17 September 2017

မြေပုံက အမျိုးသမီးတဦးကို အနိုင်ကျင့်ရိုက်နှက်ခဲ့သူများအား အာမခံပေး စစ်ဆေးနေ




wom2
ဘင်္ဂါလီတွေကို ရိက္ခာပို့တယ်လို့ စွပ်စွဲပြီး အနိုင်ကျင့် ရိုက်နှက်ကန်ကျောက် ခဲ့သူတွေ ထဲက ၃ ယောက်ကို အာမခံပေးပြီး စစ်ဆေးနေတယ်လို့ မြေပုံ မြို့မရဲစခန်းက ဒီဗွီဘီ ကိုပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် မြေပုံမြို့ ရွာသစ်ကေရပ် ကွက်နေ ဒေါ်စိုးချေဟာ မြေပုံမြို့က ဈေးဝယ်ပြီး အပြန်မှာ လူတစု ဆိုင်ကယ်နဲ့ ရောက်လာပြီး ဘင်္ဂါလီတွေအတွက် ရိက္ခာ သွားပို့တယ်လို့ စွပ်စွဲပြီး လက်သီးနဲ့ထိုး တာတွေ၊ ခြေထောက်နဲ့ကန်တာတွေလုပ်ခဲ့သလို ဆံပင်တွေကိုလည်း ဖြတ်ခဲ့ပါတယ်။


          ပြီးတော့ ကျမ အမျိုးသားသစ္စာဖာက်ပါဆိုတဲ့ စာတန်းပါစက္ကူပြားကို လည်ပင်း မှာချိတ်ပြီး မြို့ပတ် လမ်းလျှောက်ခိုင်းတယ်လို့ အရိုက်ခံရပြီး ဒဏ်ရာရရှိလာတဲ့ အမျိုး သမီးဖြစ်သူ ဒေါ်စိုးချေက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေ့က ဈေးဝယ်လို့ပြန်လာတယ်။ အဲဒီမှာ ကွမ်းရွက်နည်းနည်းနဲ့ ငါးနီတူခြောက် နည်းနည်း ဝယ်လာတယ်။ အဲဒီနောက်မှာ ကျမနောက်က ဆိုင်ကယ်နဲ့ လူတွေလိုက် လာတယ်။ ပြီးတော့ ကျမကို ဆွဲခေါ်သွားတယ်။ ဒါကို ဘယ်သူ့ကိုပေးမလို့လဲလို့ မေးတယ်။ ကျမက ဒီပစ္စည်းတွေက ကျမတို့ ရွာကို ပို့မလို့ ပြန်ပြောတယ်။ အဲဒီမှာ ကျမကို ဝိုင်းရိုက်တယ်။ ဆံပင် ဆွဲသူက ဆွဲကြတယ်။ မျက်နှာတွေ ဝိုင်းထိုးကြတယ်။ ပြီးတော့ ကျမကို ကြိုးနဲ့ချည်ပြီးတော့ အမျိုးသားသစ္စာဖောက်ဆိုပြီး ဆိုင်ဘုတ်ဆွဲ၊ မြို့ပတ်ခိုင်းတယ်။ အမျိုးသစ္စာဖောက် ဆိုပြီးအော်ခိုင်းတယ်။ ကျမ အရမ်းရှက်ပါ တယ်။ ဈေးဝယ်လို့ ကျန်တဲ့ ပိုက်ဆံကိုလည်း အကုန်ယူကြတယ်။ ဒီကနေ့ ကျမ ထမင်းစားလို့မရဘူး။ အရမ်းနာနေတယ်” လို့ ပြောပါတယ်။

အခုလို အကြမ်းဖက်အရိုက်ခံရတာနဲ့ ပတ်သက်လို့ ဒဏ်ရာရခဲ့တဲ့နေရာတွေကို ဆေးစစ်ချက်တွေ ယူထားပြီး ဒီနေ့ ညနေပိုင်းမှာ ဆေးစစ်ချက်တွေကို ရမယ်လို့ သူက ဆက်ပြောပါတယ်။

မြေပုံ မြို့မ ရဲစခန်းတာဝန်ရှိသူတယောက်က “ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ခံရတဲ့ အမျိုး သမီးဘက်က အမှုလာဖွင့်ပါတယ်။ အဲဒီတော့ ကျနော်တို့ဘက်က ဒီ ပုဒ်မ သုံးခုနဲ့ အမှုဖွင့်လိုက်တာပါ။ ဖြစ်စဉ်အားလုံးကို အမျိုးသမီးကို မေးမြန်ထားပါပြီးပါပြီ။ ကာယိနြေ္ဒပျက်ပြားစေတဲ့ ပုဒ်မ ၃၅၄ ရယ်၊ နောက်တခု လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ ကန်တဲ့အတွက် ၃၂၃ ရယ်၊ ပုဒ်မ ၅၀၀ ရယ် တို့နဲ့ စွဲဆိုထားပါတယ်။ သုံးယောက်ကို စစ်ဆေးပါတယ်။ ဒီပုဒ်မတွေက အာမခံပေးလို့ရလို့ အာမခံပေးပြီး စစ်ဆေးနေပါ တယ်” လို့ ပြောပါတယ်။

အနိုင်ကျင့်ခံရသူ အမျိုးသမီးအတွက် ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ဖို့ စီစဉ်ေ န တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဥပဒေရေး ကုစားရေးအဖွဲ့ ရခိုင်ပြည်နယ်ခွဲ တာဝန် ခံ ဒေါ်မြသဇင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ လောလောဆယ်မှာတော့ အကြမ်းဖက်ခံရတဲ့အမျိုးသမီးနဲ့ ချိတ်ဆက်ဖို့ ဆောင်ရွက်နေပါတယ်။ သူကစိတ်ပိုင်းရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော အကြမ်း ဖက်ခံရ တာဖြစ်တယ်။ ပြီးတော့ သူ့ကို အဆက်သွယ်ရလို့ရှိရင် သူ့ဆီကိုသွားပြီးတော့ နှစ်သိမ့်ပေးသွား မှာဖြစ်ပါတယ်။ ပြီးတော့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးရဲ့ စိတ်ဆန္ဒ အတိုင်း ဥပဒေလမ်းကြောင်း အရ အမှု လိုက်ပါဆောင်ရွက်သွားနိုင်ဖို့ စီစဉ်ဆောင် ရွက်ေ နတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

အမှုဖွင့်ခံရသူတွေကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။
သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ ဒီဗွီဘီ