊ ဒီမှာ ဒုက္ခရောက်နေပြီတဲ့၊ စိတ်ကြောင်တောင်တောင်နဲ့ နေရတယ် တဲ။့ အဲ့လိုပဲ ပြောနေတယ် ။ ကျွန်တော့်ကို သူဖုန်းဆက်ရင် အဲ့ဒီစကားပဲသုံးတာ။ ကျွန်တော်ပြော တာက အစိုးရအဖွဲ့အနေနဲ့ ကျွန်တော့်ညီမတွေကို ဘယ်လို ကယ် ထုတ်နိုင်မလဲ၊ ကျွန်တော့် အနေနဲ့ ကျေးဇူးပြုပြီး မေတ္တာရပ်ခံတာပေါ့၊ ဘာလို့ ဆို မိန်းမရှစ်ယောက်ကို ကျွန်တော် ဘယ်လို မြန်မာနိုင်ငံ ပြန်ခေါ်လာမလဲ။ ကျွန်တော့်မှာ ဒါပဲပြောစရာ ရှိတယ်။ ဘယ်လို ကယ်ထုတ်နိုင်မလဲ ။ အကုန်လုံး မိသားစုပဲ။ ကျွန်တော် ၀မ်းနည်းနေရတယ်။             ။

Photos Crd - ကိုကျော်ဇော်ဦး
( ရီခါး (တစ်ယာက်တည်း)နှင့်ပြန်ပေးဆွဲခံခဲ့ရသည့် ဟိန္ဒူအမျိုးသမီးများနှင့် ကလေး ငယ်များ)