နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ) |
နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေ နှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကို မတက်ရောက်ရသည့် အချက် ၄ ချက်ရှိကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်အစား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ြ ဖစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ယနေ့ ဆင်ဟွာကို အတည်ပြုပြောကြားသည်။
ဦးဇော်ဌေးက “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကုလညီလာခံကို မတက်ရောက်ဖြစ် ရတဲ့ အချက် ၄ ချက် ရှိပါတယ်။’’ ဟုပြောသည်။
ပထမအချက်မှာ ရခိုင်ပြည်နယ်မောင်တော တွင် ARSA အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ခဲ့ကြောင်း၊ ယင်းဒေသတွင်ရှိသည့် ဌာနေ တိုင်းရင်းသားများ အနြေ ဖင့်ထွက်ပြေးတိမ်းရှောင်ရတာဖြစ်ခဲ့ကြောင်း ထိုထွက်ပြေးတိမ်းရှောင်နေရသည့်သူများ ကိုလူသားချင်းစာနာထောက်ထားမှုပေးသလိုဘင်္ဂါလီများကိုလည်းလူသားချင်းစာနာေ
ထာက်ထားမှုပေးနေရကြောင်းဆိုသည်။
ဒုတိယ အချက်မှာ ထိုသူများ လုံခြုံရေး၊ ဘေးကင်းရေးအတွက်လည်း လုပ်ဆောင်ေ ပးေ နရကြောင်း၊ တချိန်တည်းမှာပင် ARSAအစွန်းရောက်အကြမ်းဖက်သမား တိုက် ဖျက်ရေးများကိုလည်း ဆောင်ရွက်နေရကြောင်း၊ ဆောင်ရွက်ဆဲ ဖြစ်နေသေးကြောင်း၊ ARSA အကြမ်းဖက်တိုက်ဖျက်မှုများနှင့် ပတ်သက်ပြီးပြည်တွင်းတွင် ဆန္ဒ ပြမှုများ လည်း ဖြစ်ပွားနေကြောင်း၊ ဆက်စပ်ပြီးလူအုပ်စုမျာ နှင့် တောင်တွင်းကြီးဖြစ်စဉ်ကဲ့သို့ ဘာသာရေး၊လူမျိုးရေး ဆိုင်ရာဖန်တီးသည့် အနေအထားလည်းရှိကြောင်း၊ ထိုအရာ များအားလည်း တည်ငြိမ်အောင် လုံခြုံရေးအရ ဆောင်ရွက်နေတာတွေရှိကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။
တတိယအချက်မှာ အကြမ်းဖက် တိုက်ဖျက်မှု လုပ်မယ်ဆိုသည့် သတင်းများအား လည်းရထားတာရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေးကို အလေးထားဆောင် ရွက်နေ ရတာရှိကြောင်း ဆိုသည်။
ဦးဇော်ဌေးက “ စတုတ္ထအချက်ကတော့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ထိုင်းမှာ ဆေးကုသမှုခံယူနေရတယ်။ ဆေးရုံမှာပဲရှိနေတယ်။ ပြည်တွင်းမှာ ဦးဆောင်ဦး ရွက်ပြုပြီး အလေးထားဆောင်ရွက်ရမယ့် ကိစ္စတွေရှိနေတော့ အဲ့ဒါတွေကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်က မတက်ရောက်နိုင်တော့တာပါ။ သူ့အစား မြန်မာနိုင်ငံအခြေ အနေ ရှင်းလင်းတင်ပြဖို့အတွက် ဒုသမ္မတဟင်နရီဗန်ထီးယူ တက်ရောက်မှာပါ။’’ ဟုပြောသည်။