26 September 2017

“CI စခန်းများအားထိုင်းအာဏာပိုင်များဝင်ရောက်စစ်ဆေးမည်ဟုဆို”




ရွှေလုပ်သား
၂၀၁၇ စက်တင်ဘာလ ၂၆ ရက်နေ့


    ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် Certificate of Identity-CI ထုတ်ပေးသည့် စခန်းများအားလုံးကို ထိုင်းအာဏာပိုင်များက လာမည့် ၂၈ ရက်နေ့တွင် စစ် ဆေးသွားဖွယ်ရှိကြောင်း ယနေ့ထိုင်းဘာသာဖြင့်ထုတ်ဝေသည့် dailynews သတင်းတွင်ရေးသား ဖေါ်ပြ ထားသည်။

ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားသူ ၂သိန်းအနက် ဆဲဗင်း အလဲဗင်းတွင် ငွေသွင်း ပြီးသား ပန်းရောင်ဘတ်ကဒ် လုပ်ထားသည့် မြန်မာအလုပ်သ မား သုံးသောင်းပင်လျှင် CIမပြုလုပ်ရသေးဟုဆိုသည်။ လက်ရှိ အထောက် အထားမရှိသည့် အလုပ်သမားေ ပါင်း ၄သိန်းကျော်အား နေထိုင်ခွင့်ထုတ်ပေး ထားသည်။ သို့ဖြစ်၍ ပန်းရောင်ဘတ် ကဒ်လုပ်ထားသူများပင်လျှင် ယခု နှစ် ကုန် သည်အထိ ပြီးစီးနိုင်ဖွယ်မရှိကြောင်း ရေးသားထားသည်။


ထိုသို့ ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသည့် လူဟောင်းများ CI မလုပ်ရပဲကြန့် ကြာေ နမှုများမှာ စခန်းထဲသို့ဝင် ရောက်ခွင့်(ခယူ)ကြေးကောက် ခံနေ မှုများကြောင့် ဟုကြားသိရကြောင်းဆိုသည်။
အစိုးရသတ်မှတ်ထားသည့်ငွေကြေးများထက်ပို၍၊ စခန်းထဲသို့ ၀င်ရောက် ခွင့် (ခယူ) ကြေးကောက်ခံနေမှု များကို အလုပ်သမားဝန်ကြီးဌာနနှင့် တာဝန် ရှိ သူများက စစ်ဆေး ဖေါ်ထုတ်၍အရေးယူသွားမည်ဟုဆိုသည်။

ညနေပိုင်းတွင်ထပ်မံ၍ တက်လာသည့်အွန်လိုင်းသတင်းအရ ၀န်ကြီးချုပ် ပရာယုချန် အိုချာ သည် ထိုင်း အလုပ်သမားဝန်ကြီးဌာနကို ဖိတ်ခေါ်၍ ပုံမှန် မဟုတ်သောအစည်း အဝေးတစ်ခုကို ပြုလုပ်၍ အထူးစုံ စမ်းရေးအဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့သည်။

မြန်မာအစိုးရအရာရှိများနှင့် ပွဲစားများပူးပေါင်း၍ မြန်မာအလုပ်သမား များအား အလွန် အကျွံ အမြတ်ယူနေမှုတို့ကို ထိရောက်စွာ အရေးယူဆောင် ရွက်ရမည်ဖြစ်ကြောင်း dailynews တွင် ထပ်လောင်းဖေါ်ပြထားသည်။

စစ်ဆေးစဉ်ကာလ ၂၈ ရက်နေ့မှစ၍ အလုပ်သမားဆဲဗင်း အလဲဗင်း တွင် ဘတ်ငွေ ၃၁၀စီသွင်းနေ မှုတို့ကို ပိတ်ထားမည်ဖြစ်သည်။ လက်ရှိ ငွေသွင်းထားသူများ CI ထုတ်ပေးမှုပြီးစီးပြီးနောက် ခယူစောင့်စရာ မလိုပဲ ဦးရာလူစနစ်ဖြင့် စည်းကမ်းတကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။