20 September 2017

မင်းပြား-မြောက်ဦးအကြားကားလမ်း မိုင်းရှင်းလင်းရေးလုပ်


20 September 2017 16:11(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

နိရဉ္စရာ၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သံရှင် ရဲစခန်းအပိုင် ဆပ်ကျာ ဘင်္ဂလီကျေးရွာအနီး ကားလမ်းဘေးတွင် ယမန်နေ့ညက ပေါက်ကွဲခဲ့သော လက်လုပ် မိုင်းဗုံးများကြောင့် ယနေ့တွင် ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းရေးများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။


“ ဒီကနေ့ နံနက်က မိုင်းရှင်းလင်းရေး လုပ်တဲ့ နေရာတွေက မြောက်ဦးနဲ့ မင်းပြား အကြား စစ်တွေ-ရန်ကုန် ကားလမ်း မိုင်တိုင်အမှတ် ၉၆/၅ နှင့် ၉၇/၄ အကြား တန်း ဆိပ်နဲ့ ဆပ်ကျာ ဘင်္ဂလီရွာ အနီးတ၀ိုက်မှာ လုပ်တာပါ” ဟု မင်းပြားမြို့မှ ရဲအရာရှိ တစ်ဦးဖြစ်သူ ဆရာစိန်က နိရဉ္စရာသို့ ပြောသည်။

“ မိုင်းရှင်းလင်းရေးကို နံနက် ၇ နာရီကနေ ၁၀ နာရီထိ လုပ်ပါတယ်။ နောက်ထပ် မိုင်းတွေတော့ မတွေ့တော့ပါဘူး” ဟု သူက ပြောသည်။



ထိုသို့ မိုင်းရှင်းလင်းရေး လုပ်စဉ် တစ်စုံတစ်ရာ ထိခိုက်မှု ရှိမည်ကို စိုးရိမ်၍ ကားအ သွားအလာများကို ရပ်နားထားရခဲ့ရသော်လည်း ယခုအခါ ပုံမှန်သွားနေပြီ ဖြစ်ကြောင်း သိရသည်။

“ တပ်ကနေ လာလုပ်တာပါ။ မိုင်းကျွမ်းကျင်သူတွေက လာပြီး လမ်းတစ်လျှောက် ရှာဖွေတာပါ။ ဘာမှတော့ နောက်ထပ် မတွေ့ပါဘူး။ မိုင်းကွဲခဲ့တဲ့ နေရာတွေကိုလည်း စစ်ဆေးကြပါတယ်” ဟု သူက ပြောကြားသည်။

ယမန်နေ့ ည ၇ နာရီ ၂၀ မိနစ်က ပေါက်ကွဲခဲ့သော မိုင်းသုံးလုံးအား စိစစ်ရာ လက် လုပ်မိုင်းဖြစ်ကြောင်း၊ အသုံးပြု ဘက်ထရီများ၊ ၀ါယာကြိုးစများကို သိမ်းဆည်းရမိေ ကြာင်း၊ လောလောဆယ်အချိန်ထိ ဖမ်းဆီးခံရသူ တစ်ဦးတစ်ယောက်မှ မရှိသေးေ ကြာင်း ၎င်းရဲအရာရှိက ပြောကြားသည်။

(ဓာတ်ပုံ- Min Tun Facebook)
Narinjara