23 September 2017

ကျောက်ဖြူမြို့နယ် စနဲမှ ငါးထောင်တန် ငွေစက္ကူအတု ၆၄ ရွက် ထပ်မံဖမ်းဆီးရမိ


22 September 2017 20:05(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က)
(ငွေစက္ကူအတုကိုတွေ့ရစဉ်။ ဓာတ်ပုံ- ကိုထွန်းထွန်းနိုင် (ကျောက်ဖြူ)
စစ်တွေ၊ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့မှ ၅၀၀၀ တန် ငွေစက္ကူအတု ၆၄ရွက်ကို စက်တင်ဘာ ၂၀ ရက်နေ့က ထပ်မံ ဖမ်းဆီးရမိသည် ဟု ကျောက်ဖြူရဲစခန်းမှ ဒုရဲအုပ် လှမိုးက နိရဉ္စရာသို့ပြောသည်။


“ကျွန်တော်တို့ စခန်းက စခန်းမှူးတို့ ဦးဆောင်ပြီးသွားဖမ်းတာပါ။ ၅၀၀၀ တန် စုစုပေါင်း ၆၄ ရွက်ပါ။ ဖမ်းမိတဲ့သူတွေလည်းရှိပါတယ်။ အမှုကွင်းဆက်တွေကို ထိပ်မံ စစ်ဆေးဖော်ထုတ်နေတုန်း ဖြစ်တဲ့ အတွက် ဖမ်းမိသူတွေရဲ့ နာမည်ကိုတော့ ပြောလို့ မရသေးပါဘူး” ဟု ဒုရဲအုပ် လှမိုးက ပြောသည်။

   စက်တင်ဘာလ ၁၉ ရက်နေ့က ၅၀၀၀ ငွေစက္ကူအတု ၅၄ ရွက်ကို မြန်မာ့စီးပွားရေး
ဘဏ်မှ ရဲစခန်းသို့ လာအပ်ပြီးနောက် လိုက်လံ စုံစမ်းဖော်ထုတ်ရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု သိရသည်။

“ စီးပွားရေး ဘဏ်ကလာအပ်တဲ့ လူကိုဆက်ပြီးတော့ စုံစမ်းရာကနေ ဆက်စပ်ပြီးေ တာ့ ဖမ်းမိတာပါ။ အခုလည်း ဆက်လက် စစ်ဆေး ဖော်ထုတ်နေတုန်း ဖြစ်ပါတယ်” ဟု ဒုရဲအုပ်က ပြောသည်။

ဖမ်းမိသူအား ဗဟိုဘဏ် ဥပဒေဖြင့် အရေးယူဆောင်ရွက်နေကြောင်း၊ ယခင်က ငွေစက္ကူအတုများကို ကျောက်ဖြူတွင် ဖမ်းဆီးမိခြင်း မရှိကြောင်း သူကပြောကြား သည်။

မဘုကေ
Narinjara