09 September 2017

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရရှိသည့်ဝင်ငွေများ ကိုနိုင်ငံတော်သို့ အမှန်တကယ်ပြန်လည်အပ်နှံ ခြင်းရှိမရှိ အမျိုးသား လွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ စောင့်ကြည်မည်



MFN သတင်းထောက် ကောင်းမြတ်ကျော်  ရန်ကုန်။ စက်တင်ဘာ ၈


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရရှိသည့် ၀င်ငွေများ ကိုနိုင်ငံတော်သို့ အမှန်တကယ်ပြန်လည်အပ်နှံ ခြင်းရှိမရှိ စောင့်ကြည့် သွားမည်ဟု အမျိုးသားလွှတ်တော် ပြည်တွင်းပြည် ပအလုပ်သမားဆိုင်ရာကော်မ တီဥက္ကဌ ဦးကျော်ထွေးက ပြောသည်။
  

အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီသည် သြဂုတ် လအတွင်း နေပြည်aတ်ာတွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရန်ပုံငွေကို ဗဟိုဘ ဏ်၏ အကြံပြုချက်ဖြင့် သုံးစွဲမှုလျော့ချရေးညှိနှိုင်း အစည်းအဝေး၌အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန၏ ၀င်ငွေအသုံးချမှုနှင့် ပတ်သက်၍ ၀န်ကြီး ဌာနသို့မေးမြန်းမှုများပြုလုပ်ခဲ့ပြီး အဆိုပါမေးမြန်းချက်များအပေါ် ၀န်ကြီးဌာနက ပြန် လည်ဖြေကြားမှုအတိုင်း အမှန်တကယ်ဟုတ်မဟုတ်ဆက် လက်စောင့်ကြည့်သွား မည်ဟု  ကော်မတီဥက္ကဌ ဦးကျော်ထွေး ကပြောသည်။

           အမျိုးသားလွှတ်တော်ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ပြည်ထောင် စု ရန်ပုံငွေကနေပြီးတော့ ဗဟိုဘဏ်ရဲ့ အကြံပြုချက် နဲ့သုံးစွဲမှုတွေလျော့ချ ခိုင်းဖို့ညှိနှိုင်းတဲ့ပွဲမှာသူတိုအလုပ် သမားဝန်ကြီးဌာနကတင်ပြ လာတဲ့ဘဏ္ဍာငွေတွေကိုလည်းကျွန်တော်တို့ကတော်တော်များများလျှော့ဖို့သူတို့
ကိုမေတ္တာရပ်ခံတယ်။ သူတို့လည်းလျှော့ပါတယ်။ အဲ့ပွဲမှာ ၀န်ကြီးဌာနရဲ့ဝင်ငွေပေါ့၊ ၀င်ငွေ စာရင်းကို ကျွန်တော်ကမေးတာပါ။  MOEAF ( မြန်မာပြည်ပ အလုပ်အကိုင် ၀န်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်) နေပြီးတော့ တစ်လကို ဗိုလ်ဆွန်ပက် လမ်းမှာရုံး ခန်း ဌားခ သွင်းထားတာရှိတယ်။ နောက်သင်တန်းကျောင်း အသုံးပြုခ၊ ဌားရမ်းခဆိုပြီး သွင်းထားတဲ့ ပိုက်ဆံတွေရှိတယ်။ ကျွန်တော်ကမေးတာ သူတို့ဝင်ငွေတွေရော ဘယ်နေရာ မှာအသုံးချလဲလို့မေးတာအဲ့ဒါပါ။ အဲ့ဒီဝင်ငွေရှိထားတာသိတယ် ၀င်ငွေေ တွ ဘယ်လိုအသုံးချနေလဲပေါ့။ အဲဒီအပေါ်မှာ ၀န်ကြီးဌာနဘက်ကတော့ ၀န်ကြီးဌာန ၀င် ငွေတွေဆိုရင် နိုင်ငံတော်ကို ပြန်အပ်တယ်လို့ တော့ဖြေသွားတယ်။ 

နိုင်ငံတော်ကိုပြန်အပ်တယ် ငွေတွေနဲ့ပတ်သက်ပြီးဆက်စစ်သွားဖို့ကိုတော့ ပြည်သူ့ ငွေစာရင်း ကော်မတီကလုပ်ပါလိမ့်မယ်။ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ တင်ပြချက် သုံးသပ်ချက်တွေထဲမှာ အဲ့ဒီဝင်ငွေပါမလာဘူးဆိုရင်တော့ တာဝန်ရှိတဲ့သူတွေ တာဝန် ရှိတဲ့ အလျောက်ရှင်းကြပေါ့။ ဒါနဲ့ပတ်သက် ပြီးလဲဘာကြောင့်အခြားကိစ္စတွေလုပ်လဲ ဆိုတာတော့ သူတို့ဝန်ကြီး ဌာနပဲသိလိမ့်မယ်။ ကျွန်တော်တို့ တာဝန်က တော့စောင့် ကြည့်ရမယ့် တာဝန်ရှိပါတယ်ဟု ပြောဆိုသည်။ 

အလုပ်သမားဝန်ကြီးဌာန၏  ယမန်နှစ်ကတင်ထားသည့် ဘတ်ဂျက်ကို လွှတ်တော်ေ ကာ် မတီမှ ပြည်ထောင် စု လွှတ်တော်မှ တဆင့်ပြန်လည်သုံးသပ်၍ လျှော့ခိုင်းသင့် သည်များကို လျှော့ခိုင်းခဲ့ပြီးနောက် အထက်ပါ အတိုင်းမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        အဆိုပါကိစ္စရပ်နှင့်ပတ်သက် ၍အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ငှား ရမ်းထားသည့်   MOEAF ရုံးခန်းများ၊ မြောက်ဒဂုံပင်လုံ ခန်းမ မှသင်တန်းကျောင်း ငှားရမ်းမှုများတို့ကို ၀န်ကြီးဌာနမှ ပြန်လည်သိမ်းရန်ပြော ဆိုထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအ သိုင်းဝိုင်းမှ သိရသည်။ 

MOEAF အဖွဲ့ချုပ်ကိုလည်း သြဂုတ် ၂၃ရက်နေ့မှစ၍ ပြည်ပနိုင်ငံ များ၏ Demand Letter (အလုပ်ခေါ်စာ) စစ်ဆေးမှုကိုရပ် ဆိုင်းလိုက်ကြောင်း ၀န်ကြီးဌာန၏သြ 
ဂုတ် ၂၃ရက်နေ့တွင် MOEAF အဖွဲ့ချုပ်သို့ပေးပို့ခဲ့ သည့်စာကိုလည်း MOEAF အဖွဲ့ချုပ်မှ ၄င်း၏လူမှုကွန်ယက် စာမျက်နှာတွင်ဖော်ပြထားသည်။